Thursday, 06 June 2019 09:37

 

healthy.jpg

 

မိမိရဲ့ ကိုယ်စိတ်နှစ်ပါးစလုံး အမြဲကျန်းမာပြီး ရောဂါဘယတွေ ကင်းစေဖို့အတွက် အောက်မှာ ဖော်ပြထားတဲ့ အချက်များကို လိုက်နာသင့်ပါတယ်။

(၁) ကျန်းမာရေးအတွက် သင့်တင့်ကောင်းမွန်စေတဲ့ အစားအစာများကို စားပါ။ အဆီများတဲ့အစားအစာ၊ Fast Food များကို ရှောင်ပါ။ အသီးအနှံများများ စားပါ။

(၂) စက်ဘီးစီးခြင်း၊ မနက်စောစော ထပြေးခြင်း၊ လမ်းလျှောက်ခြင်း စတဲ့ ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ပါ။

(၃) ကာကွယ်ဆေး ထိုးပါ။ ပိုလီယိုရောဂါ ကာကွယ်ဆေး၊ ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး၊ အသဲရောင် အသားဝါရောဂါ ကာကွယ်ဆေး၊ ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး၊ ဝက်သက်ရောဂါကာကွယ်ဆေး စတဲ့ ကာကွယ်ဆေးတွေကို ကျန်းမာရေးဝန်ကြီးဌာနက နှစ်စဉ် အခမဲ့ ထိုးပေးနေတာမို့ သွားထိုးဖို့လည်း မမေ့ပါနဲ့။

(၄) ဆေးလိပ်နဲ့ ကွမ်းကဲ့သို့သော ဆေးရွက်ကြီးပါတဲ့ အရာများကို ရှောင်ပါ။

(၅) အရက်နှင့် ဘီယာကို ချင့်ချိန် သောက်သုံးပါ။

ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ

>>> http://bit.ly/2WJh0QF

(၆) ကျန်းမာရေးကောင်းပြီး စိတ်ပျိုကိုယ်နုစေဖို့အတွက် စိတ်ဖိစီးမှုများ၊ ဖိအားများကို တတ်နိုင်သမျှ လျော့ချပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်ပါ။

(၇) အိပ်ချိန် ၈ နာရီ ပြည့်အောင် အိပ်ခြင်း၊ အစားအသောက် ပုံမှန်စားပေးခြင်း စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထကောင်းများရှိအောင် လေ့ကျင့်ပါ။

(၈) ယာဉ်မောင်းတဲ့အခါ ဘေးအန္တာရာယ်ကင်းစွာ မောင်းနှင်ပါ။ ကားမောင်းတဲ့အခါ အရက်သေစာသောက်စားခြင်း၊ ဖုန်းသုံးခြင်းများ ရှောင်ပါ။

(၉) ဆိုင်ကယ်မောင်းတဲ့အခါ ဆိုင်ကယ်ဦးထုပ်ဆောင်းပါ။ ကားမောင်းတဲ့အခါ ထိုင်ခုံခါးပတ်ပတ်ပါ။ 

(၁၀) လိင်ဆက်ဆံတဲ့အခါ လုံခြုံစိတ်ချမှုရှိတဲ့ နည်းလမ်းများကို အသုံးပြုပါ။ ဥပမာ- ကွန်ဒုံးအသုံးပြုခြင်း

(၁၁) မိမိရဲ့ ကျန်းမာရေးကို ပုံမှန်စစ်ဆေးပါ။ ကြိုတင် ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုထိရောက်သည် ဆိုသည့်အတိုင်း ရောဂါမဖြစ်မီကတည်းက ကျန်းမာရေးစစ်ဆေးမှုများ ပုံမှန် လုပ်ဆောင်ပါ။

(၁၂) မိန်းကလေးများအနေဖြင့် မိမိရဲ့ ရင်သားကို နေ့စဉ် ကိုင်တွယ်၊ စစ်ဆေးပါ။

Read More >>> အောင်စာရင်း ကြည့်ရှုနိုင်မည့် ကျောင်းများနှင့် ပညာရေးမှူးရုံးများ၏ တည်နေရာနှင့် ဖုန်းနံပါတ်များ


Read 110 times Last modified on Thursday, 06 June 2019 10:44
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.