Tuesday, 04 June 2019 03:15

 

nail.jpg

အခြေခံအလှအပ လိုအပ်ချက်တွေထဲမှာ အသားအရေ၊ ဆံပင်နဲ့လက်သည်း၊ ခြေသည်းလေးတွေ ကျန်းမာလှပခြင်းတို့က အရေးကြီးဆုံးအချက်တွေလို့တောင်ပြောလို့ရပါတယ်။

အသားအရေ မကြည်လင်ဘူး၊ ဆံပင်တွေ ကျွတ်နေမယ်၊ လက်သည်း၊ခြေသည်းတွေ ကျိုးပဲ့လွယ်နေမယ်ဆိုရင် လှလှပပလေးနေဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် အဲ့ဒီလို ဖြစ်ရတဲ့ အကြောင်းရင်းတွေနဲ့ ပြန်လည်ကောင်းမွန်အောင် ကုသနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဗီတာမင်ချို့တဲ့မှုကြောင့်

ခန္ဓာကိုယ်ထဲမှာ ပရိုတင်း၊ သံဓာတ်နဲ့ အိုမီဂါ အက်ဆစ်တွေ ချို့တဲ့နေရင် အသားအရေညစ်နွမ်းခြင်း၊ ဆံပင်ကျွတ်ခြင်းနဲ့ လက်သည်း၊ ခြေသည်းတွေ ကျိုးပဲ့လွယ်ခြင်းတို့ ဖြစ်တတ်ပါတယ်။

(၂) အသည်းက အဆိပ်အတောက်ချေဖျက်မှု နှေးကွေးနေခြင်းကြောင့်

ပြင်ပကအဆိပ်အတောက်တွေ ကိုယ်တွင်းအင်္ဂါတွေကို ဒုက္ခမပေးနိုင်အောင် အသည်းကချေဖျက်ပေးပါတယ်။ ဒါကြောင့် အသည်းက အဆိပ်အတောက်ချေဖျက်မှု အားနည်းလာတဲ့အခါ အစာချေဖျက်မှု နှေးကွေးလာပြီး ခန္ဓာကိုယ်ထဲ အဆိပ်အတောက်တွေ စုပုံလာကာ အသားအရေညစ်နွမ်းလာတာ၊ ဆံပင်ကျွတ်တာနဲ့ လက်သည်း၊ခြေသည်းတွေ ကျိုးပဲ့လွယ်တွေ ဖြစ်လာပါတယ်။

(၃) စိတ်ဖိစီးမှုများခြင်းကြောင့်

နေ့စဉ် စိတ်ဖိစီးမှုတွေ တဖြည်းဖြည်းစုပုံလာတဲ့အခါ အိပ်ရေးပျက်တာ၊ အစားအများကြီးစားတာ၊ အစားလုံးဝမစားတာ စတဲ့အခြေအနေတွေ ဖြစ်လာပြီး ကျန်းမာရေးကို ထိခိုက်လာပါတယ်။ ရောဂါကြီးကြီးမားမား မဖြစ်ခင်မှာ အသားအရေ၊ ဆံပင်နဲ့ လက်သည်း၊ခြေသည်းတွေမှာ ထိခိုက်လာနိုင်ပါတယ်။

Read More >> မိုးကြိုးအန္တရာယ်ကနေ ဘလိုကာကွယ်ကြမလဲ

(၄) ဟော်မုန်းမညီမျှမှုကြောင့်

အီစထရိုဂျင်နဲ့ သိုင်းရွိုက်ဟော်မုန်းပမာဏ မညီမျှတဲ့အခါမှာလည်း ဆံပင်ကျွတ်တာ၊ လက်သည်း၊ ခြေသည်းတွေ ကျိုးပဲ့လွယ်တာတွေ စဖြစ်လာပြီး နောက်ပိုင်းမှာ ဒီထက်ဆိုးတဲ့ ကျန်းမာရေးအခြေအနေတွေဖြစ်လာနိုင်ပါတယ်။

(၅) အစာအိမ်နဲ့အူလမ်းကြောင်းကျန်းမာရေးကြောင့် ”

အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပြဿနာတစ်ခုခုရှိနေရင် အစားစားချင်စိတ် လျော့နည်းနေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ စုပ်ယူမှု လျော့နည်းလာပါတယ်။ အဲ့ဒီအခါ အသားအရေညစ်နွမ်းခြင်း၊ ဆံပင်ကျွတ်ခြင်း၊ လက်သည်း၊ ခြေသည်းတွေ ကြွပ်ဆတ်ခြင်း တို့အပြင် သွေးတွင်းသကြားဓာတ် ပုံမှန်မဟုတ်တော့ခြင်း၊ သွေးလှည့်ပတ်မှု ပုံမမှန်ခြင်းတွေအထိဖြစ်လာနိုင်ပါတယ်။

သစ်သီးအမျိုးမျိုး အရောင်းဆိုင်များ >>> http://bit.ly/2HSPmYZ

အဆိုပါ အချက်တွေ မဖြစ်ရလေအောင် အသားအရေနဲ့ ဆံပင်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြက်ဥ၊ ကန်စွန်းဥနဲ့ ငါးတို့ကို စားပေးသင့်ပြီး၊ အသည်းနဲ့အစာအိမ်၊ အူလမ်းကြောင်းကျန်းမာရေးအတွက် အစိမ်းရောင်အရွက်များ၊ ခရမ်းချဉ်သီးနဲ့ ဘယ်ရီသီးအမျိုးမျိုး၊ ထောပတ်သီး၊ ချောကလက်တို့ကို များများစားပေးသင့်ပါတယ်။

Source : May Thazin Htoo


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.