Thursday, 30 May 2019 06:40

 

baby_1.jpg

မိခင်နို့ချိုတိုက်ကျွေးခြင်းဆိုတာ သဘာဝတရားကပေးတဲ့ မိမိရင်သွေးအတွက် အကောင်းဆုံးသောလက်ဆောင်တစ်ခု ဖြစ်ပါတယ်။ နို့ထွက်ခြင်းဟာ ကိုယ်ဝန်ဆောင် မိခင်တွေမှာ ကလေးမွေးလာရင် အာဟာရဓါတ် ဖြည့်တင်းပေးဖို့အတွက် ဖြစ်ပါတယ်။

နို့ထွက်နည်းခြင်းဟာ မိခင်များစွာ ရင်ဆိုင်ရတဲ့ အဖြစ်များသော နို့တိုက်ခြင်းဆိုင်ရာ ပြဿနာတစ်ခု ဖြစ်ပါတယ်။ မိခင်ကို နို့ထွက်နည်းစေတဲ့ အကြောင်းအရာတွေကတော့

(၁) ကလေးမွေးဖွားချိန် ရှည်ကြာခြင်းကြောင့် စိတ်ဖိစီးခြင်း၊ စိတ်ဖိစီးမှုမြင့်မားပြီး ပင်ပန်းခြင်း
(၂) မွေးဖွားချိန်တွင် သွေးများစွာ ဆုံးရှုံးထားခြင်း
(၃) အချင်းမဖြတ်ရသေးခြင်း
(၄) အကိုက်အခဲပျောက်ဆေး သောက်သုံးထားခြင်း
(၅) မကုသရသေးသော သိုင်းရွိုက်ပြဿနာရှိခြင်း

ရန်ကုန်မြို့ရှိ အထူးကုဆေးခန်းများ >>> http://bit.ly/2JIQsJf 


(၆) BMI မြင့်ခြင်း (အ၀လွန်ခြင်း/ကိုယ်အလေးချိန်မြင့်မားနေခြင်း)
(၇) ဦးနှောက်တွင် အကျိတ်ရှိခြင်း
(၈) ကိုယ်ဝန်ဆောင်ဆီးချိုရောဂါရှိခြင်း
(၉) ပထမအကြိမ် ကိုယ်ဝန်ဆောင်ချိန်တွင် အသက်အရွယ်ကြီးခြင်း
(၁၀) အကြောအားဆေးကြောင့် မိခင်ရဲ့ရင်သားကို ယောင်ယမ်းစေခြင်း
(၁၁) PCOS ( polycystic ovarian syndrome) တို့ဖြစ်ပါတယ်။

နို့တိုက်မိခင်တွေအနေနဲ့ နို့ထွက်များစေဖို့ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ စုံလင်အောင်စားပေးဖို့လိုပါတယ်။ သစ်သီး၊ နို့၊ ကွေကာ၊ ထောပတ်၊ ဟင်းသီးဟင်းရွက်ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပျစ်သီး အဆီနည်းသော အမဲသား၊ ကောက်နှံကွေကာ၊ ဥအမျိုးမျိုး၊ အဆီနည်းနို့နှင့် နို့ထွက်ပစ္စည်းများ၊ ဆန်လုံးညို၊ ပဲအမျိုးမျိုး၊ ဘလူးဘယ်ရီသီး၊ စွပ်ပြုတ်စတဲ့ အချို၊ အချဉ်၊ အငန်စတာတွေကို စုံလင်အောင် စားပေးသင့်ပါတယ်။

ယနေ့မိုးလေဝသသတင်း

ဒါ့အပြင် မိခင်ရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်ဖို့နဲ့ ကောင်းစွာအနားယူဖို့လည်းလိုပါတယ်။ ဆရာဝန်နဲ့ သူနာပြုတွေထံကနေ နို့ထွက်ပိုကောင်းစေတဲ့ အနေအထားမျိုးကို သင်ယူဖို့ မရှက်ပါနဲ့။

Source : Save the children


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.