Thursday, 23 May 2019 09:51

 

papaya.jpg

သဘာဝမှာ အလေ့ကျပေါက်လာတဲ့ အပင်တွေကလည်း ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက အကောင်းဆုံးအထောက်အပံ့ပေးနေပါတယ်။ အဲ့ဒီထဲမှာ သင်္ဘောရွက်လဲ တစ်ခု အပါအ၀င်ဖြစ်ပါတယ်။

သဘောင်္ရွက်ကို ထွေထွေထူးထူးပြောနေစရာမလိုအောင် မြင်ဖူးကြမှာပါ။ အာရှတိုက်တော်တော်များများနဲ့ အမေရိကတိုက်တို့မှာတွေ့ရနိုင်ပြီး သဘောင်္ပင်က အသီးကိုစားလို့ရသလို အရွက်နုနုလေးတွေကိုလည်း သုပ်စားတာဖြစ်ဖြစ် လက်ဖက်နဲ့စားတာဖြစ်ဖြစ် စားလို့ရပါတယ်။

သင်္ဘောရွက်မှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းကြွယ်ဝစွာ ပါဝင်ပါတယ်။ သင်္ဘောရွက်မှာပါတဲ့ ပါပါအင်ဆိုတဲ့ ဓာတ်က အဆီတွေ၊ ကာဗိုဟိုက်ဒရိတ်တွေ၊ ပရိုတင်းတွေကို ဖြိုခွဲပေးပြီး အဆီပိုတွေကိုဖယ်ရှားပေးသလို အစာခြေစနစ်ကို ကျန်းမာအောင်ထောက်ပံ့ပေးပါတယ်။ ဆေးဖက်ဝင်သလို ဟင်းလျာတစ်ခုအဖြစ်နဲ့တောင် စားသုံးလို့ရတဲ့ အရွက်တစ်မျိုးပါ။ ဒါ့အပြင် ဘယ်လို အကျိုးကျေးဇူးတွေ ထပ်ရနိုင်ကြောင်းကို အောက်တွင် ဖော်ပြပေးထားပါတယ်။

(၁) အစာကြေစေနိုင်တယ်

သင်္ဘောရွက်မှာပါတဲ့ chymopapain၊ papain၊ protease နဲ့ amylase တို့လိုမျိုး အင်ဇိုင်းတွေ ပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အစာအိမ်အနာရှိသူတွေအတွက်လည်း သင့်တော်ပါတယ်။ နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်တာကြောင့် အစာအိမ်နဲ့ အူမကြီးရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။

(၂) ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးတယ်

သင်္ဘောရွက်မှာပါတဲ့ acetogenin လို့ခေါ်တဲ့ ဒြပ်ပေါင်းက အဆုတ်၊ ပန်ကရိယ နဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေတို့ကို လျှော့ကျစေနိုင်ပါတယ်။ ကင်ဆာဖြစ်နေသူတွေအတွက်လည်း အထောက်အကူပြုပေးနိုင်ပါတယ်။

(၃) အသည်းကျန်းမာစေနိုင်တယ်

အသည်းကို သန့်စင်ပေးခြင်းက အသည်းထိခိုက်နိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။ အသည်းသန့်စင်ပေးနိုင်တဲ့ သဘာဝ ပစ္စည်းအများအပြားထဲမှာ သင်္ဘောရွက်ကလည်း တစ်ခု အပါအဝင်ပါ။ ဒါကြောင့် အသည်းကျန်းမာပြီး အသည်းရောဂါကင်းစေဖို့အတွက်က သဘာဝ ဆေးဖက်ဝင်စားစရာတစ်ခုဖြစ်တဲ့ သင်္ဘောရွက်ကို စားပေးလို့ရပါတယ်။

(၄) ရာသီလာစဉ် နာကျင်မှုကို သက်သာစေနိုင်တယ်

ရာသီလာစဉ် နာကျင်ကိုက်ခဲမှုက ပျိုမေလေးတို့ကို တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်စေတာပါ။ ဒီပြဿနာကို ကင်းစေဖို့က ဟော်မုန်းတွေကို ထိန်းညှိနိုင်ဖို့လိုပါမယ်။ ကိုယ်တွင်းဟော်မုန်းပမာဏကို ထိန်းညှိပေးပြီး ရာသီလာစဉ် နာကျင်ကိုက်ခဲမှု သက်သာစေဖို့ဆိုရင်တော့ သင်္ဘောရွက်လေးက အသုံးတည့်မှာ အသေအချာပါ။

(၅) နှင်းခူသက်သာစေနိုင်တယ်

အရေပြား ပြဿနာတစ်ခုဖြစ်တဲ့ နှင်းခူသက်သာစေနိုင်ဖို့အတွက် သင်္ဘောရွက်ကို အသုံးပြုပေးလို့ရပါတယ်။ နှင်းခူဖြစ်နေတဲ့ နေရာပေါ်ကို ဆေးကြောသန့်စင်ထားတဲ့ သဘောင်္ရွက်ကို ကြိတ်ခြေပြီး အရည်ဆွတ်လို့ ကပ်ပေးမယ်ဆိုရင် နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး နှင်းခူကို ပျောက်ကင်းစေမှာပါ။

(၆) ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်

အစာခြေစနစ်မှာ အကျိုးမပြုဘက်တီးရီးယားတွေ များနေတာက ခန္ဓာကိုယ်ကျန်းမာမှုကို တော်တော်လေးထိခိုက်စေနိုင်တာပါ။ သင်္ဘောရွက်မှာပါတဲ့ ဒြပ်ပေါင်းတွေက ကိုယ်တွင်းက အကျိုးပြုဘက်တီးရီးယားတွေရော၊ အကျိုးမပြုဘက်တီးရီးယားတွေကိုပါ ဟန်ချက်ညီ မျှတအောင် ထိန်းညှိပေးနိုင်ပါတယ်။ အူတွင်းအကျိုးပြု ဘက်တီးရီးယားအရေအတွက် တိုးပွားစေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။

(၇) ဆံသားကျန်းမာစေနိုင်တယ်

သင်္ဘောရွက်မှာပါတဲ့ ဓာတ်တွေက ဦးရေပြားကို အာဟာရဖြည့်ပေးပြီး ဆံသားကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဗောက်မထအောင် ကာကွယ်ပေးပါတယ်။

(၈) အသားအရေကျန်းမာစိုပြေစေတယ်

ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုကြောင့် အသားအရေကို ထိခိုက်ပျက်စီးမှုလျှော့ချပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ အရေပြားမှာ ဆဲလ်သစ်တွေကို ဖြစ်ပေါ်စေနိုင်တယ်။ အရွယ်တင်နုပျိုစေနိုင်တဲ့ အာနိသင်ရှိပါတယ်။

(၉) အားအင်ပြည့်ဖြိုးစေတယ်

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ပေးပြီး အဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်။ သွေးစီးဆင်းမှုကောင်းမွန်စေပြီး ခန္ဓာကိုယ် အင်အားပြည့်နေစေအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

သင်္ဘောရွက်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပါ။ လိုအပ်သလောက်ပဲ အသုံးဖို့ပြုသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ ရောဂါအခံ တစ်ခုခုရှိသူတွေအနေနဲ့ကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ အသုံးပြုသင့်ပါတယ်။

Source : hellosayarwon

ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို အောက်ပါ link တွင် တစ်စုတစ်စည်းထဲ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။
http://bit.ly/2wd7uq5


Read 70 times Last modified on Friday, 24 May 2019 06:50
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.