Wednesday, 22 May 2019 03:01

 

vege.jpg

အမျိုးသမီးများအနေဖြင့် ရင်သားကင်ဆာဖြင့် သေဆုံးနိုင်သည့် အန္တရာယ်လျှော့ချရေးနိုင်ရေးအတွက် အဆီလျှော့စားပြီး သစ်သီးနှင့် ဟင်းသီးဟင်းရွက် ပိုစားသင့်ကြောင်း သုတေသီများက အကြံပြုပါတယ်။

သုတေသီများက အမျိုးသမီး ၅၀,၀၀၀ ကို ဆယ်စုနှစ်နှစ်ခုကြာ လေ့လာပြီးနောက် အထက်ပါကဲ့သို့ အကြံပြုခြင်းဖြစ်ပါတယ်။

အမေရိကန်နှင့် ဗြိတိန်တွင် အမျိုးသမီးရှစ်ဦး၌ တစ်ဦးသည် ၎င်းတို့ဘဝ၏ တစ်ချိန်ချိန်တွင် ရင်သားကင်ဆာဖြစ်ပွားမှုနှင့် ကြုံတွေ့နေရခြင်းဖြစ်ပြီး နေထိုင်စားသောက်ပုံကို ကျန်းမာရေးနှင့်ညီအောင် ပြောင်းလဲခြင်း၊ ကိုယ်အလေးချိန်လျှော့ချခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့က ရင်သားကင်ဆာအန္တရာယ်အတွက် သိသိသာသာ အထောက်အကူဖြစ်စေနိုင်ကြောင်း သုတေသီများကပြောပါတယ်။

ရင်သားကင်ဆာသည် ကမ္ဘာပေါ်တွင် ဖြစ်ပွားမှုအများဆုံး ကင်ဆာရောဂါများအနက် တစ်ခုဖြစ်ပြီး ရင်သားကင်ဆာဖြစ်ပွားမှုကို စောစောစီးစီး စစ်ဆေးတွေ့ရှိပါက ကုသရလွယ်ကူသော်လည်း ရောဂါရင့်လာပါက ရင်သားနှင့်နီးစပ်သော နေရာများသို့ ကင်ဆာဆဲလ်များ ပျံ့နှံ့နိုင်ပြီး ကုသရခက်ခဲကာ အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။

Pan Pacific Yangon Wedding Showcase 2019

အသက်(၅၀)နှင့်အထက် အမျိုးသမီးများ ရင်သားကင်ဆာရောဂါနှင့် ကြုံတွေ့ရမှုများသော်လည်း ငယ်ရွယ်သူများ တစ်ခါတစ်ရံဖြစ်ပွားနိုင်ပြီး အမျိုးသားများလည်း အဆိုပါရောဂါ ဖြစ်ပွားနိုင်ကြောင်း သိရပါတယ်။

ဒါကြောင့် ရင်သားများကို ကိုယ်တိုင်စစ်ဆေးခြင်းအပါအဝင် ဆရာဝန်နှင့်လည်း ပုံမှန်စစ်ဆေးသင့်ပြီး မိသားစုတွင် ရင်သားကင်ဆာဖြစ်ပွားမှု ရာဇဝင်ရှိပါက ကြိုတင် သတိထားရန်လည်း လိုပါတယ်။

အသက်(၅၀)နှင့် (၇၀)ကြား အမျိုးသမီးများအနေဖြင့်လည်း ရင်သားကင်ဆာအတွက် ပုံမှန်စစ်ဆေးမှု ခံယူသင့်ပါတယ်။

Source : 7day daily


Read 88 times
Rate :
(2 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.