Wednesday, 15 May 2019 10:53

 

yGH.jpg

ကလေးကင်ဆာရောဂါများ ကာကွယ်ရေး လမ်းပြမြေပုံများ ရေးဆွဲအကောင်အထည်ဖော်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သိရပါတယ်။

မြန်မာနိုင်ငံ၏ ကလေးအရွယ် ကင်ဆာရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရေးကြီးတဲ့အတွက် ကာကွယ်ရေးလုပ်ငန်းများ ပိုမိုအရှိန်အဟုန်မြှင့် လုပ်ဆောင်နိုင်ရန် ကင်ဆာရောဂါများ ကာကွယ်ရေးစီမံချက်၏ အလုပ်ရုံဆွေးနွေးပွဲများမှ အကြံပြုချက်များဖြင့် ကလေးကင်ဆာ ရောဂါများကာကွယ်ရေး လမ်းပြမြေပုံများ၊ မဟာဗျူဟာလုပ်ငန်းစဉ်များ ချမှတ်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးတိုးတက်ပြီး ဝင်ငွေများပြားသောနိုင်ငံများ၌ ကလေးအရွယ်တွင် ဖြစ်သော ကင်ဆာရောဂါများကို စောစီးစွာသိရှိသဖြင့် ကုသနိုင်မှုမှာ ရာခိုင်နှုန်း ၈၀ ရှိပြီး ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကုသနိုင်မှု ရာခိုင်နှုန်း ၂၀ သာရှိကြောင်း၊ ကလေးငယ်များသည် ခံစားရသောဝေဒနာကို ရေလည်စွာ မပြောကြားနိုင်၍ ကလေးအရွယ်တွင်ဖြစ်ပွားသော ကင်ဆာရောဂါများသည် ယေဘုယျအားဖြင့် ကြိုတင်သိရှိစစ်ဆေးရန် ခက်ခဲကြောင်း သိရပါတယ်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို အောက်ပါနေရာများတွင်ဝင်ရာက်ကြည့်ရှုနိုင်

ရန်ကုန်နှင့် မန္တလေးကလေးဆေးရုံကြီးတို့ရှိ ကလေးကင်ဆာရောဂါများ စစ်ဆေးကုသမှုဌာနများကို ပိုမိုကောင်းမွန် တိုးတက်စေရေးကိုလည်း ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ကလေးကင်ဆာရောဂါများ ကာကွယ်ရေးလုပ်ငန်းများ ပိုမိုအရှိန်အဟုန်မြှင့်ကာ အောင်မြင်စေရေး ဝိုင်းဝန်းဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရှိ ကလေးကင်ဆာရောဂါဆိုင်ရာ ပညာရှင်များကလည်း ကင်ဆာရောဂါ ကာကွယ်ရေးလုပ်ငန်းများ ပိုမို အရှိန်အဟုန်မြှင့်တင်နိုင်ရေးအတွက် အကြံပြုချက်များပေးနိုင်ပြီး ကင်ဆာရောဂါဆိုင်ရာ ကျန်းမာရေးသတင်း အချက်အလက်များမှတစ်ဆင့် ဖြစ်ပွားမှုများပြားသော ကင်ဆာရောဂါအမျိုးအစား၊ နေရာ ဒေသအလိုက် ကင်ဆာရောဂါအမျိုးမျိုးဖြစ် ပွားမှုစသည်တို့ကို တိကျစွာသိရှိနိုင်ရာ ဆေးဝါးနှင့် ဆေးပစ္စည်း ဝယ်ယူမှု၊ ဘဏ္ဍာငွေခွဲဝေမှု တို့အပါအဝင် စီမံခန့်ခွဲမှုနှင့် စီမံချက်ရေးဆွဲမှုတို့ကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Source : Myanmar Times


Read 59 times Last modified on Wednesday, 15 May 2019 11:06
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.