Friday, 03 May 2019 11:18

 

အသက် (၃)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်တွေဟာ ကြီးထွားလာတာနဲ့အမျှ သူတို့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေသာမက အစားအစာစားတဲ့ပုံစံတွေပါ ပြောင်းလဲလာတာကို တွေ့ရပါတယ်။
ကြီးထွားမှုကို အထောက်အပံ့ဖြစ်စေမယ့်၊ နေ့စဉ်လှုပ်ရှားမှုတွေများလာတဲ့အခါမှာ စွမ်းအင်တွေရရှိစေဖို့အတွက် သင့်တော်တဲ့ အာဟာရကိုmukyo
လိုအပ်ပါတယ်။

အစားအစာမျိုးစုံကိုစားနိုင်တဲ့အရွယ်ရောက်လာပြီဖြစ်တဲ့အတွက် ကလေးကြိုက်ဖို့ကလဲ အရေးကြီးပါတယ်။ အရသာ၊ အရောင်နဲ့ အထိအတွေ့အမျိုးမျိုးကို ခံစားတတ်နေပြီဖြစ်တဲ့အတွက် ကလေးကြိုက်စေမယ့် အစားအစာမျိုးစုံကို သေချာလုပ်ပြီးကျွေးရန် လိုအပ်ပါတယ်။

တစ်နေ့နဲ့ တစ်နေ့၊ အစားအစာတစ်ခုနဲ့တစ်ခုအပေါ်မှာ ကလေးရဲ့အစားစာချင်စိတ်က မတူနိုင်တဲ့အတွက် ကလေးပန်းကန်ထဲမှာထည့်ထားတဲ့အစားအစာအားလုံးကိုကုန်အောင်စားဖို့ တွန်းအားမပေးပါနဲ့။ ဒီလိုလုပ်ခြင်းက ကလေးအစာစားချင်စိတ်ပျက်သွားစေနိုင်ပါတယ်။

အစားအစာတွေကို အုပ်စု(၅) စုခွဲခြားထားပါတယ်။ ကလေးကို ဒီအုပ်စု (၅) မျိုးစလုံးကနေ တစ်မျိုးစီပါဝင်အောင်ကျွေးပါ။

(၁) အစေ့အဆန်အုပ်စု
အနည်းဆုံးအစေ့အဆန် ၆ မျိုးလောက်ကျွေးသင့်ပါတယ်။
ဥပမာ- ပေါင်မုန့် တစ်ချပ်၊ ခရက်ကာ ၄-၅ ချပ်၊ ထမင်း/ပါစတာ နို့ဆီဘူးတစ်ဝက်၊ ချာပါတီ ၂ ခု ကျွေးပါ။

(၂) သစ်သီးနှင့် ဟင်းသီးဟင်းရွက်အုပ်စု
တစ်နေ့ကို အနည်းဆုံး ၅ ခွက် - ဥပမာ သစ်သီး (သို့) ဟင်းသီးဟင်းရွက်သေးသေး တစ်ဝက်-တစ်လုံး၊ ဖျော်ရည် (သို့) စွပ်ပြုတ် ခွက်တစ်ဝက်၊ အရွက်စိမ်း (သို့) အရွက်ပြုတ်သုပ် ခွက်တစ်ဝက် ကျွေးသင့်ပါတယ်။

(၃) နို့နှင့် နို့ထွက်ပစ္စည်းများ
တစ်နေ့ကို အနည်းဆုံး ၃ ခု( နို့နဲ့ နို့ထွက်ပစ္စည်း ၂- ၂ ခွက်ခွဲလောက်တိုက်သင့်ပါတယ်။) နို့၊ ဒိန်ချဉ်၊ ဒိန်ခဲစတာတွေကျွေးနိုင်ပါတယ်။ ကလေးကိုလုံလောက်စွာကျွေးပါ ဒါပေမယ့် အလွန်အကျွံမဖြစ်ပါစေနဲ့။

(၄) အသားအုပ်စု
တစ်နေ့ကို အနည်းဆုံး ကြက်ဥ တစ်လုံး၊ ပဲအမျိုးမျိုး ခွက်တစ်ဝက်၊ အဆီမပါတဲ့အသား (ကြက်သား၊ ငါး) စားပွဲတင်ဇွန်း ၁-၃ ဇွန်းကျွေးသင့်ပါတယ်။

(၄) အဆီအုပ်စု
တစ်နေ့ကို ထောပတ် (သို့) အဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းပါဝင်အောင် ကျွေးသင့်ပါတယ်။


ကလေးက အစားအစာအချို့နဲ့ဓာတ်မတည့်ဘူးဆိုရင် ဒီအစားအစာတွေမကျွေးပါနဲ့။ ဓာတ်မတည့်မှုအဖြစ်များတဲ့ အစားအစာတွေကတော့ နို့၊ ဥ၊ အကြေးခွံပါသောငါးများ၊ ဂျုံ၊ အခွံမာသီးများ စသည်တို့ဖြစ်ကြပါတယ်။ သေချာစေဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ နောက်တစ်ချက်ကတော့ အစာနင်စေတဲ့ ချောပြီး စေးကပ်တဲ့အစားအစာတွေ ဥပမာ- အသားတုန်းကြီးကြီး၊ သကြားလုံး၊ စပျစ်သီးတစ်လုံးလုံး၊ မြေပဲထောပတ် စတာတွေမကျွေးပါနဲ့။ ဒါ့အပြင် အစေ့အဆန်များ၊ မုန်လာဥအစိမ်း၊ စပျစ်သီးခြောက်စတာတွေကိုလည်း သတိထားပြီးကျွေးပါ။ အစာမနင်စေဖို့အတွက် အမြဲအတုံးသေးသေးလေးတွေ တုံးကျွေးပါ။
သွားရည်စာတွေ ကျွေးမယ်ဆိုရင်တော့
(၁) အစေ့အဆန်အုပ်စု - ခရက်ကာ၊ ကောက်ပဲသီးနှံခြောက်၊ ပြောင်းဖူးပေါက်ပေါက်၊ ပေါင်မုန့်ကင်
(၂) ဟင်းသီးဟင်းရွက်အုပ်စု - သခွားသီး၊ မုန်လာဥ အစိမ်းများ (အတုံးသေးလေးတွေတုံးပြီးကျွေးပါ။)
(၃) သစ်သီးများ - ငှက်ပျောသီး၊ ပန်းသီး၊ သစ်တော်သီးကဲ့သို့သော လတ်ဆတ်သောသစ်သီးများနှင့် သစ်သီးခြောက်များ
(၄) နို့နှင့် နို့ထွက်ပစ္စည်းများ - ဒိန်ခဲ၊ ဒိန်ချဉ်
(၅) အသားဓာတ်အုပ်စု - ထောပတ်၊ အခွံမာသီးနှင့် အစေ့အဆန်များ၊ ကြက်ဥ မကျက်တကျက်ပြုတ်၊ ကြက်ဆင်၊ ကြက်၊ တူနာအသုပ်များ စတဲ့ အစားအစာများကို ကျွေးသင့်ပါတယ်။

Source :nutri knack


Read times Last modified on Friday, 03 May 2019 11:19
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.