Wednesday, 06 March 2019 07:42

protein.jpg

ကိုယ်ခန္ဓာအလေးချိန်လျှော့ချတဲ့နေရာမှာ အစားအသောက်ဟာလည်း လေ့ကျင့်ခန်းပြုလုပ်ခြင်းလိုပဲ အရေးကြီးလှပါတယ်။ အစားအစာတွေကို အလွန်အမင်းလျော့နည်းစွာ စားသုံးဖို့မလိုအပ်သလို၊ ဘယ်လိုအစားအစာမျိုးတွေကို သင့်တင့်မျှတစွာ စားသုံးရမလဲဆိုတာကိုလည်း သိဖို့လိုအပ်ပါတယ်။

ဒါကြောင့် လူအများစုက ဝိတ်တက်စေနိုင်တယ်လို့ အထင်မှားနေကြတဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။


(၁) ကြက်ဥ

 

eggs-min.jpg


အာဟာရပညာရှင်တွေရဲ့ လေ့လာချက်တွေအရ မနက်စာအဖြစ် ကြက်ဥပြုတ်စားသုံးပေးခြင်းဟာ ပေါင်မုန့်စားသုံးခြင်းထက် ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ ကြက်ဥဟာ အစာချေဖျက်မှုကို နှေးကွေးစေတာ ကြောင့် မနက်စာမှာ ကြက်ဥပြုတ်စားသုံးပေးခြင်းက အချိန်အတန်ကြာအထိ ဗိုက်ပြည့်နေစေမှာပဲ ဖြစ်ပါတယ်။


(၂) ပဲအမျိုးမျိုး

beans-min.jpg


ပဲအမျိုးမျိုးဟာ ကိုယ်အလေးချိန်တက်စေနိုင်တယ်လို့ အများစုထင်ကြသလို မဟုတ်ပါဘူး။ ပဲအမျိုးမျိုးမှာပါဝင်တဲ့ ပရိုတင်းဓာတ်တွေဟာ ခန္ဓာကိုယ်အလေးချိန်ကို ပါစတာနဲ့ပေါင်မုန့်တွေစားတာမျိုးလောက် ဝိတ်မတက်စေနိုင်ပါဘူး။


(၃) အစေ့အဆန်များ

seeds.jpg

အစေ့အဆန်တွေမှာ အဆီဓာတ်ပါဝင်မှုများပေးမယ့် ပရိုတင်းဓာတ်နဲ့အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်အလေးချိန်ကို မမြင့်တက်စေဘဲ မကြာခဏဗိုက်ဆာခြင်းကို ထိန်းချုပ်ပေးထားနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။


(၄) မလိုင်ထုတ်ထားတဲ့ချိစ်

Cheese-min.jpg


မလိုင်ထုတ်ထားတဲ့ချိစ်တွေဟာဆိုရင်လည်း ကြက်ဥလိုပဲ ဆာလောင်မှုကို ထိန်းချုပ်ထားနိုင်တာကြောင့် အဆာခံစေတဲ့ အစားအစာတမျိုးပဲဖြစ်ပါတယ်။ ချိစ်မှာပါဝင်တဲ့ ကယ်လ်ဆီယမ်ဓာတ်ဟာ ခန္ဓာကိုယ်တွင်းက အဆီတွေကို လောင်ကျွမ်းနိုင်စေဖို့ အထောက်အကူဖြစ်စေတာကြောင့် လုံးဝမစားဘဲနေတာမျိုး မပြုလုပ်သင့်ပါဘူး။


(၅) ပေါက်ပေါက်ဆုပ်

perfect-popcorn-horiz-a-1800-min.jpg


အရသာနဲ့ထောပတ်ထည့်သွင်းထားတဲ့ ပေါက်ပေါက်ဆုပ်မျိုးမဟုတ်ဘဲ ရိုးရိုးပေါက်ပေါက်ဆုပ်တွေဟာဆိုရင် အမျှင်ဓာတ်များစွာပါဝင်ပြီး ကယ်လိုရီအနည်းငယ်သာရှိတာကြောင့် ကိုယ်အလေးချိန်ကို မမြင့်တက်စေနိုင်ပါဘူး။

Source: Irrawady


Read 50 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.