Wednesday, 06 February 2019 08:28


အယ်လ်ကိုဟောပါဝင်တဲ့ အရည်အများစုဟာ အသားအရေကို အိုမင်းရင့်ရော်စေတတ်တယ်လို့ ထင်မှတ်တတ်ကြပေမယ့် အလွန်အကျွံသာမဟုတ်ရင်တော့ အသားအရေကို အထောက်အကူဖြစ်စေပါတယ်။ အခုဖော်ပြပေးမယ့် အယ်လ်ကိုဟော အရည်တွေကတော့ ချင့်ချိန်သောက်သုံးပေးမယ်ဆိုရင် အသားအရေ ကောင်းကျိုးအတွက် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

Beer-quiz-25-questions-to-test-your-knowledge_wrbm_large.jpg

(၁) ဘီယာ
ဘီယာဟာ ဆံကေသာကျန်းမာရေးအတွက်သာမက အသားအရေကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေပါတယ်။ အသားအရေရဲ့ pH level ကိုမျှတစေပြီး လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်း ဖြည့်တင်းပေးနိုင်တဲ့အပြင် ဝက်ခြံတွေကိုလည်း လျော့ပါးသက်သာစေနိုင်တဲ့အစွမ်းရှိပါတယ်။

wine-glasses_andresr-iStock-GettyImagesPlus-468917818-LEDE.jpg

(၂) ဝိုင်
ဝိုင်ဟာဆိုရင်တော့ အမျိုးသမီးတွေရဲ့အလှအပရေးရာအတွက်သာမက ကျန်းမာရးအတွက်ပါသင့်တော်တဲ့ အဖျော်ယမကာတမျိုးလည်း ဖြစ်ပါတယ်။ ဝိုင်မှာပါဝင်တဲ့ Antioxidant ဓာတ်တွေဟာ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်ပြီး Collagen ထုတ်လုပ်မှုကို မြင့်တက်စေတာကြောင့် အမျိုးသမီးတိုင်း ပုံမှန်မှီဝဲပေးသင့်ပါတယ်။

download.jpeg

(၃) ဂျင် (Gin)
Juniper Berry သီးတွေကနေ အခြေခံထုတ်လုပ်ထားတဲ့ Gin (ဂျင်) ဟာဆိုရင်တော့ ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတဲ့ Super Food တမျိုးဖြစ်တာကြောင့် အရွယ်မတိုင်ခင် အရေးအကြောင်းတွေဖြစ်ပေါ်ခြင်းကို တားဆီးကာကွယ်ပေးနိုင်ပါတယ်။

download_1.jpeg

(၄) ဗော်ကာ (Vodka)
ဆားဝက်ခြံတွေကြောင့် စိတ်ညစ်နေတယ်ဆိုရင်တော့ ဗော်ကာကိုအသုံးပြုပြီး ဆားဝက်ခြံရှိတဲ့ မျက်နှာအသားအရေကို ဆေးကြောသန့်စင်ပေးခြင်းအားဖြင့် ဆားဝက်ခြံတွေကို ပျောက်ကင်းသက်သာစေတဲ့အပြင် ချွေးပေါက်ကျယ်ခြင်းတွေကိုပါ လျော့ပါးသက်သာစေမှာဖြစ်ပါတယ်။

rum-myths-you-shouldnt-believe.jpg

(၅) ရမ် (Rum)
ရမ်ဟာ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် မျက်နှာပေါ်က ဝက်ခြံတွေအတွက် သင့်တော်တဲ့ အရည်တမျိုးပဲဖြစ်ပါတယ်။ မျက်နှာပေါ်မှာ ဝက်ခြံတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေပြီဆိုရင်တော့ ရမ်နဲ့ ရေ (ဒါမှမဟုတ်) Rose Water တို့ကို ၁း၂ အချိုးအတိုင်း ရောစပ်ပြီး မျက်နှာကိုဆေးကြောသန့်စင်ပေးနိုင်ပါတယ်

source aya


Read 46 times Last modified on Wednesday, 06 February 2019 09:11
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.