Tuesday, 05 February 2019 05:20

drugs 750x450

အကိုက်အခဲပျောက်ဆေးများ၏ ဆိုးကျိုးများ

အကိုက်အခဲပျောက်ဆေးတွေဟာ အင်မတန်အသုံးများတဲ့ဆေးတွေထဲမှာပါပါတယ်။ ဆေးတွေက ဈေးမကြီးတဲ့အတွက် ထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာ ထုတ်ပြီးသားတွေကို ထပ်လေ့လာတာ၊ အသစ်အသစ်တွေ ထပ်ထုတ်တာမျိုး သိပ်မလုပ်ကြတော့တဲ့အတွက် အကိုက်အခဲပျောက်ဆေးတိုင်းမှာဆိုးကျိုးလေးတွေရှိကြပါတယ်။ နောက်ပိုင်းဆေးအသုံးမှားလာကြတာကို တွေ့ရတယ်လို့လည်း လူထုကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့အစည်း ၂ ခုမှာ အလုပ်လုပ်သူ ဒေါက်တာဂျက်ကာစလိုနမ်ကဆိုပါတယ်။ ခွဲစိတ်မှုအပြီး ဒါမှမဟုတ် ဒဏ်ရာရထားသူတွေဟာ သွေးထွက်စေတတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်နေတာကို အပတ်တိုင်းလို တွေ့ရတယ်လို့ဆိုပါတယ်။ 

များသောအားဖြင့် အိုင်ဗျူပရိုဖန် ဆေးပါ။ ဆရာဝန်နဲ့ ပြသကုသထားတာမဟုတ်တဲ့ ထိခိုက်ဒဏ်ရာရသူ တစ်ဝက်ကျော်ကျော်လောက်ဟာ ဆရာဝန်နဲ့မပြခင်ကို ဒီဆေးတွေကိုသောက်ထားလေ့ရှိတာကိုတွေ့ရပါတယ်။

အကိုက်အခဲပျောက်ဆေး အားလုံးလိုလိုဟာ အစာအိမ်နဲ့ အူသွေးယိုစေနိုင်စွမ်း၊ အနည်းဆုံးတော့ အစာအိမ်နဲ့ အူသိမ်ကို သွားနှိုးဆွနိုင်စွမ်း ရှိကြပါတယ်။

ပါရာစီတမော ကတော့ သွေးထွက်စေနိုင်တာမျိုးတွေမဖြစ်ပေမယ့် အသည်းကို ဝန်ပိုစေတာမို့ အသည်းအဆီဖုံးတာ၊ အသည်းခြောက်တာတွေ ဖြစ်လာစေနိုင်ပါတယ်။ တခါတလေ အရက်သမားတွေ၊ အသည်းရောဂါရှိသူတွေက ဗိုက်နာတာတွေအတွက် ပါရာစီတမောကို သောက်သောက်နေတာကိုလည်းတွေ့ရပါတယ်။

မီတာမီဇိုး (ဒိုင်ပိုင်ရုန်း) ဆေးကတော့ အစာအိမ်ကိုလည်းမထိခိုက်နိုင်သလို သွေးလည်းမထွက်စေနိုင်ပါဘူး။ ဒါပေမဲ့ ရိုးတွင်းချဉ်ဆီကိုသွားဖိနှိပ်ထားတဲ့အတွက် သွေးဖြူဥတွေနည်းသွားပြီး ခုခံအားကျဆင်းလာတတ်ပါတယ်။
အထူးသဖြင့် ရောဂါပိုးဝင်ဝင်ချင်း ဝါးမျိုပေးနိုင်တဲ့ သွေးဖြူဥတွေမထွက်တော့တဲ့အခါအသက်သေဆုံးနိုင်ခြေနှုန်း ၂၄% တောင်ရှိပါတယ်။

အသစ်ထွက်တဲ့အကိုက်အခဲပျောက်ဆေးဖြစ်တဲ့ ကိုဆစ်နဲ့ဆုံးတဲ့ဆေးတွေကတော့ သွေးလည်းမထွက်၊ အသည်းကိုလည်းဒုက္ခမပေးပေမယ့် သွေးတိုးခြင်းကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးရှိသူတွေသတိထားရပါမယ်။

ဒါ့ကြောင့် အကိုက်အခဲပျောက်ဆေးတွေသောက်တဲ့အခါ လူတစ်ယောက်ချင်းစီရဲ့ အခြေအနေအပေါ်မူတည်ပြီး ဘေးရှင်းရှင်းနဲ့ရွေးချယ်သောက်ဖို့လိုတယ်ဆိုတာကို သိလောက်ပြီထင်ပါတယ်။

Source: Every Time Story


Read 117 times Last modified on Tuesday, 05 February 2019 06:38
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.