Saturday, 02 February 2019 04:48

မိမိတို့နေ့စဉ်ဘ၀မှာလယ်လွယ်ကူကူနဲ့လုပ်ဆောင်ခြင်းရင်းနဲ့ ကျန်းမာပြီးအောင်မြင်တဲ့ လူနေမှုဘ၀ကို ပိုင်ဆိုင်နိုင်စေဖို့ အောက်ပါအချက်လေးတွေကိုတင်ပြပေးလိုက်ပါတယ်။

1. နေ့ရက်တိုင်းတက်ကြွ​စွာနေထိုင်​ပါ

43 5

ပုံမှန်ကိုယ်လက်​​လေ့ကျင့်​ခန်းလှုပ်​ရှားမှုက ကိုယ်​ခန္ဓာကျန်းမာဖွံ့ဖြိုးတိုးတက်ဖို့အတွက်​ အ​ရေးပါပါတယ်​။ တတ်နိုင်သမျှ လှုပ်ရှားမှုများများပြုလုပ်ဖို့လွယ်တဲ့ Activities plans တွေထားသင့်ပါတယ်။
လူကြီးလူငယ်အသက်အရွယ်မရွေး နေ့တိုင်းကိုယ်လက်လှုပ်ရှားမှုအနည်းဆုံး မိနစ် ၆၀ ခန့်​ ရှိဖို့လိုအပ်​ပါတယ်​။ ဒါမှ စိတ်သွားတိုင်း ကိုယ်ပါလိုက်နိုင်မှာဖြစ်ပါတယ်။

2. အ​ကောင်းဆုံး​သောက်​စရာအဖြစ် ​ရေ ကိုရွေးချယ်ပါ

Benefits of Drinking Water on Empty Stomach

ရေ ဟာသက်ရှိတိုင်းအတွက်အရေးအပါဆုံး အခြေခံကျတဲ့ အာဟာရအရင်းအမြစ်ပါ။ ကျန်းမာတဲ့လူတစ်​ဦးဟာ အနည်းဆုံး​နေ့စဉ်​ ရေ ( ၂ လီတာ ) ​လောက်​​သောက်​သုံးသင့်​ပါတယ်​။
သာမာန်​အားဖြင့်​ ​ရေဓာတ်​ ၂၀% ကို သစ်​သီးများ၊ ​ရေနှင့်​ဖော်​ရည်​​သော အ​အေးများမှ ရရှိနိုင်​ပါတယ်​။ ရေအသက် တစ်မနက်ဟုဆိုသောကြောင့် အ​ကောင်းဆုံး​သောက်​စရာအဖြစ် ​ရေ ကိုရွေးချယ်စေချင်ပါတယ်။

3. ရာသီပေါ်သစ်သီးနှင့်ဟင်းသီးဟင်းရွက်စားပါ

139496979

နေ့စဉ်နေ့တိုင်းလတ်ဆတ်တဲ့အသီးနှံများနဲ့ဟင်းသီးဟင်းရွက်များစားသုံးခြင်းဟာ ရုပ်ပိုင်းဆိုင်ရာနုပျိုစေပြီး နာတာရှည်ရောဂါများကိုလည်းကာကွယ်ပေးခါ လိုအပ်တဲ့ပါတယ်။ အစားသောက်ပြင်ဆင်တဲ့အခါမှာလည်း စိမ်းရောင်ပါဝင်တဲ့ဟင်းရွက်ဟင်းရွက်ဟင်းလျာတွေပါဝင်သင့်ပါတယ်။ အချိုတည်းတဲ့အခါလည်း သစ်သီးတွေကိုအစိမ်းစားခြင်းဖြစ်ဖြစ် ဖျှော်သောက်ခြင်းဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

4.TV တွေ ဖုန်းတွေ ကြည့်တာလျှော့ပါ

ipad night wide 2e3afc7f394a1b92e6393783c3d72e9aea1a5b47

နောက်ပိုင်းလူအများစုဟာ အချိန်အကြာကြီးတီဗီစောင့်ကြည့်ခြင်း ၊ Online surfing သို့မဟုတ် ကွန်ပျူတာဂိမ်းကစားတာတွေခေတ်စားလာပါတယ်။ ထိုအရာတွေကို တစိုက်မတ်မတ်အသုံးပြုရာကနေ အထိုင်ကြာပြီး အဝလွန်ရောဂါနဲ့ နောက်ဆက်တွဲကျန်းမာရေးထိခိုက်မှုတွေရှိနိုင်ပါတယ်။ တစ်နေကုန် Screen ထိုင်ကြည့်ခြင်းကိုတတ်နိုင်သမျှလျှော့ချနိုင်ဖို့ကြိုးစားပါ။


5. အချိန်မှန်အိပ်စက်ပြီး ကောင်းမွန်စွာနိုးထပါ

hormonal sleep solution 1024x680

တရားထိုင်ပြီးရင် အိပ်စက်ခြင်းဟာအကောင်းဆုံး Meditation ပါ၊ အချိန်မှန်မှန်နဲ့ကောင်းမွန်စွာအိပ်စက်နိုင်ခြင်းက ဦးနှောက်နဲ့အာရုံကြောကိုကောင်းမွန်စေပြီး စိတ်ရောကိုယ်ပါတက်ကြွလန်းဆန်းမှုကိုရရှိစေပါတယ်။ အလုပ်တွေများနေလို့
အိပ်ရေးပျက်ခဲ့ရင်လည်း အချိန်ခဏဖြစ်ဖြစ်အနားယူအိပ်စက်ဖို့လိုအပ်ပါတယ်။


ဒီအချက်လေးတွေကို မိမိတို့နေ့စဉ်ဘ၀မှာသတိထားပြီး လွယ်လွယ်ကူကူနဲ့လုပ်ဆောင်ခြင်းရင်းနဲ့ ကျန်းမာပြီးအောင်မြင်တဲ့ လူနေမှုဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ။


Read times Last modified on Saturday, 02 February 2019 07:18
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.