Tuesday, 15 May 2018 07:47

    Iron Awreness Week Myanmar by Nestle BEAR BRAND Myanmar 11052018 9
    Nestlé BEAR BRAND Enriched Malted Milk ကို ဈေးကွက်အတွင်း စတင် မိတ် ဆက်ခြင်း အခမ်း အနားနဲ့ အတူ (ကြံ့ခိုင်မြက်သော မိသားစုအတွက် ရပ်တည်လျက်) ပရဟိတလှုပ်ရှားမှု အစီအစဉ်ကို စတင်ခဲ့ပါတယ်။ ဒီပရဟိတ လှုပ်ရှားမှုအစီအစဉ်ကို လွယ်ကူရိုးရှင်းတဲ့ အဆင့်များဖြင့် Online နဲ့ Offline လှုပ်ရှားမှုအ စီအ စဉ် တွေမှာ ပါဝင်နိုင်ခဲ့ကြပါတယ်။
    အဲဒီနောက်မှာNestlé BEAR BRAND ရဲ့ ပရဟိတလှုပ်ရှားမှုမှာ လူ တစ်သန်းကျော် ပါဝင်ခဲ့ပြီး ထို ပရဟိတ လှုပ်ရှားမှုတွင် ပါဝင်မှုအရေအတွက်အတိုင်း Nestlé BEAR BRAND Enriched Malted Milk ခွက်ရေ များကို နိုင်ငံအတွင်း သံဓာတ်ချို့တဲ့လျက်ရှိသော နေရာတွေမှာ ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။ ဖြန့်ဝေမှုတွေကို အခုနှစ်အတွင်း အပြီးသတ် ဖြန့်ဝေသွားမှာဖြစ်ပြီး ဖြန့်ဝေသွားမယ့် နေရာတွေကို Nestlé BEAR BRANDရဲ့ Facebook page မှာအသိပေး ကြေငြာသွားမှာ ဖြစ်ပါတယ်။

    Iron Awreness Week Myanmar by Nestle BEAR BRAND Myanmar 11052018 14
    “ကနဦးသံဓာတ်ချို့တဲ့မှုဟာ ကျွန်မတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ လူတော်တော်များများမှာ ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်မတို့ အနေနဲ့ မပေါ့ဆဘဲ သံဓာတ်ချို့တဲ့မှု မဖြစ်အောင် ကြိုတင်ကာကွယ်သင့်ပါတယ်။သံဓာတ်ချို့တဲ့ခြင်းနဲ့ သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်းဖြစ်ပေါ်ရတဲ့ အဓိက အကြောင်းအရင်းကတော့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ် ပုံမှန် မစားသောက်တာကြောင့်ပဲဖြစ်ပါတယ်။ သံဓာတ်ကြွယ်ဝပြီး ပြည့်စုံမျှတတဲ့ အာဟာရတွေကို စားသောက်ပေးမယ်ဆိုရင် ကိုယ်ချစ်ခင်မြတ်နိုးရတဲ့သူတွေကို ကြံ့ခိုင်ထက်မြက်စေပြီး သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါကို ကာကွယ်ပြီးသား ဖြစ်မှာပါ။” လို့ Nestlé Corporate Nutrition Manager ဖြစ်သူ ဒေါက်တာ ဆုနွယ်ဇော်က ပြောပါတယ်။
    Nestlé BEAR BRAND က မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် သံဓာတ် အသိပညာပေးမှု ရက်သတ္တပတ် ကို ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ သံဓာတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာများနဲ့ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ သံဓာတ်ချို့တဲ့မှု အခြေအနေကို မြန်မာနိုင်ငံသားအားလုံးကို အသိပညာပေးဖို့ ရည်ရွယ်ပါတယ်။

    Iron Awreness Week Myanmar by Nestle BEAR BRAND Myanmar 11052018 14
    Nestlé BEAR BRANDဟာ မြန်မာနိုင်ငံရှိ မိသားစုများကို သံဓာတ်ချို့တဲ့မှုအကြောင်း ပညာပေးဖို့ ရည်ရွယ်ပြီး သံဓာတ်အသိပညာပေး ရက်သတ္တပတ်မှာ ခင်းကျင်းပြသထားတဲ့ သံဓာတ်အကြောင်း ဓာတ်ပုံပြခန်းကို လာရောက်လေ့လာသူတွေအနေနဲ့ သံဓာတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သိရှိသွားမှာ ဖြစ်ပါတယ်။
    “သံဓာတ်အသိပညာပေး ရက်သတ္တပတ်ကို ကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုတွေအနေနဲ့ မိမိတို့ ချစ်ရတဲ့သူတွေကို သံဓာတ်ချို့တဲ့မှုမှ ကာကွယ်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ Nestlé Myanmar အနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ ရေရှည် ထားရှိတဲ့ ရည်ရွယ်ချက်တွေကတော့ မြန်မာပြည်သူများမှ သံဓာတ်ချို့တဲ့မှုကို ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို သိရှိစေဖို့ပဲဖြစ်ပါတယ်။” လို့ Nestlé Myanmar Co., Ltd. ရဲ့ Senior Marketing Manager ဖြစ်သူ Ms. Ivy Tan က ပြောပါတယ်။

    Read more about article Here

     

     


    Read 142 times Last modified on Tuesday, 15 May 2018 08:45
    Rate :
    (1 Vote)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.