Tuesday, 08 May 2018 06:16

    Iron Awareness Week Event Invitation
    Nestlé BEAR BRAND မှ ပထမဆုံးအကြိမ် အနေနဲ့ သံဓာတ်အသိ ပညာပေးမှု ရက်သတ္တပတ် (Iron Awareness Week) ကို ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ Nestlé BEAR BRAND အနေနဲ့ မြန်မာမိသားစုတွေကို သံဓာတ်ရဲ့ အရေးပါပုံနဲ့ သံဓာတ် ချို့တဲ့မှုအကြောင်းကို ပိုမိုသိရှိလာပြီး၊ သံဓာတ်ချို့တဲ့မှုကို တိုက်ဖျက်ရင်း ကြံ့ခိုင်ထက်မြက် သာလွန်တဲ့ မိသားစုတွေ တည်ဆောက်နိုင် စေဖို့ကို ရည်ရွယ်ပြီး သံဓာတ်အသိ ပညာပေးမှု ရက်သတ္တပတ်ကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
    သံဓာတ် အသိပညာပေးမှု ရက်သတ္တပတ် (Iron Awareness Week) ကို မေလ ၁၁ရက်နေ့ကနေ ၁၃ရက်နေ့အထိ မဟာဗန္ဓုလပန်းခြံမှာ ကျင်းပသွားမှာဖြစ်ပြီး မည်သူမဆို အခမဲ့ သွးရောက် လေ့လာနိုင်မှာ ဖြစ်ပါတယ်။
    သံဓာတ် အသိပညာပေးမှု ရက်သတ္တပတ် မှာဆိုရင် သံဓာတ်အသိပညာပေး ဟောပြောပွဲတွေ၊ Nestlé BEAR BRAND ရဲ့ Brand Ambassador ဖြစ်တဲ့ ချစ်သုဝေ နဲ့အတူ ဖြူဖြူကျော်သိန်း၊ သဇင်နွယ်ဝင်းတို့နဲ့ တွေ့ဆုံမိတ်ဆက်ခြင်းတွေ၊ သံဓာတ်ချို့တဲ့မှု အခမဲ့ စစ်ဆေးခြင်းတွေ၊ သံဓာတ်အကြောင်း ဓာတ်ပုံပြပွဲတွေ၊ ပျော်ရွှင်ဖွယ်ရာ ကစားနည်း အစီအစဉ်တွေနဲ့ Nestlé BEAR BRAND Enriched Malted Milk လက်ဆောင်အိတ် ရယူနိုင်ခြင်း စတဲ့ အစီအစဉ်တွေကို ပြုလုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။

    Read more about article Here

     

     


    Read 141 times Last modified on Tuesday, 08 May 2018 06:35
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.