Friday, 04 May 2018 05:10

    Drug resistant malaria on Myanmar India border a risk to world health
    အာရှ၊ ပစိဖိတ်ဒေသတွင်းရှိနိုင်ငံတွေမှာ သက္ကရာဇ် ၂၀၃၀ တွင် ငှက်ဖျားရောဂါ ပပျောက်ရေးအတွက် အဆိုပါ နိုင်ငံများသို့ ငွေကြေးထောက်ပံ့ခြင်းနဲ့ အသိပညာပေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သစ်ကို ကမ္ဘာ့ငှက်ဖျားရောဂါတိုက်ဖျက်ရေးနေ့မှာ စတင်လုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံမှလည်း အဲဒီအစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
    ငှက်ဖျားရောဂါ တိုက်ဖျက်မှုတိုးတက်ရေးကို အရှိန်မြှင့်တင်ရန်နဲ့၂၀၃၀ခုနှစ်မှာ ဒေသအတွင်း ငှက်ဖျားရောဂါ အမြစ်ဖြတ်ရန် ရည်ရွယ်ပြီး အမ် ၂၀၃၀ (M2030)ပဏာမအစီအစဉ်ကို အာရှနဲ့ ပစိဖိတ်ဒေသရှိ အစိုးရများ ပူပေါင်းထားတဲ့ APLMA အဖွဲ့နဲ့ ပူးပေါင်းပြီး နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းများ၊ The Global Fund အဖွဲ့၊ စီးပွားရေးလုပ်ငန်းစုကော်ပိုရေးရှင်းကြီးများနဲ့ စားသုံးသူတွေကို အတူတကွ ပေါင်းစည်းလုပ်ဆောင် လိုက်ခြင်းဖြစ်ပါတယ်။
    အမ် ၂၀၃၀ (M2030)ပဏာမအစီအစဉ်မှာ လာရောက်ပူပေါင်းတဲ့ စီးပွားရေးလုပ်ငန်းစု ကော်ပိုရေးရှင်းကြီး တွေဟာ အမ် ၂၀၃၀(M2030) အမှတ်တံဆိပ်ကို သုံးစွဲခွင့်ရရှိမှာ ဖြစ်ပြီး အပြန်အလှန် အနေနဲ့ စီးပွား ရေးလုပ်ငန်းစုကော်ပိုရေးရှင်းကြီးတွေဟာ အသိပညာပေးခြင်း၊ မြှင့်တင်ရေးနဲ့ ရန်ပုံငွေရှာဖွေရေးတွေမှာ ပါဝင်မယ် သို့မဟုတ် အမ် ၂၀၃၀(M2030) အမှတ်တံဆိပ်ပါ ယင်းတို့ရဲ့ ကုန်စည်တွေနဲ့ ဝန်ဆောင်မှုများကို ရောင်းချ ခြင်းက အမြတ်ငွေအချိုးကို ငှက်ဖျားရောဂါတိုက်ဖျက်ရေးအစီအစဉ်ကို ပေးလှူကြမှာ ဖြစ်ပါတယ်။
    အမ် ၂၀၃၀(M2030) မှာ ပူးပေါင်းပါဝင်လုပ်ဆောင်သွားမယ့် Yoma Strategic Holdings ရဲ့ အမှု ဆောင်အရာရှိချုပ် Melvyn Pun က “ငှက်ဖျားရောဂါဟာ ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းနဲ့ မြန်မာ့လုပ်သား အင်အားစုကို အကြီးအကျယ်ဖျက်ဆီးခဲ့တာကို ကိုယ်တိုင်တွေ့ရှိခဲ့ပါတယ်။

    'ကျွန်တော်တို့အနေနဲ့ အမ် ၂၀၃၀ (M2030)အစီအစဉ်တွင် တစ်တပ်တစ်အား ပါဝင်ခွင့်ရသည့်အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ရဲ့ အရင်း အမြစ်အင်အားများနှင့် အဖွဲ့ရဲ့ကွန်ရက်ကိုအသုံးပြုပြီး ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနှင့်ပပျောက်ရေးတွင် ပူးပေါင်းပါဝင်၍ ငှက်ဖျားရောဂါကို အဆုံးသတ်စေပါမည်။” လို့ ပြောကြားခဲ့ပါတယ်။
    မကြာသေးမီက လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ ငှက်ဖျားရောဂါထိပ်သီးညီလာခံမှာ ကမ္ဘာ့တဝှမ်းက အစိုးရအဖွဲ့ ခေါင်းဆောင်တွေ ကျွမ်းကျင်သူတွေ တွေ့ဆုံကြပြီး၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးနဲ့ ပပျောက် ရေးမှာ အရေး တကြီးဆောင်ရွက်ရန် ကိစ္စများရှိသေးကြောင်း ရှင်းလင်းစွာဖော်ပြခဲ့ကြပြီး အနာဂတ်အတွက် ဖွံ့ဖြိုး တိုးတက် မှုတွေကိုလည်း မျှော်လင့်ခဲ့ကြပါတယ်။

    ငှက်ဖျားရောဂါဟာ ကမ္ဘာ့တလွှားမှာ သေဆုံးမှု အများဆုံးရောဂါတစ်ခု ဖြစ်နေဆဲဖြစ်ပြီး၊ အဆိုပါရောဂါကြောင့် နှစ်မိနစ်လျှင် ကလေးတစ်ဦးကို သေစေပါတယ်။ အမ် ၂၀၃၀(M2030)ရဲ့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်သူတွေက ရရှိလာတဲ့ အကျိုးအမြတ်တွေကို အေအိုင်ဒီ အက်စ် (AIDS)၊ တီဘီနဲ့ ငှက်ဖျားရောဂါများကို တိုက်ဖျက်ရန်လုပ်ဆောင်နေတဲ့ The Global Fund ကို ထည့်ဝင်စေပြီး ပူးပေါင်းဆောင်ရွက်သူတွေ ရန်ပုံငွေရှာဖွေခဲ့တဲ့ တိုင်းပြည်တွေရဲ့ ငှက်ဖျားရောဂါ တိုက်ဖျက် ရေးအစီအစဉ်များကို ထောက်ပံ့မှာ ဖြစ်ပါတယ်။

    Read more about health article Here

     

     


    Read 150 times Last modified on Friday, 04 May 2018 05:18
    Rate :
    (1 Vote)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.