Wednesday, 02 May 2018 08:59

    31292720 2018913354804626 8753278408789590016 n
    ထိန်ပင်အမှိုက်ပုံ မီးလောင်ရာမှ မီးခိုးမွှန်ခြင်းနဲ့ ဆက်စပ်ရောဂါတွေကြောင့် လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူသူ (၃၈)ဦးနဲ့ ပြင်ပလူနာအဖြစ် ဆေးကုသမှု ခံယူသူ(၃၃)ဦး ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

    31357590 2018915348137760 1488283649274019840 n
    လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတဲ့ လူနာတွေရဲ့ သွေးတွင်းရှိ Carboxyhaemoglobin ပမာဏကို စစ်ဆေးလျက်ရှိရာ (၂၅-၄-၂၀၁၈)ရက်နေ့ နောက်ပိုင်း ကုသမှုခံယူခဲ့တဲ့ လူနာတွေမှာ ပုံမှန်ပမာဏ အတွင်းသာ ရှိတယ်လို့ သိရပါတယ်။ ဆေးရုံတက်ရောက် ကုသမှုခံယူသူ အများစုမှာ ရောဂါသက်သာ ကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ကျန်ရှိသော အတွင်းလူနာ (၈)ဦးရဲ့ ကျန်းမာရေး အခြေအနေမှာလည်း သက်သာကောင်းမွန် လျက်ရှိတယ်လို့ သိရပါတယ်။

    31416778 2021171457912149 4833339616897531904 n

    လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် ကျန်းမာရေးဌာနခွဲသည် လေထုအရည်အသွေး တိုင်းတာ စစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်း လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။

    31542980 2021170961245532 3544693495014883328 n
    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေနဲ့ ကျန်းမာရေး ဌာနတွေအပြင် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ယာယီဆေးခန်း (၇)ခုကို ဆက်လက် ဖွင့်လှစ်ထားရှိပြီး မီးခိုးမွှန်ခြင်းနဲ့ ဆက်စပ်ရောဂါတွေ ဖြစ်ပွားမှုတွေကို အနီးကပ် စောင့်ကြပ်ကြည့်ရှုပြီး အဆင့်ဆင့် ကြီးကြပ် ဆောင်ရွက်လျက်ရှိကာ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ နှီးနွှယ်ဌာန ဆိုင်ရာတွေ၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)၊ လူမှုရေး အသင်းအဖွဲ့တွေ၊ ပရဟိတအဖွဲ့ အစည်းတွေနဲ့ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။

    Read more about health article Here

     

     


    Read 152 times Last modified on Wednesday, 02 May 2018 09:38
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.