Wednesday, 18 April 2018 03:12

natural skincare treatments

သင်္ကြန်အတွင်းမှာ ရေကစားလို့ အသားအရေ ပျက်စီးသွားတဲ့ ပျိုမေတွေအတွက် မိမိရဲ့အသားရေကို ပြန်လည်ပြုပြင် ထိန်းသိမ်းဖို့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ ဒီလို ပြုပြင်တဲ့ နေရာမှာ Beauty Salon တွေမှာ သွားရောက် ပြုလုပ်နိုင်သလို သဘာဝ နည်းလမ်းတွေနဲ့လည်း ပြုပြင်ထိန်းသိမ်းလို့ ရပါတယ်။ သဘာဝနည်းလမ်းနဲ့ ပြုပြင်ထိန်းသိမ်းမယ် ဆိုရင်တော့ အာလူးကို အခွံနွာပြီး ကြိတ်ချေကာ နှင်းဆီပွင့်ဖတ်ရည်နဲ့ ရောပြီး၊ အသားခြောက်သွေ့သူဖြစ်ရင် ပျားရည်အနည်းငယ် ရောထည့်ကာ မျက်နှာအနှံ့လိမ်းပြီး မျက်နှာသစ်ခြင်းနဲ့လည်း နေဒဏ်ခံရတဲ့ အသားရေကို ထိန်းသိမ်းနိုင်ပါတယ်။

နေဒဏ်ခံရတဲ့ အသားရည်ကို ကုစားဖို့အတွက် အားလူးတင် မကသေးပါဘူး။ သခွားသီးနဲ့လည်း ဆောင်ရွက်လို့ ရပါသေးတယ်။ သခွားသီးအရည်ကို နှင်းဆီပွင့်ဖတ်ရည်၊ သံပရိုသီး အရည်တွေနဲ့ အတူ နေရောင်ခြည်ကြောင့် ထိခိုက် ပျက်စီးသွားတဲ့ အရေပြားပေါ်ကို လိမ်းပြီး ၁၅ မိနစ်ထားပြီးမှ ရေဆေး သန့်စင်ပေးခြင်းဖြင့် အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး အသားအရေကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်း ပေးနိုင်ရုံသာမက သခွားသီးကို ပါးပါးလှီးပြီး မျက်နှာပေါ်တွင် ကပ်ပေးခြင်းဖြင့်လည်း အစိုဓာတ်ကို ထိန်းသိမ်း ပေးနိုင်ပါတယ်။

ဒါ့အပြင်   သံပရိုသီးအရည်ကို အသုံးပြုပြီး မျက်နှာနဲ့ ခန္ဓာကိုယ်မှာရှိတဲ့ နေရောင်ခြည်ကြောင့် ဖြစ်ပွားတဲ့ အညိုအမည်းတွေကို ဖယ်ရှားနိုင်တဲ့အတွက် သံပရိုသီးအရည်ကို အညိုအမည်းရှိရာ အရေပြားပေါ်သို့ တိုက်ရိုက် လိမ်းနိုင်သလို ပျားရည်နဲ့ ရောလိမ်းပေးပြီး ၁၅ မိနစ်ထားပြီးမှ မျက်နှာသစ်ရင်လည်း အဆင်ပြေစေပါတယ်။ ဒီလို လွယ်ကူတဲ့ သဘာဝနည်းတွေနဲ့လည်း သက်ြင်္န်ရေကစားပြီး ပျက်စီးသွားတဲ့ အသားရေကို ပြန်လည် ထိန်းသိမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

Read more about health & beauty article Here

 

 


Read 192 times Last modified on Wednesday, 18 April 2018 04:41
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.