Thursday, 22 March 2018 05:16

    2O5F0690
    FDIရဲ့ တစ်ခုတည်းသော အသိအမှတ်ပြုသွားတိုက်ဆေးဖြစ်တဲ့ ဆစ်ဂနယ်က နှစ်စဉ်ကျင်းပလေ့ရှိသော ကမ္ဘာ့သွားနှင့်ခံတွင်းကျန်းမာရေးနေ့ အခမ်းအနားကို မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်းနဲ့ အတူ ရန်ကုန်မြို့ရှိ Novotel Hotel တွင် ကျင်းပခဲ့ပါတယ်။
    မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆရာဝန် အသင်းနဲ့ ဆစ်ဂနယ်သွားတိုက်ဆေးတို့ ထပ်မံပူးပေါင်း၍ သွားနဲ့ ခံတွင်းကျန်းမာရေးရဲ့ အရေးကြီးပုံနဲ့ မြန်မာနိုင်ငံရှိ ကလေးငယ်များအတွက် ကောင်းမွန်တဲ့ သွားကျန်းမာရေးစောင့်ရှောက်မှုနဲ့ သွားပိုးပေါက်ကင်းစင်သော အနာဂတ် ဖန်တီးနိုင်ရန်အတွက် ထပ်မံတိုက်တွန်းလှုံ့ဆော်ခဲ့ပါတယ်။
    မြန်မာနိုင်ငံ သွားနဲ့ခံတွင်း ဆရာဝန်အသင်းရဲ့ ဥက္ကဌဖြစ်သူ ပါမောက္ခ ဒေါက်တာသိန်းကြူ နဲ့ဥက္ကဌ ဖြစ်သူ ဒေါက်တာ မြင့်ထိန် တို့က “သွားကျန်းမာရေးကို ဂရုစိုက်ပေးခြင်းက သွားတွေကို ကြာရှည်ခိုင်ခံ့အောင်နဲ့ သွားတွေရဲ့ လုပ်ဆောင်ချက်ကို ထိန်သိမ်းပေးထားနိုင်ပါတယ်။

    2O5F0455

    လေ့လာမှုများအရ ကျေးလက်ဒေသရှိ ၉၀%နှုန်းသော ကလေးငယ်များမှာ သွားကျန်းမာရေးအလေ့အကျင့်များ နည်းပါးနေကြောင်းကို တွေ့ရှိရပါတယ်။ ကလေးငယ်များကို ခံတွင်းနဲ့ ပတ်သက်တဲ့ အလေ့အကျင့်တွေ သင်ကြားပေးခြင်းဖြင့် အရွယ်ရောက်တဲ့အထိ ကျန်းမာသန်စွမ်းတဲ့ သွားများရရှိနိုင်မှာ ဖြစ်ပါတယ်။
    “သွားပိုးစားရောဂါဟာ နိုင်ငံတစ်ဝှမ်းနဲ့ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ပြဿနာတွေဖြစ်တဲ့အလျောက် ဖလိုရိုက်ဒ်နဲ့ ကယ်လဆီယမ်ပါတဲ့သွားတိုက်ဆေးနဲ့ တစ်နေ့နှစ်ကြိမ်သွားတိုက်ပေးခြင်းက ထိုပြဿနာတွေကို ကာကွယ်ဖို့ အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။” လို့ ပြောပြသွားပါတယ်။
    ဆစ်ဂနယ်သွားတိုက်ဆေးဟာ ကမာ့္ဘသွားနှင့်ခံတွင်းကျန်းမာရေးအဖွဲ့အစည်းဖြစ်တဲ့ FDI က ထောက်ခံချက်ရရှိထားတဲ့ တစ်ခုတည်းသော သွားတိုက်ဆေးဖြစ်ပါတယ်။

    Unilever Oral Care ရဲ့ အကောင်းမွန်ဆုံး နည်းပညာနဲ့ ပေါင်းစပ်၍ Signal က Fluoride နဲ့ Active Micro-calcium တို့ပါဝင်တဲ့ သွားပိုးပေါက်များကို ကာကွယ်ပေးတဲ့ သွားတိုက်ဆေးကို ထုတ်လုပ်ခဲ့ပြီး နှစ်ဆအစွမ်းနဲ့ သွားပိုးပေါက်များကို ကာကွယ်ပေးနိုင်တယ်လို့ ဓါတ်ခွဲစမ်းသပ် အတည်ပြုထားပြီးဖြစ်ပါတယ်။
    Unilever ရဲ့ Oral Care Senior Brand Manager ဖြစ်သူ မဇင်မျိုးထက်က၊ “မနက်နဲ့ည နေ့စဉ်ပုံမှန်သွားတိုက်ခြင်းရဲ့ အရေးကြီးပုံကို လူထုကို လှုံ့ဆော်ပေးခြင်းနဲံ ဆစ်ဂနယ်က မြန်မာနိုင်ငံရှိ မိသားစုတွေအတွက် သွားနဲ့ခံတွင်းကျန်းမာရေးကောင်းမွန်ပြီး သွားပိုးပေါက်ကင်းစင်သော အနာဂတ်ကို ဖန်တီးနိုင်ရန် ရည်မှန်းချက်ထားရှိပါတယ်။
    နှစ်စဉ်ကျင်းပလျက်ရှိတဲ့ ကမ္ဘာ့သွားကျန်မာရေးနေ့ဟာ ကျွန်မတို့ရဲ့ ရည်မှန်းချက်ကိုပြည့်မှီအောင်လုပ်ချက်များစွာထဲမှတစ်ခုဖြစ်ပါတယ်။

    ၂၀၂၀ ခုနှစ်တွင်မြန်မာနိုင်ငံရှိ ကလေးငယ် (၆)သန်းကို သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာများ ပေးဝေနိုင်ရန် ရည်ရွယ်ထားပြီး ၂၀၁၇ ခုနှစ်အထိ ကလေးငယ် ၃.၄ သန်းကျော် ကို ပညာပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။
    ပွဲနေ့တွင် မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်းရဲ့ ဥက္ကဌဖြစ်သူ ပါမောက္ခ ဒေါက်တာ သိန်းကြူ ကအမှာစကား ပြောကြားခဲ့ပြီး ဒေါက်တာ သိမ့်သိမ့်သန်းဝေ (လက်ထောက်ကထိက) က သွားနဲ့ ခံတွင်းဆိုင်ရာ ဗဟုသုတများနဲ့ သွားပိုးပေါက်ဖြစ်ပွားစေသော အကြောင်းအရာများ၊ ကာကွယ်နည်းများ၊ နည်းစနစ်မှန်သွားတိုက်နည်းများကို ကလေးများနှင့်အတူ သရုပ်ဖော်ပြသခဲ့ပါတယ်။
    မြန်မာနိုင်ငံကလေးငယ်တွေရဲ့ သွားနဲ့ခံတွင်း ပညာပေး ကဗျာရွတ်ဆိုခြင်းတွေ ပါဝင်ခဲ့ပါတယ်။
    မြန်မာနိုင်ငံရှိ ကလေးငယ်များအတွက် သွားပိုးပေါက်ကင်းစင်သော အနာဂတ်ဖန်တီးနိုင်ရန် ပွဲတက်ရောက်ခဲ့သူများက ယင်းပွဲစဉ်က ဗဟုသုတများစွာ ပေးအပ်နိုင်ခဲ့ပြီး ကမ္ဘာ့သွား ကျန်းမာရေးနေ့ကို ဂုဏ်ပြုမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဆစ်ဂနယ်က ရန်ကုန်တိုင်း မြန်မာနိုင်ငံသွားနဲ့ခံတွင်းဆရာဝန်အသင်းခွဲ နဲ့ အတူပူးပေါင်းပြီး သွားနဲ့ခံတွင်းအခမဲ့စစ်ဆေးကုသမှုများ ၊ မြိတ်မြို့နယ်ရှိ ဒက္ခိနဒီပါ ဆေးရုံနှင့်အတူ သွားနှင့်ခံတွင်းအခမဲ့ ခံတွင်းစစ်ဆေးရေးများတွင်လည်း ဆစ်ဂနယ်သွားတိုက်ဆေးများနဲ့အတူ ပါဝင်ခဲ့ပါတယ်။

    Read more about article Here

     

     

     


    Read 147 times Last modified on Thursday, 22 March 2018 05:29
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.