Tuesday, 13 February 2018 06:42 Written by 

20180211 133609


    ရန်ကုန်မြို့ရဲ့ နာမည်ကြီး ဘားနဲ့ စားသောက်ဆိုင် တစ်ခုအဖြစ် နာမည်ရလာတဲ့ Babett က ချစ်သူများနေ့မှာ အစားအသောက်ကို ချစ်မြတ်နိုးတဲ့ မိမိချစ်ခင် နှစ်သက်ရသူနဲ့ အရသာရှိတဲ့ အစားသောက်တွေကို အတူတကွ မြိန်ယှက်စွာ စားသောက်နိုင်မယ့် ပြီးပြည့်စုံတဲ့ အထူးညစာ မီးနူးကို ဖန်တီးပြင်ဆင် ပေးထားပါတယ်။
 အဆိုပါ ညစာကို Babett ရဲ့ စာဖိုးမှူး ခေါင်းဆောင် “Chef Christophe Buzare” ကိုယ်တိုင် ပြင်ဆင် ချက်ပြုတ် ပေးသွားမှာဖြစ်ပြီး ပြီးပြည့်စုံတဲ့ “A la Carte” မီနူးကို ချစ်သူများနေ့မှာ ညနေ ၆ နာရီကနေ ညမိုးချုပ်တဲ့အထိ ရရှိမှာဖြစ်ပါတယ်။

20180211 140015
မီးရောင်မှိန်မှိန် ထွန်းထားပြီး သာယာငြိမ့်ညောင်းတဲ့ တေးသံ ပျံ့လွင့်နေမယ့် ရင်ခုန် ကြည်နူးဖွယ်ရာ အပြင်အဆင် အောက်မှာ မိမိချစ်သူနဲ့အတူ ညစာ သုံးဆောင်နိုင်ဖို့ ပြင်ဆင်ပေးသွားမှာ ဖြစ်သလို ညစာမီနူးထဲမှာ ပါဝင်တဲ့ အစာပြေနဲ့ အဓိက ဟင်းပွဲတွေထဲက အသား၊ ငါး နဲ့ ဟင်းသီးဟင်းရွက် ဟင်းလျာတွေကိုလဲ စိတ်ကြိုက်ရွေးချယ် စားသုံးနိုင်မှာ ဖြစ်ပါတယ်။ အစာပြေအတွက် တစ်ခုချင်းစီ အလှည့်ကျ စိတ်ကြိုက် စားသုံးနိုင်မှာဖြစ်သလို ပေါ့ပေါ့ပါးပါး စားသုံးလိုသူတွေ အတွက်လည်း ထောပတ်သီး၊ ကြက်သွန်ဖြူ ၊ ငရုပ်ပွတို့နဲ့ ရောချက်ထားတဲ့ အနှစ်နဲ့တွဲဖက်ပြီး စားသုံးရတဲ့ ပုစွန် ကြွပ်ကြော်ကိုပါ ပြင်ဆင်ပေးထားမှာ ဖြစ်ပါတယ်။

20180211 142940
ဒါ့အပြင် ကညွှတ်မီးကင်ကို ကြက်ဥ အကြွပ်ကျော်နဲ့ မုန်ညှင်းအနှစ်တို့နဲ့ တွဲဖက်ထားတဲ့ ဟင်းလျာကိုလည်း ရရှိမှာဖြစ်ပြီး ချစ်သူများနေ့ညမှာ ဗိုက်ပြည့်ကားအောင် စုံစုံလင်လင် စားချင်ကြတဲ့ အစားအသောက် ခုံမင်တဲ့ စုံတွဲတွေအတွက်လည်း ချစ်သူနှစ်ဦးဝေမျှကာ အပြည့်အဝစားနိုင်မယ့် ၇၅၀ ဂရမ်ရှိတဲ့ အမဲနံရိုးကပ်သားဟင်း၊ ပင်လယ်ငါးဟင်း၊ သစ်အယ်သီးနဲ့ မှိုဆန်ပြုတ်တို့ပါဝင်တဲ့ ဟင်းပွဲကိုလည်း သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

အမျိုးအစားစုံလင် ပြည့်စုံလွန်းလှပြီး အရသာထူးကဲလှတဲ့ ဟင်းလျာတွေအပြင် ချစ်သူများနေ့ဆိုတဲ့ အဓိပ္ပာယ်ကို ပြီးပြည့်စုံသွားစေမယ့် ချစ်သင်္ကေတကို ဖော်ညွှန်းတဲ့ ချောကလက်နနဲ့ စတော်ဘယ်ရီတို့နဲ့ ရင်ခုန်ကြည်နူးဖွယ် ဖန်တီးထားတဲ့ Babett ရဲ့အချိုပွဲတွေ ဖြစ်တဲ့ Marshmallow Chocolate Fondue အမည်ရတဲ့ ချောကလပ်အနှစ်နဲ့ တို့စားရတဲ့ ပန်းရောင်မုန့်အချို ၊ Chocolate Volcano လို့ ခေါ်တဲ့ ရေခဲမုန့် သို့မဟုတ် စတော်ဘယ်ရီနဲ့ ပန်းသီးတို့ကို ပူပူနွေးနွေး ချောကလပ် ကိတ်မုန့်နဲ့ တွဲစားရတဲ့ အချိုပွဲတို့ကိုလည်း ရရှိသုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

27629247 145556956123301 3490788129676388077 o
 Babett မှာ ပြင်သစ်နဲ့ မြေထဲပင်လယ် ဒေသမှ အရသာထူးကဲလှတဲ့ ဟင်းလျာတွေကို ချစ်သူနှစ်ဦး ကြည်နူး ပျော်ရွှင်စွာ သုံးဆောင်နေမယ့် အချိန်မှာ ချစ်သူနှစ်ဦးရဲ့ စားပွဲပေါ်မှာ နှင်းဆီပန်း လက်ဆောင်ကို Babett မှ လက်ဆောင်အဖြစ် ပေးသွားဦးမှာ ဖြစ်ပါတယ်။ Valentine Day ချစ်သူများနေ့အတွက် ကြိုတင် နေရာမှာယူချင်တယ် ဆိုရင်တော့ ၀၁ ၂၄၃၆၃၈ နဲ့ အီးမေးလ် လိပ်စာ [email protected] ကို ဆက်သွယ်နိုင်ပါတယ်။

Read more about aritcle Here

 

 


Read 1479 times Last modified on Tuesday, 13 February 2018 06:55
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.