Tuesday, 24 October 2017 05:46

breast
ရင်သားကင်ဆာရောဂါဟာ ဒုတိယ အဖြစ်အများဆုံးသော ကင်ဆာရောဂါ ဖြစ်တယ်လို့ အောက်တိုဘာ ၂၁ ရက်နေ့က ရန်ကုန်မြို့ UMFCCI မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Breast Cancer Campaign ၂၅ နှစ်ပြည့် ပွဲအခမ်းအနားက သိရပါတယ်။
ကင်ဆာရောဂါဟာ ကျား/မ အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ တိုးတက်ပြီးသော နိုင်ငံတွေဖြစ်စေ၊ တိုးဆဲဖြစ်တဲ့ နိုင်ငံတွေမှာဖြစ်စေ ရင်သားကင်ဆာရောဂါဟာ အမျိုးသမီးထုရဲ့ အသက်အန္တရာယ်ကို အကြီးအကျယ် ခြိမ်းခြောက်လျက် ရှိနေပါတယ်။ ရင်သားကင်ဆာ ဖြစ်ပွားလျက်ရှိတဲ့ အမျိုးသမီး ၈၅ ရာခိုင်နှုန်းဟာ မိသားစုထဲမှာ ရင်သားကင်ဆာဖြစ်ပွားတဲ့ ရာဇ၀င်မရှိဘဲ ရောဂါဖြစ်ပေါ်ခံရခြင်း ဖြစ်တယ်လို့ သုတေသနပြုချက်တွေမှာ ဖော်ပြထားပါတယ်။

ကြောက်မက်ဖွယ် ရင်သားကင်ဆာရောဂါဟာ နေထိုင်မှု ဘ၀ပုံစံနဲ့ အသက်အရွယ်ရဲ့ ပြောင်းလဲခြင်းနဲ့ တိုက်ရိုက် သက်ဆိုင်တာကြောင့် မဖြစ်ပွားမီ ကြိုတင်ကာကွယ် ဂရုပြုခြင်းက ရောဂါမဖြစ်ပွားဖို့ အရေးအကြီးဆုံးဖြစ်ပြီး ကြိုတင်သိရှိ ကုသမှုခံယူခြင်းကလည်း ရင်သားကင်ဆာ ရောဂါကနေ ရှင်သန်လွတ်မြောက်ဖို့အတွက် အရေးပါတယ်လို့ အဆိုပါ အခမ်းအနားကနေ သိရပါတယ်။ ကမ္ဘာနိုင်ငံ အနှံအပြားမှာရှိတဲ့ နိုင်ငံတိုင်းမှာ ပုံမှန် စစ်ဆေးစမ်းသပ် ကာကွယ်ခြင်းဖြင့် ရင်သားကင်ဆာ ရောဂါကနေ ရှင်သန်မှုရသူ ရာခိုင်နှုန်းဟာ ဖွံဖြိုးပြီးနိုင်ငံတွေမှာ ၈၀ ရာခိုင်နှုန်း ရှိနေပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ၄၀ ရာခိုင်နှုန်းရှိနေပြီ ဖြစ်ပါတယ်။

၁၉၉၂ခုနှစ်က Este’e Lauder Campanies ရဲ့ လူသားအကျိုးပြု လုပ်ငန်းတစ်ခုဖြစ်တဲ့ Breast Cancer Campaign လို့ ခေါ်တဲ့ ရင်သားကင်ဆာ ဂရုပြုလှုပ်ရှားမှု တစ်ခုကို အမျိုးသမီးထုအတွက် ရည်ရွယ်ပြီး စတင်တည်ထောင် လှုပ်ရှားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း Breast Cancer Campaign ကို ၂၀၁၃ ခုနှစ်က စတင်ပြီး ပါဝင်လှုပ်ရှားခဲ့ပါတယ်။ အဆိုပါ Campanies ကို Han Ideal Trading Ltd က နှစ်စဉ်နှစ်တိုင်း ရင်သားကင်ဆာအကြောင်း သိကောင်းစရာ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲတွေကို မတည်ကျင်းပပြီး ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းနဲ့ ပူးပေါင်းပြီး ကျွမ်းကျင်ဝါရင့် ဆရာဝန်ကြီးတွေနဲ့ စမ်းသပ်စစ်ဆေးပေးခြင်း၊ ရင်သားကင်ဆာရောဂါ ဖြစ်ပွားသူတွေရဲ့ ကုသမှုတွေကို ထောက်ပံ့ပေးခြင်းနဲ့ ရင်သားကင်ဆာရောဂါ  သံသယရှိသူ မြန်မာအမျိုးသမီးတွေကို ရင်သားစမ်းသပ် စစ်ဆေးမှုတွေကို ကူညီထောက်ပံ့ပေးခြင်း စတဲ့ အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။

ဖူးပွင့်သူ
Read More About Health Articles Here


Read times Last modified on Tuesday, 24 October 2017 06:17
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.