ďťż
Tuesday, 05 September 2017 10:38

Things to do02
ဖက်ရှင်နဲ့အလှအပကို ချစ်တတ်သူတွေအတွက် Myanmar Plaza Beauty Show  
Myanmar Plaza Beauty Show ကိုတော့ စက်တင်ဘာလ ၁ရက်ကနေ ၁၀ရက်အထိ Myanmar Plaza မှာ ကျင်းပပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ဒီ Beauty Show လေးမှာ နာမည်ကျော် ဖက်ရှင်နဲ့ Cosmetic Brand တွေ အများကြီးရှိနေမှာပါ။ ပွဲကို လာရောက်မယ့် ပရိသတ်တွေအတွက် Promotion Voucher တွေ အများကြီး စီစဉ်ထားပြီး နာမည်ကျော်ဖက်ရှင် Stylist Yoko San နဲ့ နာမည်ကျော် Beauty Blogger PhyoDaybyDay တို့ပါ ပရိသတ်ကြီးနဲ့ အတူရှိပြီး ဖက်ရှင်၊ အလှအပနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကိုလည်း မျှဝေပေးဦးမယ့် အစီအစဉ် ရှိပါတယ်။ ပွဲစဉ် ၁၀ရက်လုံးလုံး တစ်ခါမှမကြုံဖူးလောက်တဲ့ Big Sales တွေ၊ ပရိုမိုးရှင်းတွေ အများကြီး အများကြီး ရှိနေဦးမှာဆိုတော့ အလှအပ ကြိုက်နှစ်သက်တဲ့ မိန်းကလေးတိုင်း လက်မလွှတ်သင့်တဲ့ Beauty Show လေးပါပဲ။
The Beauty Boutique
The Beauty Boutique ရဲ့ မိုးရာသီ အထူး Promotion 

The Beauty Boutique ကနေ မိုးရာသီ  Promotion အနေ စက်တင်ဘာလ တစ်လလုံးကို အထူးလျော့ဈေးတွေနဲ့ ပြုလုပ်ပေးမှာပဲ ဖြစ်ပါတယ်။ Promotion အနေနဲ့ Special Set တွေကို မိတ်ကပ်၊ Cosmetics အပြင် Wet n Wild Brush လေးတွေကိုပါ ဒီထက်ပိုပြီး ဈေးသက်သက်နဲ့ ဝယ်ယူနိုင်အောင် စီစဉ်ပေးထားပါတယ်။ အံ့သြဖွယ်ရာ လျှော့ဈေးတွေနဲ့ Special Set တွေအပြင်၂၀,၀၀၀ ကျပ်ဖိုးဝယ်ယူ အားပေးသူတွေကို ဂျာမနီနိုင်ငံထုတ် Dulgon အမှတ်တံဆိပ် အိပ်ဆောင် Hand-Sanitizer လက်ဆောင်၊ ၃၅,၀၀၀ ကျပ်ဖိုး ဝယ်ယူအားပေးသူတွေကို ဂျာမနီနိုင်ငံထုတ် Dulgon အမှတ်တံဆိပ် Classic Shampoo လက်ဆောင်၊ ၅၀,၀၀၀ ကျပ်ဖိုး ဝယ်ယူအားပေးသူတွေကို အီတလီနိုင်ငံထုတ် Clinians အမှတ်တံဆိပ် Sensitive Cleanser လက်ဆောင်၊ ၇၀,၀၀၀ ကျပ်ဖိုး ဝယ်ယူအားပေးသူတွေကို ဂျာမနီနိုင်ငံထုတ် Diplona အမှတ်တံဆိပ် Volume Shampoo လက်ဆောင်၊ ၁၀၀,၀၀၀ ကျပ်ဖိုး ဝယ်ယူအားပေးသူတွေကို (Eyeshadow ၂၄ ရောင်၊ ပါးနီ ၃ ရောင်၊ နှုတ်ခမ်းနီ ၆ ရောင်၊ Eye Pencil ၂ ခုနဲ့ Applicator ၂ ခု ပါဝင်တဲ့) ၃၈,၅၀၀ ကျပ်တန် အီတလီ အမှတ်တံဆိပ် Bellaoggi ရဲ့ 24 Ore Color Chart နဲ့ Sensitive Face Cleanser လက်ဆောင်၊ ၂၀၀,၀၀၀ ကျပ်ဖိုး ဝယ်ယူအားပေးသူတွေကို (Eyeshadow ၅၄ ရောင်၊ ပါးနီ ၆ ရောင်၊ နှုတ်ခမ်းနီ ၉ ရောင်၊ Eye Pencil ၁ ခု၊ Mascara ၁ ခုနဲ့ Applicator ၆ ခုပါဝင်တဲ့) ၄၅,၀၀၀ ကျပ်တန် အီတလီ အမှတ်တံဆိပ် Bellaoggi ရဲ့ My Bag Color Chart နဲ့ Sensitive Face Cleanser လက်ဆောင် ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အထူး အစီအစဉ်အနေနဲ့ ၃၅,၀၀၀ ဖိုးနဲ့ အထက်မှာရင်တော့ အပေါ်မှာ ပြောပြထားတဲ့ လက်ဆောင်တွေ အပြင် ရန်ကုန်မြို့တွင်းဆိုရင် အိမ်အရောက် အခမဲ့ ပို့ပေးဦးမှာတဲ့နော်။
Singapore Festival 2017
Singapore Festival 2017

စင်ကာပူပွဲတော်ကိုတော့ စက်တင်ဘာ ၇ရက်နေ့ကနေ ၁၀ရက်နေ့အထိ ရန်ကုန်မြို့မှာရှိတဲ့ Junction City မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ လေးရက်ကြာကျင်းပမယ့်  စင်ကာပူပွဲတော်မှာ တစ်မိသားစုလုံးအတွက် ပျော်ရွှင်ဖွယ်ရာတွေ တစ်ပါတည်း တွေ့ကြုံခံစားနိုင်ဖို့ကို စီစဉ်တင်ဆက်ထားပါတယ်။ ကလေးတွေအတွက် မျက်နှာဆေးခြယ်ခြင်း၊ ပစ္စည်းတွေ လိုက်လံရှာဖွေ ကစားရတဲ့ Scavenger Hunt လို ကစားနည်း အစီအစဉ်တွေသာမက အကအဖွဲ့ ဖျော်ဖြေမှုတွေနဲ့အတူ ပွဲကာလ လေးရက်စလုံးမှာ နာမည်ကျော် အဆိုတော်တွေဖြစ်တဲ့ ဟဲလေး၊ သားငယ်နဲ့ ပန်းရောင်ခြယ်တို့က သီချင်းတွေ သီဆိုဖျော်ဖြေကြပြီး သူတို့ရဲ့ ခံစားမှု အတွေ့အကြုံတွေကို မျှဝေကြမှာပါ။ ဒါ့အပြင် ပွဲတော်ကို လာရောက်တဲ့ ဧည့်သည်တွေကို စင်ကာပူအစားအစာတွေကို Pan Pacific ရဲ့ Food and Beverage Vice President  ဖြစ်သူ စားဖိုမှုး Tony Khoo၊ စားဖိုမှုး ချိုဝတ်ရည် တို့အပြင် Ya Kun Kaya Toast နဲ့ Titu’s Indian Bistro တို့က စားဖိုမှုးတွေက သရုပ်ပြချက်ပြုတ်ပြီး ပွဲတော်လာသူတွေအနေနဲ့ မြည်းစမ်းနိုင်ကြမှာပဲ ဖြစ်ပါတယ်။
Sein Nan Daw
စိန်နန်းတော်စိန်ရွှေရတနာဆိုင်ရဲ့ ၈  ဆိုင်မြောက်ဆိုင်ခွဲသစ် ဖွင့်ပွဲ

စိန်နန်းတော်စိန်ရွှေရတနာဆိုင်၏ ၈ ဆိုင်မြောက်ဆိုင်ခွဲသစ် ဖွင့်ပွဲကိုတော့ လာမယ့် စက်တင်ဘာလ ၉ ရက်နေ့နဲ့ ၁၀ရက်နေ့တွေမှာ City Mall Shopping Center မှာ ပြုလုပ်မှာပါ။ ဒီပွဲမှာတော့ နောက်ဆုံးပေါ် ပွဲတက်လက်ဝတ်ရတနာ ရွှေထည်ဒီဇိုင်းဆန်းတွေနဲ့ ဆန်းသစ်လှပတဲ့ ကျောက်ထည် တွေ၊ Italy နိုင်ငံထုတ် 18K White Gold ဒီဇိုင်းဆန်းတွေ၊ ကမ္ဘာ့နောက်ဆုံးပေါ် 3D CAD/CAM နည်းပညာကို အသုံးပြုပြီး Invisible Setting, Micro Setting တွေနဲ့ ပြုလုပ်ထားတဲ့ စိန်နဲ့ ကျောက်မျက် လက်ဝတ်ရတနာတွေနဲ့ နိုင်ငံတကာအသိအမှတ်ပြု GIA Certificate တစ်ပွင့်စိန်ကြီး တွေကို City Mall Shopping Center  မှာ ဖွင့်လှစ်ထားတဲ့ သူ့ရဲ့ International Jewelry Showroom ကြီးမှာ Special Discount (10% to 30%) တွေနဲ့ သီးသန့်ဖွင့်လှစ်ပြသပြီး ရောင်းချသွားမှာ ဖြစ်ပါတယ်။
Japan Clothes Promotion
Japan အ၀တ်အထည်တွေကို design စုံလင်စွာနဲ့ ၀ယ်ယူနိုင်မယ့် Japan Clothes Promotion
ဒီ Promotion ကိုတော့ စက်တင်ဘာလ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တွေမှာ ရန်ကုန်မြို့က လှည်းတန်းစင်တာမှာ ကျင်းပပြုလုပ်သွားမှာပါ။။ ဒီပွဲမှာ Japaclo ရဲ့ Japan အ၀တ်အထည်တွေကို design စုံလင်စွာနဲ့ ဈေးနှုန်းသက်သာစွာ ရောင်းချပေးသွားမှာမို့ ဂျပန်ထည်တွေကို သဘောကျသူတွေ လက်မလွတ်သင့်ပါဘူးလို့။


Read 262 times Last modified on Tuesday, 12 September 2017 02:59
Rate :
(0 votes)

3 comments

  • Jere Reveles
    Comment Link

    What part of your research study did you discover the most tough? I am doing a job at school on a really comparable subject and I would enjoy to ask you a couple concerns about research study product.

    Monday, 26 March 2018 22:04 posted by Jere Reveles
    Report
  • Hai Clayman
    Comment Link

    What part of your research study did you discover the most tough? I am doing a job at school on a really comparable subject and I would enjoy to ask you a couple concerns about research study product.

    Sunday, 25 March 2018 05:28 posted by Hai Clayman
    Report
  • Craig Donatich
    Comment Link

    Hi. What was the most valuable source you used when writing this article? I have a project at school that is on a topic that is very similar and I am looking for advice regarding where to begin my research. Thank you for the help! Jennifer-

    Thursday, 01 March 2018 10:36 posted by Craig Donatich
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.