Monday, 04 September 2017 04:21

fitfatherproject
ဒီတစ်ခါမှာတော့ အွန်လိုင်းကနေ တစ်ဆင့် မိမိတို့ရဲ့ ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချဖို့ နည်းလမ်းတွေကို ပေါ့ပေါ့ပါးပါး လေ့လာလို့ရမယ့် နေရာလေးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာ လူငယ်တွေရော လူကြီးတွေပါ ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ အရင်ကထက် ပိုမို စိတ်ဝင်စားလာကြပေမယ့် နေ့စဉ် Gym သွားဖို့ အားလပ်ချိန် ရှိချင်မှ ရှိမှာပါ။ နေ့စဉ် Gym သွားပြီး လေ့ကျင့်ခန်း မလုပ်နိုင်တဲ့လူတွေအတွက် အွန်လိုင်းပေါ်က တစ်ဆင့် အကောင်းဆုံး လမ်းညွှန်ပေးနိုင်မယ့် နေရာတွေကို လေ့လာကြစို့။
fitfatherproject.com
နေ့စဉ် အားကစားခန်းမတွေ သွားဖို့ အချိန်မရသူတွေနဲ့ လေ့ကျင့်ခန်းလုပ်ပြီး ဝိတ်မချချင်သူတွေအတွက် https://www.fitfatherproject.com က ကိုယ်အလေးချိန် လျှော့ချဖို့ အကောင်းဆုံးအထောက်အကူ ပြုပေးပါလိ့မ်မယ်။ ဒီ ဝက်ဘ်ဆိုက်ထဲမှာ ကျွမ်းကျင်ဆရာဝန်တွေရဲ့ အသေးစိတ်ကျလှတဲ့ လမ်းညွှန်ချက် ဗီဒီယိုဖိုင်တွေ၊ သုတေသန အစီရင်ခံစာတွေနဲ့ ဆောင်းပါးတွေ ဖော်ပြပေးထားပါတယ်။ ဘယ်လို ဘယ်ပုံ စားသောက်နေထိုင် ရမယ်ဆိုတာမျိုးတွေ၊ သတ်မှတ်ရက် ပမာဏအတွင်းမှာ ဘယ်လို ကိုယ်အလေးချိန် လျှော့ချသင့်တယ်ဆိုတဲ့ အကြံပြုချက်တွေ သင်လေ့လာလို့ရပါတယ်။
endomondo
endomondo.com

endomondo.com ကိုတော့ App အဖြစ် လူသိပိုများပါတယ်။ တကယ်တမ်းက App မှာရော၊ Web မှာပါ အသုံးတည့်မှုက အတူတူပါပဲ။ လူတိုင်းအတွက် အသုံးဝင်နိုင်မယ့် နည်းစနစ်ကျနလှတဲ့ ကိုယ်အလေးချိန်လျှော့ချရေး အစီအစဉ်တွေကို နေရာတစ်ခုထဲမှာ စုံစုံလင်လင် ထည့်သွင်းပေးထားတာကြောင့် လူကြိုက်များပါတယ်။ Email နဲ့ ချိတ်ဆက် အသုံးပြုနိုင်တာကလည်း လုပ်ငန်းခွင်ထဲရောက်နေချိန်မှာတောင် ဘယ်လိုနေထိုင် စားသောက်သင့်တယ် ဆိုတာတွေကို လမ်းညွှန်နေမှာဖြစ်တာကြောင့် အသုံးပြုသူတွေအတွက် အတော်အဆင်ပြေစေပါတယ်။
Healthy Eats
HealthyEats.com
HealthyEats.com ကတော့ နာမည်ကျော် Blog အနေနဲ့သာမက လူမှုကွန်ယက်ပေါ်မှာလည်း အရမ်း Active ဖြစ်တဲ့ Page ကို တည်ထောင်ထားတာကြောင့် ဆိုရှယ်မီဒီယာကနေတစ်ဆင့် သုံးချင်သူတွေအတွက်လည်း အသုံးတည့်ပါလိမ့်မယ်။ ဒီ Page လေးကို Like လုပ်ထားရင် ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး လွယ်လွယ်နဲ့ မြန်မြန် ဝိတ်ချနိုင်စေမယ့် နည်းလမ်းတွေ၊ အစားအစာတွေ အကြောင်းတွေနဲ့ အဲဒီအစားအစာတွေကို ဘယ်လို ချက်ပြုတ်စားသောက်ရမယ် ဆိုတဲ့နည်းလမ်းတွေကို ဗီဒီယိုဖိုင်တွေ၊ ဆောင်းပါးတွေနဲ့ ရှင်းလင်း တင်ပြပေးထားသလို Website မှာလည်း ဒါတွေကို ပိုမိုအသေးစိတ်ကျကျ ရှင်းလင်းပြထားတာကြောင့် ပုံမှန် ဝင်ဖတ်ရှုလေ့လာလို့ ရပါတယ်။
eDiet
ediets.com

ediets.com မှာတော့ ကျန်းမာရေးအတွက် သင့်လျော်ပြီး ကိုယ်အလေးချိန်ချပေးနိုင်တဲ့ နေထိုင်စားသောက်မှု ပုံစံတွေကို ပုံမှန်တင်ဆက်ပေးပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကိုလည်း ဖတ်ရှုနိုင်သလို Twitter နဲ့ Bolg တွေကနေတစ်ဆင့်လည်း ဆက်သွယ် မေးမြန်းလို့ရပါတယ်။
Weightwatcher
weightwatchers.com

weightwatchers.com ဆိုတဲ့ Website ကတော့ နေ့စဉ် ပြုမူနေထိုင်သင့်တဲ့နည်းလမ်းတွေနဲ့ ခန္ဓာကိုယ် အလေးချိန်ကို လျှော့ချပေးနိုင်တဲ့ အစားအစာတွေအကြောင်းကို စုစည်းဖော်ပြလေ့ရှိပါတယ်။ ကိုယ်အလေးချိန် ထိန်းသိမ်းဖို့နဲ့ လျှော့ချဖို့အတွက် နေ့စဉ် ဘာလိုတွေ ပြုမူနေထိုင်သင့်တယ်၊ ဘာအစားအစာတွေ စားသောက်သင့်တယ် ဆိုတာမျိုးတွေကို လွယ်လွယ်ကူကူ နားလည်အောင် ဖော်ပြလေ့ရှိပါတယ်။ ဒါ့အပြင် နာမည်ကျော် Celebrity တွေရဲ့ ခန္ဓာကိုယ် အလေးချိန် ထိန်းသိမ်းရေး နည်းလမ်းတွေကိုလည်း ပုံမှန်တင်ဆက်လေ့ရှိပါတယ်။

ရဲဇွန်အောင်
Read More About Digital Articles Here
Read More About Health & Beauty Articles Here


Read 231 times Last modified on Monday, 04 September 2017 04:37
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.