Tuesday, 04 July 2017 04:58

shutterstock 247257256
ကျောပြင်နဲ့ခါးမှာ ရှိနေတဲ့အဆီတွေကြောင့် သင့်ကိုယ့်သင် မလုံမလဲဖြစ်နေသလား။ ဒါက သင့်တစ်ယောက်တည်းမှာ ဖြစ်နေတာမဟုတ်ပါဘူး။ အမြဲတမ်း မှန်ရှေ့မှာပဲ မြင်နေရတဲ့  ကြွက်သားတွေကိုပဲ အာရုံထားမိပြီး ကျောပြင်ကအဆီတွေကို လုံးဝကို မေ့နေတတ်ကြတာ ဓမ္မတာပဲမို့ပါ။ ဘာပဲပြောပြော ဗိုက်သားလေးတွေ ချပ်ရပ်နေသလို ကျောပြင်လေးတွေကိုလည်း gym မှာ နည်းနည်းတော့ အလုပ်ပေးရပါလိမ့်မယ်။ ဒီတော့ ကျောပြင်ကလေး ကျစ်လျစ်နေဖို့အတွက် စိတ်လှုပ်ရှားစရာ ကြွက်သားတွေရဖို့ အမိုက်စား လေ့ကျင့်ခန်းလေးတွေကို ပြောပြပေးထားပါတယ်။ ကျောပြင်နဲ့ခါး အဆီကျဖို့ ဆော့တဲ့အခါ သင့်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးတင်မကပါဘူး၊ သင့်ရဲ့ ခန္ဓာကိုယ် ကိုယ်နေကိုယ်ဟန် အနေအထားနဲ့ ခွန်အားကိုပါ သိသိသာသာ တိုးတက်စေလာနိုင်ပါတယ်။
မှန်ကန်တဲ့ အစားချင့်ချိန်စားသုံးမှုနဲ့ ကျောပြင် အဆီကျနိုင်တဲ့ လေ့ကျင့်ခန်းမျိုးတွေဟာ ကျောနာခါးနာတဲ့ ဝေဒနာကို သက်သာစေသလို ကျောပြင်၊ ခါး အစရှိတဲ့ နေရာတွေက အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲဒီ အကျိုးသက်ရောက်စေတဲ့ အချက်နှစ်ချက်ဟာ သင့်ကို ပိုမိုသန်မာစေပြီး သင့်ရဲ့လေ့ကျင့်ခန်း ပြုလုပ်မှုလုပ်ငန်းစဉ်ကိုလည်း အဆင့်မြင့်တက်စေမှာပါ။
အလေးဆွဲတင်အနေအထား
လက်သီးဆုပ်လျက် ကုန်းနေတဲ့ အနေအထားမှာ လက်သီးဆုပ် တစ်ဘက်စီအစွန်းဟာ ခြေဖနောင့် အတွင်းသားနဲ့ ထိထားပါစေ။ ဒူးကို ဖြောင့်ထားပါ။ ကျောပြင်ကို ဆန့်ထားပါ။
လက်နှစ်ဖက်နဲ့ ဝိတ်အလေးကို ဆွဲတင်ပါ။ လက်မောင်းတွေကို ကြမ်းပြင်ဘက်သို့ တဖြောင့်တည်း ထုတ်ထားပါ။ ပြီးတဲ့အခါ ဝိတ်အလေးကို သင့်ခါးနဲ့ အညီ ဆွဲတင်ပါ။
ဖြည်းဖြည်းနဲ့ ထပ်ခါထပ်ခါ လုပ်ကြည့်ပါ။
ရှောင်ရန် - သင့်ပခုံးနဲ့သာ ထိန်းပါ ကျောကို မထိပါစေနဲ့။
ပခုံးဆွဲခိုလေ့ကျင့်ခန်း
ဆွဲခိုဘားအောက်မှာ ရပ်နေပါ။ လိုအပ်ရင် ခြေခု ခံထားပါ။
လက်နှစ်ဖက်စလုံးနဲ့ ဆွဲခိုဘားအား ခုန်ပြီး လှမ်းဆွဲပါ။ သင့်မေးစေ့ကို ဘားခိုတန်းအပေါ်မှာ ထားပါ။
သင့်လက်မောင်းများ ခံနိုင်တဲ့အထိ အတတ်နိုင်ဆုံး သင့်ကိုယ်သင် ဖြည်းဖြည်းချင်း ခိုဘားမှ နိမ့်ဆင်းပါ။
နားပြီး ထပ်ခါထပ်ခါ လုပ်ပါ။
အဆီတွေကို အဝေးကိုသာ ကန်ထုတ်လိုက်ပါ           
သင့်တော်တဲ့ ကိုယ်လုံးကို ထိန်းသိန်းခြင်းနဲ့ သင့်ခန္ဓာကိုယ်ကို ဂရုစိုက်တာဟာ မှန်ကန်တဲ့ လေ့ကျင့်ခန်းချည်းပဲ မဟုတ်ပါဘူး။ မှန်ကန်တဲ့ အစားအသောက်ကို စားသုံးဖို့လည်း လိုအပ်ပါသေးတယ်။ ကျန်းမာစေတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးတာ၊ လေ့ကျင့်ခန်းပြုလုပ်တာဟာ အချင်းချင်း ဆက်နွှယ်နေတာပါပဲ။ သကြားနဲ့ အမျှင်ဓာတ် လျှော့ချ သန့်စင်ထားတဲ့ အစားအသောက်တွေ (အီတလီခေါက်ဆွဲနဲ့ ပေါင်မုန့်) အစရှိတာတွေဟာ သင့်ရဲ့ကိုယ်အလေးချိန်ကို တက်စေပြီး သင့်ခန္ဓာကိုယ်ထဲမှာ အဆီတွေကို သိုလှောင်ဖို့ အားပေးပါတယ်။ အမျှင်ဓာတ်ြွကယ်ဝတဲ့ အသီးအနှံတွေနဲ့ ပရိုတင်းဓာတ်ပေါများတဲ့ ကြက်ဥနဲ့ ကြက်သားအစရှိတာတွေကို စားသုံးပေးသင့်ပါတယ်နော်။
ဂျိမ်း
Read More About Beauty & Health Articles Here


Read 290 times Last modified on Tuesday, 04 July 2017 05:11
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.