Friday, 23 June 2017 10:47

Honey
ပျားလေးတွေ ပန်းဝတ်ရည်တွေ စုပ်ယူ စုဆောင်းရာကနေ ရလာတဲ့ သဘာဝပျားရည်မှာ ကျန်းမာရေး ကောင်းကျိုး အများကြီးရှိတာ သင်သိပါသလား။ ပျားရည်မှာ ဓာတ်တိုးဆန့်ကျင် အစွမ်းတွေအပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပြီး ရောင်ရမ်းမှုလျော့ကျစေတယ်၊ ကိုယ်ခံအား တက်စေတယ်၊ သွေးအချိုဓာတ်ကို ထိန်းညှိပေးတယ်၊ အဆီကျစေတယ်၊ အစာအိမ် အူလမ်းကြောင်းကို ထောက်ပံ့ပေးလို့ အစာခြေဖျက်အား ကောင်းစေတယ်၊ ရင်ပူတာ သက်သာစေတယ် စတဲ့ ဂုဏ်အင်တွေကြောင့် ခန္ဓာကိုယ်တွင်း ဖြစ်ပျက်ခံစားရတဲ့ ရောဂါဝေဒနာတွေကို သက်သာ ပျောက်ကင်းစေနိုင်တယ်လေ။ ဒါပေမယ့် ပျားရည်နဲ့အတူ တွဲစပ်ပေးလေးတဲ့ အရာလေးတွေတော့ ရှိတာပေါ့။ ကဲ လေ့လာကြည့်ကြမယ်။

ပျားရည်နဲ့ သံပရာ
ဒီနှစ်မျိုးကို ရောပြီး စားသုံးပေးရင် အစာခြေအားကောင်းစေပြီး ဝိတ်ကျစေပါတယ်။ အဆိပ်အတောက်တွေကိုလည်း ပြေစေပါသတဲ့။ ဝက်ခြံလည်း သက်သာတယ်နော်။
ပျားရည်နဲ့ သစ်ကြံပိုးမှုန့်
လည်ချောင်းနာတာကို သက်သာစေတယ်၊ ဆံပင်သန်စွမ်းစေပြီး တောက်ပြောင်လှပစေပါတယ်။
ပျားရည်နဲ့ချင်း
ပျို့အန်တာကို သက်သာစေတယ်၊ ခေါင်းတစ်ခြမ်းကိုက်တာ၊ ဓမ္မတာလာချိန်မှာ နာကျင်ကိုက်ခဲတာကို သက်သာစေပါတယ်။
ပျားရည်နဲ့ ငရုတ်ကောင်းမှုန့်
ရေနွေးတစ်ခွက်စာမှာ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်းစာကို ပျားရည် ၂ဇွန်းနဲ့ရောကာ ၁၅မိနစ်လောက်အုပ်ထားပြီး သောက်ပေးရင် အအေးမိ၊ နှာစေး ချောင်းဆိုးတာကို သက်သာစေပါတယ်။
ပျားရည်နဲ့နွားနို့
နွားနို့ပူပူတစ်ခွက်မှာ ပျားရည်တစ်ဇွန်းလောက် ရောပြီး ညအိပ်ရာမဝင်မီ သောက်ပေးရင် ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။
ပျားရည်နဲ့ နနွင်းမှုန့်
ဒီ ၂မျိုး ရောသောက်ပေးရင် ရာသီအကူးအပြောင်း ဓာတ်မတည့်လို့ အအေးမိ နှာစေးတာကို သက်သာစေသလို ရောင်ရမ်းမှု လျော့ကျစေပါတယ်။
ပျားရည်နဲ့လေးညှင်းပွင့်
လေးညှင်းပွင့် ၃-၄ ပွင့်ကို ပျားရည် တစ်ဇွန်းနဲ့ ၄နာရီခန့် စိမ်ပြီး လေးညှင်းပွင့်ကို ပြန်ဆယ်ကာ ပျားရည်ကို သောက်ပေးရင် ခံတွင်းနံ့ဆိုး ကင်းပြီး သွားနာ၊ သွားကိုက် သက်သာစေပါတယ်တဲ့။
ပျားရည်နဲ့ ကြက်သွန်ဖြူ
လေချဉ်တက်တာကို သက်သာစေသလို မှိုပိုးကြောင့်ဖြစ်တဲ့ ရောဂါတွေကို သက်သာစေပါတယ်။ ကိုယ်ခံအားလည်း တက်စေပါသတဲ့။
ပျားရည်နဲ့ ရှာလကာရည်
ဝိတ်ကျစေပြီး လည်ချောင်းနာ၊ ချောင်းဆိုးတာကို သက်သာစေပါတယ်။
ပျားရည်နဲ့  ဖာလာစေ့
လေပွတာ ဝမ်းဖော ဝမ်းရောင်တာကို လည်း သက်သာစေပါတယ်။
Azure
Read More About Beauty & Health Articles Here


Read 219 times Last modified on Friday, 23 June 2017 10:58
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.