Friday, 23 June 2017 10:35

min thway
ကျွန်တော်တို့ဘဝကို ခန္ဓာကိုယ်လို့ သဘောထားကြပါစို့။ နေ့စဉ်ရက်ဆက် ဒီခန္ဓာကိုယ်ကို အနာခံ၊ အပင်ပန်းခံပြီး လိုချင်တဲ့ အနေအထားတစ်ခုရောက်အောင် တည်ဆောက်ရတယ်။ ဒီကြားထဲမှာ မကစားချင်လောက်အောင် နာကျင်ခံစားမှုတွေလည်း ရှိတယ်။ တော်ပါပြီကွာ ဆိုပြီး စိတ်လျှော့ခဲ့ရတဲ့ အချိန်တွေလည်း ရှိတယ်။ သို့ပေမယ့် ဖြစ်ချင်တဲ့စိတ်တစ်ခုတည်းနဲ့ နေ့စဉ်ရက်ဆက် ကစားလာတာ ၁ လ ပြည့်ပြီ။ အများကြီးမဟုတ်ရင်တောင် ကိုယ့်ကိုယ်တိုင်တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး စိတ်ချမ်းသာတယ်။ ဘဝဆိုတာလည်း ကိုယ်ဖြစ်ချင်တဲ့အရာကို နေ့စဉ်ရက်ဆက် လုပ်နေရင် တစ် နေ့ဆိုတဲ့ နေ့ကလည်းဖြစ်ကို ဖြစ်လာမှာပါ။ ဘဝဆိုတာ အားကစား လုပ်တာထက် ပိုနက်နဲပါတယ်။ အတိုက်အခိုက်တွေရှိမယ်၊ အမုန်းတရားနဲ့ လူတွေရှိမယ်၊ အဆင်မပြေမှုတွေရှိမယ်၊ သဘောထားချင်း မတိုက်ဆိုင်တဲ့ လူတွေရှိမယ်။ ကျန်တာတွေ အများကြီးပါ။ သို့ပေမယ့် ရပ်တန့်နေတဲ့လူတွေက နောက် ကျန်ခဲ့မယ်၊ သွားနေတဲ့ လူတွေက ရှေ့ရောက်လာမယ်၊ ဘဝဆိုတာ ကျွန်တော့်အတွက်တော့" ဒဏ်ရာ တွေနဲ့မှ ပိုပြည့်စုံတယ်လို့ ထင်တယ်လို့ " သရုပ်ဆောင် မင်းသွေးက သူ့ရဲ့အားကစားသက်တမ်း တစ်လ အကြာမှာ ရလာတဲ့ရလဒ်နဲ့ ခံယူမှုအပေါ် လူမှုကွန်ယက်ကတစ်ဆင့် သူ့ပရိသတ်ကို ပြောထားတာ ဖြစ်ပါတယ်။
Read More About Celebrity News Here


Read 246 times Last modified on Friday, 23 June 2017 10:42
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.