Thursday, 22 June 2017 10:21

cosmobeaute
နိုင်ငံတကာအလှကုန်ပြပွဲတစ်ခုဖြစ်တဲ့ COSMOBEAUTE  Myanmar 2017 ကို Novotel Yangon Max ဟိုတယ်မှာ ဇွန် ၈ ရက်ကနေ ၁၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကုမ္ပဏီပေါင်း ၄၈ ခု ပါဝင်ပြီး နိုင်ငံတကာအလှကုန် Brand အရေအတွက် ၁၀ဝ ကျော် ပြသရောင်းချတဲ့ အဲဒီပြပွဲကို Red Event Co.Ltd က ကြီးမှူး ကျင်းပခဲ့တာပါ။ Red Event Co.Ltd မှ အလှအပရေးရာ ကျွမ်းကျင်သူဖြစ်ပြီး Executive Director လည်း ဖြစ်တဲ့ Johnathan Lim နဲ့ MY YANGON တွေ့ဆုံမေးမြန်းထားပါတယ်။

COSMOBEAUTE  Myanmar 2017 ပြပွဲကနေရလာမယ့် အကျိုးရလဒ်တွေက ဘာတွေဖြစ်မလဲ။
ဒီပြပွဲကို ကျွန်တော်တို့ လုပ်လာတာလည်း လေးနှစ်ရှိပြီ။ ဒီလေးနှစ်လုံးမှာ ကျွန်တော်တို့ ရည်ရွယ်ချက်တစ်ခုပဲ ရှိတယ်။ မြန်မာပြည်က လူတွေ နိုင်ငံခြားထွက်ဖို့ အခက်အခဲရှိသလို ပညာပိုင်းဆိုင်ရာလည်း ယူဖို့ခက်ပါတယ်။ ကျွန်တော်တို့က ဒီ Brand တွေကို အရင်ဆုံး ချိတ်လိုက်တယ်။ အဲဒီလိုချိတ်လိုက်မှ ကျွန်တော်တို့ မြန်မာပြည်မှာ ခင်းပြလို့ရမှာ။ ဒီမှာလာပြတဲ့ Brand တွေက သူတို့နိုင်ငံမှာ နာမည်ရှိ Brand တွေချည်းပဲ။ စံချိန်မီတဲ့ ထုတ်ကုန်တွေချည်းပဲ။ မြန်မာနိုင်ငံကိုလာဖို့ ဖြစ်နိုင်တဲ့ ထုတ်ကုန်တွေကိုပဲ ခေါ်ယူခဲ့တာပါ။ စီးပွားရေး အခွင့်အလမ်း အတွက်ကတော့ ပုံစံလုပ်လို့ရတယ်။ ပစ္စည်းကိုယ်စားလှယ် ယူလို့ရမယ်။ ပုံစံအမျိုးမျိုးပေါ့။ မြန်မာပြည်မှာလည်း Skin Care အသစ်တွေလည်း အများကြီး ရောက်လာတယ်။ အဲဒါတွေ တော်တော်များများက ကျွန်တော်တို့ COSMOBEAUTE ကနေ ချိတ်ဆက်မိပြီး ရောက်လာတာပါ။ တကယ်လို့ စီးပွားရေးသမားတွေ အနေနဲ့ကလည်း ပြည်ပကနေ ဘယ်လိုထုတ်ကုန်တွေ ဝင်လာနိုင်မလဲဆိုတာကို ကြိုသိအောင် ကျွန်တော်တို့ခင်းပြတယ်။ Opening Market ပေါ့။ နောက်ဆုံးကျတော့ ပရော်ဖက်ရှင်နယ်တွေပေါ့။ နည်းပညာ ဘယ်လောက်အထိ တိုးတက်လာပြီလဲ။ ကိုယ့်ပညာက ထပ်ပြီး လေ့လာဖို့ လိုအပ်နေတဲ့ အကြောင်းအရာပေါ့။ အဲဒီလိုလေးအတွက်ပါ စီစဉ်ထားတာပါ။
မြန်မာနိုင်ငံမှာ Brand အသစ်တစ်ခုပေါက်ဖို့ ဘာတွေက အဓိကကျလဲ။
မြန်မာပြည်မှာတော့ Marketing ဘက်မှာ တော်တော်လိုအပ်တယ်။ ဘယ် Brand မဆိုပေါ့။ Marketing လုပ်နိုင်မှ လူတွေက ဒီ Brand ကို ယုံကြည်မှုရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက သမိုင်းနဲ့ ဆိုင်တယ်။ ဒီပစ္စည်း ကောင်းလား၊ မကောင်းလား ဆိုတာကလည်း လွန်ခဲ့တဲ့နှစ်တွေက မရှိခဲ့ဘူး။ အဲဒီတော့ သုတေသနလုပ်ဖို့ မရဘူး။ အခုချိန်မှာတော့ Brand တွေကလည်း တစ်ပြိုင်နက်တည်း အများကြီးဝင်လာတော့ ထိုးဖောက်ဖို့ ခက်တယ်။ အကုန်လုံးက သူ့ပစ္စည်းကောင်းကြောင်း ပြောမယ်။ သူ့ပစ္စည်းကို သုံးပါဆိုပြီးတော့ ပြောလာကြမယ်။ ဒါပေမယ့် တကယ်ကောင်းတယ်၊ မကောင်းဘူးဆိုတာကတော့ ကိုယ့်ဘက်က စမ်းကြည့်မှ ရတယ်။
ဒါဆို အလှအပနဲ့ ပတ်သက်တဲ့ အလှကုန်တွေရဲ့အကြောင်း သိအောင် ဘယ်လိုလုပ်ပေးသင့်လဲ။
အဓိကတော့ Knowledge ပေါ့။ ကုန်ပစ္စည်း ရောင်းတယ်ဆိုတာက အသိပညာမပါဘဲ ရောင်းလို့မရဘူး။ ကိုယ့်ပစ္စည်း ကောင်းတယ်၊ ဘာကြောင့် ဝယ်ရမလဲ Customer က မေးလာရင် ပြောနိုင်ရမယ်။ Brand တိုင်းက သူ့ရဲ့အကြောင်းကို လူအများသိနိုင်ဖို့ ဝေမျှတတ်ဖို့လိုတယ်။ ကိုယ့်ထုတ်ကုန်ကောင်းတာ ပြောမယ့်အစား ဧည့်သည်တစ်ယောက်ရဲ့ အသားအရေက ဘာတွေလိုအပ်နေလဲ၊ ကိုယ့်ထုတ်ကုန်မှာလည်း ရှိတဲ့အတွက် ဖြေရှင်းပေးနိုင်တယ်ဆိုတာကို ပြောပြနိုင်တာက ပိုကောင်း တယ်လို့ မြင်တယ်။
အလှအပနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအကြံတွေ ပေးချင်တာရှိလဲ။
အလှအပဆိုတာ ကျန်းမာရေးနဲ့လည်း တော်တော်ဆိုင်တယ်။ ကျန်းမာရေးကောင်းမှ ကိုယ့်အတွက် အလှအပနောက်ကို လိုက်လို့ရမှာပါ။
ခိုင်ဇာသွင်
Read More About Business Interview Here


Read times Last modified on Thursday, 22 June 2017 10:42
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.