Friday, 16 June 2017 11:21

natural botox2
အရေးအကြောင်းတွေဆိုတာ အလှအပ မြတ်နိုးသူတွေအတွက် မလိုချင်ဆုံးသော အိုမင်းခြင်း ပြယုဂ်တစ်ခုပါ။ အသက်ကြီးလာရင် ပေါ်လာတတ်တဲ့ အရေးအကြောင်းတွေနဲ့ အသားအရေ တွဲကျတာတွေကို ဖုံးကွယ်နိုင်ဖို့ အဖိုးအခကြီးပြီး ဆိုးကျိုးရှိတဲ့ botox ထိုးခြင်းကလည်း အလှအပမြတ်နိုး သူတွေကြား ရေပန်းစားလျက် ပေါ့။ ငွေသက်သာပြီး အန္တရာယ်ထိခိုက်မှုကင်းတဲ့ သဘာဝ botox လေးတွေရှိတယ်နော်။ MY Yangon ပရိသတ်တွေ လိုချင်ကြမလားပဲ။
natural botox1
ပြောင်းဖူးမှုန့်မုန်လာဥနီ Botox

ပြောင်းဖူးမှုန့် စားပွဲတင်ဇွန်း ၁ဇွန်း၊ မုန်လာဥနီကျိတ်ထားတဲ့ အရည် ၅ဇွန်းနဲ့ သံပရာရည် တစ်ဇွန်းစာကို ရောမွှေကာ ရလာတဲ့အနှစ်ကို သန့်စင်ဆေးကြောထားတဲ့ မျက်နှာအနှံ့သုတ်လိမ်းကာ မိနစ် ၃၀ကြာထားပြီး ရေအေးလေးနဲ ဆေးချပေးရုံပါပဲ။ တစ်ပတ်မှာ ၃ကြိမ်ကနေ ၅ကြိမ်လုပ်ပေးရင် ရပြီနော်။
ဆန်၊ ပျားရည်၊ နွားနို့ Botox

ဆန် စားပွဲတင်ဇွန်း ၃ ဇွန်းကို ရေနဲ့ ရေငှဲ့ချက်သလိုချက်ပြီး ထမင်းရည်ခံယူပါ။ ပျစ်ပျစ်လေးဆို ပိုကောင်းပါတယ်။ ထမင်းရည်ထဲကို နွားနို့နဲ့ ပျားရည် ၁ဇွန်းစီ ထည့်ပြီးရောမွှေကာ သန့်စင်ထားတဲ့ မျက်နှာပေါ်သုတ်လိမ်းပြီး မိနစ် ၃၀ခန့်ထား၊ ရေနွေးနွေးနဲ့ ဆေးချပေးလိုက်ရင် နုပျိုတင်းရင်းတဲ့ အသားအရေကို ရပြီနော်။
Azure
Read More About Health Article Here


Read 269 times Last modified on Friday, 16 June 2017 11:30
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.