Friday, 16 June 2017 09:20

supan htwar
သရုပ်ဆောင်ဆုပန်ထွာက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ခွဲစိတ်ပြုပြင်ခဲ့တဲ့ နှာတံကို ယခုအခါမှာ နောက်ထပ် တစ်ကြိမ် ခွဲစိတ်ပြုပြင်ဖို့အတွက် Korea နိုင်ငံ၊ Seoul မြို့မှာရှိတဲ့ JW Plastic Surgery Medical Center ကို မေ ၁၆ ရက်နေ့က သွားရောက်ခဲ့ပြီး နှာတံအပြင် လည်ပင်းအောက်က အဆီပိုတွေကိုပါ ခွဲထုတ်ခဲ့တယ်လို့ သိရပါတယ်။

"အဓိကက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ပန်ပန် ပြင်ထားပြီးတဲ့ နှာခေါင်းလေးကို follow up လုပ်ဖို့အတွက်ပါ။ ပန်ပန်တို့ အလှအပရေးရာအတွက် ပြင်ချင်တာမှန်သမျှ အဓိက ပံ့ပိုးပေးတဲ့ Grand Esta Myanmar Beauty Center ကို အထူးကျေးဇူးတင်ပါတယ်" လို့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။ Grand Esta Myanmar Beauty Center က သရုပ်ဆောင် ဆုပန်ထွာကို ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားပြီး ကိုရီးယားနိုင်ငံမှာ ခွဲစိတ်ပြုပြင်နိုင်ရန် ပို့ဆောင်ပေးတာလို့ သိရပါတယ်။
ခိုင်ဇာသွင်
Read More About Celebrity News Here


Read 327 times Last modified on Friday, 16 June 2017 09:34
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.