Friday, 02 June 2017 05:14

web3

ဒီနေ့ခေတ်မှာ အလှအပနဲ့ ဆေးပညာ တွဲဖက်ပြီး လူသားတွေရဲ့ ပင်ကိုပုံစံတွေကို ပြောင်းလဲပစ် နိုင်စွမ်းတွေ ရှိလာပါပြီ။ ဒါကြောင့် အလှအပအတွက် မိမိတို့ရဲ့ လိုအပ်ချက်တွေ ဖြစ်ချင်တာတွေကို ဖြည့်ဆည်းနိုင်တဲ့ ဆေးခန်းတွေကလည်း  ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။ ဆေးခန်းတွေထဲကမှ ဒေါက်တာပရင်းယားကလည်း မြန်မာနိုင်ငံမှာ နေရာတစ်ခု ယူထားနိုင်တယ်ဆိုတာ မမှားပါဘူး။ ဒေါက်တာပရင်းယား ဆေးခန်းကတော့ တစ်ကိုယ်လုံး ခေါင်းအစ ခြေအဆုံး အလှအပဆိုင်ရာ တွေကို မိမိစိတ်ကြိုက် ဝန်ဆောင်ပြုလုပ်ပေးတာပါ။

web1
“ညီမတို့ဆေးခန်းမှာ အများဆုံးပြုလုပ်ရတာကတော့ အဆီချရတာပါ။ ပြီးတော့ မျက်နှာ ကြိုးသွင်းတာပေါ့နော်။ မျက်နှာကို တင်းတင်းရင်း ရင်းဖြစ်အောင် လုပ်တာပါ။ နောက်တစ်ခုက Botox ပါ။ မျက်နှာမှာဆိုရင်လည်း ကိုယ်လိုချင်တဲ့ မျက်နှာ အနေအထားအတိုင်း ဖြစ်အောင် လုပ်လို့ရတယ်။ မျက်နှာ တင်းရင်းချင်တာတို့၊ အသားအရေ ကြည်ချင်တာ၊ အဆီချတာ၊ အသားဖြူချင်တာတွေအတွက် လုပ်လို့ရတယ်။ ဝက်ခြံ၊ တင်းတိတ်တွေ လုပ်တာလည်းရှိတယ်။ နေလောင်ဒဏ်တွေ ကုသပေးတယ်။ ခေါင်းကနေ ခြေအဆုံး လုပ်ပေးတယ်။ ညီမတို့ ဆေးခန်းရဲ့ ဆောင်ပုဒ်က သင့်ကို ထာဝရလှပစေရမယ် ဆိုတဲ့ အတိုင်းပါပဲ။“ လို့ ဒေါက်တာပရင်းယားက Sale Supervisor မချမ်းမြေ့က ပြောပြပါတယ်။

Web2
နောက်ထပ် ဒေါက်တာပရင်းယားမှာ ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့ လျှပ်စစ်လှိုင်း၊ အသံလှိုင်း၊ အလင်းလှိုင်း ကုထုံးတွေ၊ ဝက်ခြံပျောက်၊ တင်းတိတ်ပျောက် ပေါင်းတင်ကပ်ခွာ၊ အသားဖြူ ပေါင်းတင်ကပ်ခွာ၊ ဗီတာမင် ပေါင်းတင်ကပ်ခွာ၊ ကော်လာဂျင် ပေါင်းတင်ကပ်ခွာ၊ မျက်နှာဖြူဝင်းစေခြင်း၊ အဆီချ ကုသမှု အစီအစဉ်၊ အသားဖြူစေရန် ကုသမှု၊ ဟော်မုန်းဓါတ် ကုထုံး၊ မှဲ့များဖယ်ရှားပေးခြင်း၊ ဆံပင်သန်စွမ်းစေရန် ကုသမှု၊ အရွယ်တင် နုပျိုစေရန် ကုသမှု၊ အသားရေ တင်းရင်းစေရန် ကုသမှု၊ နှာတံ ဖော်ပေးခြင်း၊ မေးစေ့ ပုံဖော်ပေးခြင်း တွေပဲ ဖြစ်ပါတယ်။

web4
နည်းပညာကတော့ ထိုင်းနည်းပညာ၊ ကိုရီးယား၊ ဂျာမဏီနည်းပညာတို့ကိုအသုံးပြုထားပြီးတော့ ဆေးအမျိုးအစားတွေကလည်း ကိုရီးယား၊ ဂျာမဏီ၊ ထိုင်းတို့ကပါ။
ဒီဆေးခန်းနဲ့ ပတ်သက်ပြီး မချမ်းမြေ့က “ညီမတို့ဆီ လာပြီးတော့ ပထမအကြိမ် လုပ်ကတည်းက လုံးဝသိသာတဲ့ ကောင်းကျိုးကို ရစေမှာပါ။ ညီမတို့ကုမ္ပဏီကနေ ထိုင်းမှာလည်း ဖွင့်ထားတာ နှစ်ပေါင်း သုံးဆယ်လောက်ရှိပြီ။ ရန်ကုန်မှာကတော့ ငါးနှစ် လောက်ရှိပြီ။ ဆိုင်ခွဲတွေကလည်း အများကြီးရှိတယ်။ ဆိုးကျိုးမရှိပဲ ကာစတန်မာတွေဆီက ကောင်းတဲ့ရလဒ်တွေ ပြန်ရထားပါတယ်” လို့ ပြောပြပါတယ်။

Web
ဒေါက်တာပရင်ယားမှာတော့ အလှအပတစ် ခုချင်းစီအတွက် ဈေးနှုန်းက ပြောင်းလဲသွားမှာပါ။ အနည်းဆုံး ကျပ် သုံးသောင်းကနေ စတင်ပြီး ငါးသိန်း အထိရှိပါတယ်။ တစ်ကိုယ်လုံးစာအတွက် ဆိုရင်တော့ ပရိုဂရမ်တွေ အများကြီး ရှိပါတယ်။ ပရိုမိုးရှင်းအနေနဲ့လည်း တစ်ခုနဲ့တစ်ခု မတူအောင် စီစဉ် ထားတယ်လို့လည်း သိရပါတယ်။ အသားအရေ အလှအပအတွက် ပြုပြင်ထိန်းသိမ်းချင်တဲ့ သူတွေက တော့ အသက် ၁၆ နှစ်က စပြီးတော့ အသက် ငါးဆယ်၊ ခြောက်ဆယ်ကျော်တွေအထိ ပြုပြင်လို့ရပါတယ်။ အသက် ၁၆ အောက်ကိုတော့ ဒေါက်တာ ပရင်းယားမှာ ကုသမှုတွေ ပြုလုပ်မပေးပါဘူးတဲ့။

ဒေါက်တာပရင်းယား
အမှတ် ၂၁၀၊ မြန်မာပလာဇာ ဒုတိယထပ်၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်း
ဖုန်း- ဝ၉- ၇၉၂၂၃၆၈၈၄

ခိုင်ဇာသွင်

Read More Beauty Articles Here

 


Read 276 times Last modified on Friday, 02 June 2017 07:41
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.