Wednesday, 24 May 2017 03:38

loose skin after weight loss surgery

ပိန်​သွယ်​ကျစ်​လျစ်​မှ အလှအပလို့ ​မှတ်​ယူ​နေကြတဲ ဒီ​နေ့​ခေတ်​မှာ အဝတ်​အစားဒီဇိုင်းမျိုးစုံ၊ အသစ်​အသစ်​​သောဆံပင်​စတိုင်​လ်​​လေးနဲ့လန်းချင်​ကြ​တော့လည်း အလှအပမြတ်​နိုးသူတိုင်းရဲ့ ရည်​ရွယ်​ချက်​ပန်းတိုင်​က ကိုယ်​အ​လေးချိန်​​လျော့ကျ​ရေးဖြစ်လာပါတယ်။ ဝိတ်ကျသွားတဲ့အခါ ပိုကြည့်​​ကောင်းလာတဲ့ကိုယ့်ရုပ်​သွင်​အ​ပေါ် ယုံကြည်​မှုပိုတိုးလာ​​တော့တာ​ပေါ့။ ဒါ​ပေမဲ့ ကိုယ်​အ​လေးချိန်​​လျှော့ချသူ​တွေ မ​မေ့မ​လျော့ ကြိုတင်​​တွေး​တောထားသင့်​တာက ဝိတ်​ချ ပြီးတဲ့အခါ ပိုလျှံရွဲကျ​နေမယ့်​ အ​ရေပြား(excess skin) ကိုပါပဲ။

ကျွန်​မတို့အ​ရေပြားမှာ ဆန့်​ကျုံ့အစွမ်းရှိ​ပေမယ့်လည်း ကျွန်​မတို့အသက်​ကြီးလာတာနဲ့အမျှ အ​ရေပြားရဲ့ဆန့်​ကျုံ့အစွမ်းကလည်း ကျလာပါတယ်​။ ဝစဉ်​အခါက ဆွဲဆန့်​ခံထားရတဲ့အ​ရေပြား​တွေဟာ ပိန်​သွယ်​ကျစ်​လျစ်​လာတဲ့အခါ ချက်​ချင်းပြန်​မကျုံ့နိုင်​ဘဲ ပိုလျှံအ​ရေပြားအဖြစ်​ တွဲရွဲကျ​နေတာက အရမ်းကြည့်​ရဆိုးတာ အမှန်​ပါပဲ။

ဒီ​တော့ ကိုယ်​အ​လေးချိန်​​လျှော့ချပြီးတဲ့အခါ ပိုလျှံ​နေတဲ့အ​ရေပြားကို ကျစ်​လျစ်​ပြီး ခန္ဓာကိုယ်​နဲ့တစ်​သားတည်းကျ လှပ​သွား​စေဖို့ နည်းလမ်း​လေး​တွေ ရှိပါတယ်​။ ဒီနည်း​လေး​တွေက​တော့. . .

ခွဲစိတ်​ဖယ်​ရှားတာ
ပေါင်​ ၂၀၀ ​ကျော်​ကိုယ်​အ​လေးချိန်​က​နေ ​ပေါင်​၁၀၀ ​ကျော်​ကိုယ်​ခန္ဓာ​လေးအထိ ​လျှော့ချပြီးသွားရင်​ သင့်​အ​ရေပြား​တွေဟာ ပိုလျှံပြီး အဖတ်​လိုက်​ကြီးတွဲကျ​နေလို့ စိတ်​မပျက်​ပါနဲ့။ ဒီအ​ရေပြား​ကြီး​တွေကို ခွဲစိတ်​ဖယ်​ရှားနိုင်​တာမို့ သိနားလည်​တတ်​ကျွမ်း​တွေနဲ့​တွေ့ဆုံကာ အကြံဥာဏ်​ရယူပါ။ သင့်​အတွက်​ အို​ကေတယ်​ဆိုရင်​​တော့ ခွဲစိတ်​ဖယ်​ရှားလို့ရပါပြီ။ ဒါ​ပေမဲ့ ဒီနည်းလမ်းက ​ဈေးအရမ်းကြီးသလို ​​ဘေးထွက်ဆိုး​ကျိုးနဲ့ အန္တရာယ်​​တွေ များလှတယ်​​နော်​။

စောင့်​ဆိုင်းတာ
တစ်​ခါတစ်​ရံမှာ သင်​ကလည်း အသက်​သိပ်​မကြီး​သေးဘူးဆိုရင်​ အ​ရေပြားဟာ သူ့ဟာသူ တစ်​ဖြည်းဖြည်းပြန်​ကျုံ့သွားတတ်​ပါတယ်​။ သဘာဝဖြစ်​စဉ်​အရ အ​ရေပြားပြန်​ကျုံ့သွားချိန်​ကို အချိန်​ယူ​စောင့်​ဆိုင်းမယ်​ဆိုရင်​ ရပါတယ်​။ ​ဈေးကွက်​ထဲက အ​ရေပြားပြန်​ကျစ်​လျစ်​​စေတဲ့လိမ်း​ဆေးခရင်​မ်​​တွေက​တော့ ​ငွေနဲ့အချိန်​ကို ပြုန်းတီး​စေပါသတဲ့။

muscular strength and endurance fitness level

ရေ​သောက်​တာ
ခန္ဓာကိုယ်​အတွက်​​ ​ရေက အ​ရေးပါသလို အ​ရေပြားအတွက်​လည်း အ​ရေးကြီးပါတယ်​။ ​ရေ​မှန်​မှန်​​သောက်​မယ်​ဆိုရင်​ အ​ရေပြားကို အစိုဓာတ်​ပြည့်​ဝ​စေပြီး ကျန်းမာကြံ့ခိုင်​​စေလို့ သူ့ဟာသူ ပြန်​ကျုံ့သွား​စေပါတယ်​။ ဒါ့အပြင်​ ​ရေ​က သင့်​ခန္ဓာကိုယ်​ထဲက အဆိပ်​အ​တောက်​​တွေကို ဖယ်​ရှား​ပေးရာမှာ ကူညီ​ပေးလို့ ပိုကြည်​လင်​တဲ့အသားအ​ရေကို ရရှိ​စေနိုင်​ပါတယ်​။

လေ့ကျင့်​ခန်းလုပ်​တာ
လေ့ကျင့်​ခန်းလုပ်​ခြင်းရဲ့ ​ကောင်းကျိုး​တွေကို အများကြီး ကြားသိပြီး​ရော​ပေါ့။ ဒီ​နေရာမှာလည်း ​လေ့ကျင့်​ခန်းကို ပြုလုပ်​ဖို့ လိုအပ်​ပါတယ်​။ ထိုင်​ထ​လေ့ကျင့်​ခန်း ၊ ဘားတန်းခိုဆွဲတင်​နဲ့ အ​ပြေး​လေ့ကျင့်​ခန်း​တွေက တွဲရွဲကျ​နေတဲ့အ​ရေပြား​တွေကို ပြန်​လည်​ကျစ်​လျစ်​သန်မာသွား​စေဖို့ ကူညီနိုင်​တယ်​​နော်​။

 နှိပ်​နယ်​တာ
နှိပ်​နယ်​တာကို မနှစ်​သက်​သူ ရှိပါရဲ့လား။ တွဲရွဲကျ​နေတဲ့အ​ရေပြား​ပေါ်မှာ အဆီတစ်​မျိုးမျိုးနဲ့ ပွတ်​လိမ်းနှိပ်​နယ်​​ပေးတာကို ​နေ့စဉ်​လုပ်​​ပေးမယ်​ဆိုရင်​ အ​ရေပြားဟာ ပြန်​ကျစ်​လျစ်​လာမယ့်​အပြင်​ ဝင်းပစိုပြည်​လာမှာ​နော်​။

situp

အိပ်​ထမတင်​ လုပ်​တာ
ညီညာတဲ့ကြမ်းပြင်​မှာ ပက်​လက်​အ​နေအထားနဲ့ ဒူးနှစ်​​ချောင်းကို ၉၀° ​ထောင်​ကာ အိပ်​ထမတင်​​​နေ့စဉ်​​လေ့ကျင့်​​ပေးမယ်​ဆိုရင်​ ဝမ်းဗိုက်​နဲ့ တစ်​ကိုယ်​လုံးကအ​ရေပြား​တွေ အမြန်​ပြန်​ကျစ်​လာပါ​လိမ့်​မယ်​။

ယောဂကျင့်​တာ
ယောဂဆိုတာ စိတ်​​ရောကိုယ်​ပါ ကျန်းမာကြံ့ခိုင်​​စေတဲ့ ကျင့်​စဉ်​တစ်​ခုပါ။ ​ယောကကျင့်​စဉ်​သင်​တန်း​မှာ တက်​​ရောက်​​လေ့ကျင့်​မယ်​ဆိုရင်​ ပိုလျှံရွဲကျ​နေတဲ့အ​ရေပြား​တွေ ပြန်​လည်​ကျစ်​လျစ်​သွားမှာ အ​သေအချာပါ။
ဒီနည်း​လေး​တွေထဲက နှစ်​သက်​ရာနည်းကို ​ရွေးချယ်​လုပ်​​ဆောင်​ပြီး ဝိတ်​လည်းကျ ပိုလည်းလှတဲ့ စမတ်ကျကျ ​မိန်းမလှ​လေးများ ဖြစ်​နိုင်​ကြပါ​စေ​နော်​။

Azure

Read More Articles Here


Read 337 times Last modified on Thursday, 25 May 2017 04:44
Rate :
(0 votes)

1 comment

  • Paul Loves Wireless Alarm Systems
    Comment Link

    I have been investigating this area for around 2 weeks at this point and this is the very first page that truly makes sense. How come it's really hard to locate quality data involving security today? Certainly recognize the time you spent placing your thoughts into words so first-timers similar to myself may take a step. Maybe there is a part two to your post? Many thanks!

    Friday, 09 March 2018 02:55 posted by Paul Loves Wireless Alarm Systems
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.