Monday, 15 May 2017 08:05


shirt ddbasics 2071 in white 01

ကိုယ့်သူငယ်ချင်းတွေထဲမှာ၊ ဒါမှမဟုတ် ကိုယ်ကိုယ် တိုင်က သူများတွေထက်ကြီးတဲ့ ရင်သားမျိုးကို ပိုင်ဆိုင်ထားသူဆိုရင် အဝတ်အစားရွေးချယ်ရာမှာ နည်းနည်းတော့ အခက်အခဲ ရှိနေနိုင်ပါတယ်။ ဘာလို့ လဲဆိုတော့ အွန်လိုင်းရှော့က မှာလိုက်ရင်လည်း ရင်သားနေရာက အဆင်မပြေ၊ ဟော.. . ရှော့ပင်းမောတွေ သွားဝယ်ရင်လည်း တစ်ထည် ရဖို့ အခေါက်ခေါက် အခါခါ ဆိုင်တွေထဲ ဝင်မွှေရတဲ့ ဘဝကိုး။ ဒီလိုပြဿနာ မျိုးဆို ရင်သားကြီးတဲ့ ပျိုမေ တွေ အမြဲကြုံရတဲ့ ဘယ်သူမှမသိတဲ့ ဒုက္ခ တစ်မျိုးပါ။ ဒီတော့ ခုပြောပြမယ့် အဝတ်အစား ၆ မျိုးလောက်သာ ချစ်တို့မှာရှိရင် ဒီပြဿနာတွေကို ဖြေရှင်းပြီးသား ဖြစ်နေပါပြီနော်။

18058228 1258389320947805 9089668631124755897 n

ရှေ့ကြယ်သမီးတပ်အင်္ကျီများ

ရင်သားကြီးတဲ့ ပျိုမေတွေ မဖြစ်မနေ ပိုင်ဆိုင်သင့်တဲ့ အင်္ကျီကတော့ ရှေ့ကြယ်သီးတပ် အင်္ကျီမျိုးတွေ ပါပဲ။ ဒါပေမယ့် ကြယ်သီးတစ်လုံးနဲ့ တစ်လုံးကြား 'ဟ' မနေအောင်သာ သင့်အနေနဲ့ ဂရုစိုက်ပြီးဝယ်ရပါလိမ့်မယ်။ ဒီလိုအင်္ကျီမျိုးဝယ်တော့မယ်ဆို Fitting Room မှာ ဝတ်ကြည့်ပြီး လက်မြှောက်ကြည့်ပါ။ သေချာ စမ်းဝတ်ပြီးမှသာ ဝယ်ပါ။ ဒါမှမဟုတ် ချုပ်ဝတ်မယ်ဆိုရင်လည်း လက်မောင်း၊ ရင်သားအတိုင်းတွေ သေချာ ပေးပြီး ချုပ်ဝတ် နိုင်ပါတယ်နော်။

ကြိုးတစ်ချောင်းခံဝတ်တာမျိုးကလည်း သင် ရင်သားကြီးလွန်းတာကို အဆင်ပြေစေပါလိမ့်မယ်

တစ်ခါတလေ ဘလောက်စ်အင်္ကျီတစ်ထည် ကောက်ဝတ်လိုက်ရင် ရင်သားကြီးတာကို ပိုသိသာသွားစေတာ၊ ဘလောက်စ်က ပါးနေရင် အောက်က ဘရာကို အထင်းသား ပေါ်နေစေတဲ့ ပြဿနာကလည်း ရှိပါသေးတယ်။ ဒီပြဿနာကိုတော့ ကြိုးတစ်ချောင်းခံလေး အတွင်းက ဝတ်ပြီး ဖြေရှင်းနိုင်တယ်လေ။  ကိုယ်အပေါ်က ရင့်တယ်ဆို ရင်တော့ ကြိုးတစ်ချောင်းကို အနက်ရောင် ရွေးနိုင်တယ်လေ။

18156968 1258389334281137 6446047742418160151 n

ဘောင်းဘီအောက်ပွ အကားလေးတွေက သင့်ခန္ဓာကိုယ် အချိုးအစားကို ညီသွားစေပါတယ်

ချစ်တို့ စိတ်ထဲ ငါ့ခန္ဓာကိုယ်မှာ ရင်သားက ကြီးနေတဲ့အတွက် အပေါ်ပိုင်းက ကြီး နေပြီး အောက်ပိုင်းက သေးနေတယ်လို့ ခံစားရတတ်ပါတယ်။ ဒီလိုဆိုရင် ခုခေတ်စား နေတဲ့ ဘောင်းဘီအောက်နား ပွပွကားကားလေး တွေ ဝတ်ထားပြီး တွဲဖက် ဝတ်ဆင်လိုက်ရင် ခန္ဓာကိုယ်အချိုးအစား ညီသလို ဖြစ်သွားပါပြီ။

ခါးနေရာ ကျဉ်းတဲ့Dress တွေလည်း ဝတ်စေချင်ပါတယ်

Shirt Dress လို့ခေါ်တဲ့ တစ်ဆက်တည်း ခပ်ပွပွ Dress မျိုးတွေက ရင်သားကြီးတဲ့သူတွေ ရှောင်ရမယ့် အရာတွေပါ။ ရင်သားကြီးတဲ့သူတွေအနေနဲ့ ဖြစ်နိုင်ရင် ခါးနေရာ ပေါ်လွင်အောင် ဝတ်သင့်ပါတယ်။ ဒါ့ကြောင့်Dress တစ်ထည်ရွေးတော့မယ်ဆိုရင် ခါးသိမ် ထားတဲ့ Dress မျိုးက ပိုအဆင်ပြေပါလိမ့်မယ်။

18157178 1258390194281051 4519050614864773788 n


လည်ပင်းအလှကို ပေါ်လွင်စေမယ့် V ရှိတ်လည်ပင်းပုံစံတွေကလည်း ရင်သားကြီး သူတွေအတွက်ပါ

သင်က ရင်သားကြီးပေမယ့် တစ်ခါတလေ ဒါကို အားသာချက်အဖြစ် လူတိုင်း ငေးရအောင် လုပ်ဆောင် နိုင်ပါတယ်။ အထူးသဖြင့် ပွဲတက်တဲ့အခါ၊ ဒင်နာပွဲတွေ သွားတဲ့အခါ သင့်လည်ပင်းအလှကို ပေါ် လွင်စေမယ့် V ရှိတ်လည်ပင်းပုံစံ Dress တွေ၊ အင်္ကျီ၊ ဘလောက်စတာတွေကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။
ဒီလောက်ဆို ရင်သားကြီးတဲ့ ချစ်တို့ အခြေခံ မဖြစ်မနေ ရှိသင့်တဲ့အင်္ကျီလေးတွေ သိလောက်ပြီပေါ့နော်။   

အချစ်တွေနဲ့မေ

မေသော်

(I am Fashion Blogger)

Read More Fashion Articles Here


Read 290 times Last modified on Monday, 21 August 2017 04:54
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.