Wednesday, 19 April 2017 05:03

17157758 269163606841026 4814121909064791447 o

ခေတ်သစ်ပျိုမဒီတွေကတော့ အလှအပနဲ့ ပတ်သက်လာရင် အမြဲတမ်းကို နည်းလမ်း ရှာဖွေနေကြပါပြီ။ အရေပြားအလှအပတွေသာမက ကိုယ်ခန္ဓာအလှအပ အစိတ်အပိုင်းတွေကိုလည်း လှပဖို့ အထူးဂရုပြုလာကြတာလည်း တွေ့ရပါတယ်။ တချို့ကတော့ လှချင်ရုံသက်သက်၊ တချို့ကတော့ လှပတာအပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုမိုလာစေဖို့အတွက် တချို့ကတော့ ကျန်းမာရေးအထောက်အကူဖြစ်စေဖို့အတွက် ခေါင်းစဉ်အမျိုးမျိုးနဲ့ အားကစားကို ပြုလုပ်လာကြပါတယ်။ လက်ရှိရန်ကုန်မှာ ခေတ်စားနေတဲ့ အားကစားနည်းတစ်ခုကတော့ Bahosi Fitness Center ကပြုလုပ်တဲ့ 7 days Workout  Challenge ဆိုပြီး  အပေါင်းအသင်းတွေနဲ့ အုပ်စုလိုက် ကခုန်ပြီး အဆီချတဲ့နည်းလေးပဲဖြစ်ပါတယ်။
ဒီအားကစားနည်းက အာရှနိုင်ငံတွေမှာတော့ ခေတ်စားနေတာကြာပြီဖြစ်ပေမယ့် မြန်မာပြည်မှာတော့ ခေတ်စားလာတာ မကြာသေးပါဘူး။ ဒီအားကစားနည်းကို သယ်ဆောင်လာသူ ထိုင်းထရိန်နာတစ်ဦးဖြစ်တဲ့ Mr.Kero က သင်တန်းနဲ့ပတ်သက်ပြီးအခုလိုပြောပြတယ်။

"ကျွန်တော်ကတော့ သိထားတဲ့ အကနဲ့ပတ်သက်ပြီးတော့ သင်တန်းတွေကို မြန်မာပြည်မှာ ရှယ်ပေးချင်တယ်။ အာရှနိုင်ငံတွေမှာ လုပ်နေပြီ။ မြန်မာပြည်မှာ တွင်တွင်ကျယ်ကျယ် မလုပ်သေးဘူး၊ အဲဒါကို ဝေမျှပေးချင်တယ်။ ဒီက အားကစားသမားတွေကိုလည်း ဒီအကလေကျင့်ခန်းလုပ်ရင် ကျန်းမာရေးအတွက် ကောင်းတယ် ဆိုတာမျိုးတွေကို အသိပညာပေးချင်တဲ့အတွက်ကြောင့် ဒီလိုလာရတာပဲဖြစ်ပါတယ်" လို့ Mr. Kero က ပြောပြခဲ့ပါတယ်။

17793218 1313756922005950 2072242037 n

7 days Workout  Challenge  အတွက် Bahosi Fitness Center က သင်တန်းကတော့  တစ်နေ့ကို ၂ နာရီနှုန်းနဲ့ လေ့ကျင့်ရတာဖြစ်ပြီးတော့  Indoor မှာ လေးရက်၊ Outdoor ကတော့ သုံးရက် အပေါင်းအသင်းတွေနဲ့ လေ့ကျင့်ကခုန် ရတာလည်းဖြစ်ပါတယ်။ အားကစားနည်းဖြစ်ပေမယ့်  အကနဲ့တွဲဖက်ပြုလုပ်ရတဲ့အတွက် စိတ်လက်ပေါ့ပါးပြီး တခြား အားကစားလေ့ကျင့်ခန်းတွေထက် ပိုပြီး အချိန်ကုန်တာ မြန်စေပါတယ်။  အကတွေကတော့ လူငယ်လူကြီးမရွေးကြိုက်နှစ်သက်တာရွေးချယ်နိုင်တဲ့ အာဖရိက အက ၊ရေထဲမှာ ကစားရတဲ့  Zumba  အက၊ လက်ဝှေ့ထိုးဟန်ကစားရတဲ့ Bounce အက၊  Kukwa  အက၊ Mega Dance အကတွေပဲဖြစ်ပါတယ်။

အားကစားနည်းတွေ လေ့ကျင့်တာတွေနဲ့ ပတ်သက်ပြီး Mr. Kero  က" လေ့ကျင့်ခန်းလုပ်ရင်ကျန်းမာမယ်။  အဲဒါကြောင့်လူတွေက လုပ်ကြတာ။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း ဒီလို တွေ သင်တန်းတက်ခြင်း အားဖြင့်လည်းရရှိနိုင်ပါတယ်။ အကျိုးကျေးဇူးက လှုပ်ရှားနေရတာကိုကြိုက်တဲ့ စိတ်မျိုးလည်းရလာမယ်။ ကိုယ်ခန္ဒာအတွက် လှုပ်ရှားမှု ညီမျှခြင်း၊ ကြံ့ခိုင်ခြင်း ဆိုတဲ့အချက်တွေ ရရှိလာတာကြောင့် လုပ်သင့်တာပါ" ရှင်းပြသွားခဲ့ပါတယ်။

17097999 269163573507696 5787469164083413384 o

ဒီလေ့ကျင့်ခန်းကိုလုပ်တော့မယ်ဆိုရင် လေ့ကျင့်ခန်းမလုပ်ခင်  ၂ နာရီလောက်အလိုမှာကတည်းက အစားစားခြင်းကို ရှောင်ကြဉ်ရပါမယ်။နောက်ပိုင်းမှာတော့ လေ့ကျင့်ခန်းသာ ပုံမှန်လုပ်ထားမယ်ဆိုရင် အစားလျှော့စရာမလိုဘဲ ပုံမှန်စားနေကျပဲ စားသုံးနိုင်တယ်လို့သိရပါတယ်။ ဒါပေမယ့် 7 days Workout  Challenge  ခုနှစ်ရက်ပြီးသွားတဲ့အခါ GYM ပုံမှန်လုပ်နေကျ သူဆိုရင် GYM ကို ပြန်သွား ဆက်လက်လုပ်ဆောင်သင့်ပြီး GYM မဆော့ဖူးတဲ့သူတွေအနေနဲ့လည်း ပုံမှန် GYM ကစားသွားခြင်းနဲ့ ခန္ဓာကိုယ်ကိုထိန်းသွားနိုင်ပါတယ်။

ဒီလို 7 days Workout  Challenge   တွေကို ပြီးခဲ့တဲ့ မတ်လက သင်တန်းစတင်ပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာ တစ်လတစ်ခါ သင်တန်းလုပ်သွားဖို့လည်းရည်ရွယ်ထားပါတယ်။ သင်တန်းကြေးတွေကတော့ တစ်ရက်ဈေးနှုန်း အမေရိကန်ဒေါ်လာ( ၂၀ ) ၊ သုံးရက်ဈေးနှုန်း အမေရိကန်ဒေါ်လာ ( ၄၅ )၊ ခုနစ်ရက်ဈေးနှုန်း ဒေါ်လာ (၇၀) နဲ့ ၂ယောက်စာဆိုရင် (၅) ရာခိုင်နှုန်း ၊ လေးယောက်ဆိုရင် (၁၀ )ရာခိုင်နှုန်း လျှော့ပေးတဲ့အပြင် ဆယ်ယောက်စာဆိုရင် တစ်ဦးအခမဲ့အဖြစ် စီစဉ်ပေးထားပါတယ်။ Bahosi Fitness Center နေပြီးတော့ တစ်လတစ်ကြိမ် ပြုလုပ်သွားမှာဖြစ်ပြီး တက်ရောက်လိုသူတွေကတော့ ဖုန်း -    ၀၉-၇၈၂၆၃၉၈၇၃ ကို ဆက်သွယ်နိုင်ပါတယ်။

ခိုင်ဇာသွင်

Read More Health Articles Here


Read times Last modified on Thursday, 20 April 2017 05:15
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.