Tuesday, 11 April 2017 04:04

14212169 1759233990981578 5398937934565418489 n
အလှကုန်မျိုးစုံမှိုလိုပေါက်လာတဲ့ ခေတ်ရေစီးထဲမှာ အလှကုန်သစ်တစ်မျိုးဖြစ်တဲ့ Note လည်း ပါဝင်လာပါတယ်။ Note အလှကုန်ရဲ့ ရည်ရွယ်ချက်လေးကတော့ မြန်မာပြည်က ပြည်သူတွေ သင့်တင့်ပြီး အရည်အသွေးကောင်းတဲ့ အလှကုန်တွေကို သုံးစွဲစေချင်တဲ့ ဆန္ဒကြောင့်ပါတဲ့။

အဓိက ဈေးနှုန်းကို သင့်တင့်အောင် လုပ်ဆောင်ထားပြီး အရည်အသွေးကိုလည်း အာမခံချက်ပေးထားပါတယ်။

Note အလှကုန်အကြောင်းကိုတော့ မန်နေဂျင်းဒါရိုက်တာ မစိမ့်စိမ့်စိုးက "  2015 တုန်းက Beauty Connect Expo ပွဲကို သွားဖြစ်ခဲ့တယ်။ ကမ္ဘောဒီယားက  B2B ပေါ့နော်။ ကမ္ဘောဒီးယားက Exporter  တွေကို မိတ်ဆက်တာပေါ့နော်။ မြန်မာပြည်ဘက်ကနေ ဖိတ်လို့ သွားတယ်။ အဲဒီမှာ Note မိတ်ကပ် အမျိုးအစားတွေ အများကြီးကို သွားတွေ့တယ်။ မိတ်ကပ်က အရည်အသွေးကောင်းတယ်။ မိတ်ကပ်သား စွဲတယ်။ ရေစိုခံတယ်၊ ကွက်တာလည်းမရှိဘူး။ ပထမအကြိမ် သွင်းပြီးပြီပေါ့နော်။ ဒုတိယအကြိမ် ထပ်မှာတယ်။ ဈေးနှုန်းက အရမ်းလည်း မမြင့်ဘူး။ ကွာလတီလည်း ကောင်းတယ်။ အခြားနာမည်ကြီး တံဆိပ်တွေနဲ့ လယ်ဗယ်တူလောက်အောင် ရှိတယ်။ ဈေးနှုန်းကိုလည်း သင့်တင်အောင် လုပ်ထားပါတယ်။ " လို့ မစိမ့်စိမ့်စိုးက ရှင်းပြခဲ့ပါတယ်။

Note အလှကုန်မှာတော့ ဖောင်ဒေးရှင်းမိတ်ကပ်၊ BB ခရင်မ်၊ Eye Liner ,Eye Brow၊ ပါးနီ၊Eye Shadow ၊ နှုတ်ခမ်းနီ၊ လက်သည်းနီ၊မေးရိုးချမိတ်ကပ်စတဲ့ အလှကုန် မျိုးစုံထွက်ရှိပါတယ်။ ကုမဏီကတော့ ဂျာမဏီအခြေစိုက်ဖြစ်ပြီး ဘရန်းဒ်ကတော့ အီတလီဘ၇န်ဒ်းပါ။ ဈေးနှုန်းတွေကတော့ အနည်းဆုံး ကျပ် 6000 ကနေ ကျပ် 29000 ထိ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရန်ကုန်ကိုယ်စားလှယ်အနေနဲ့ လှည်းတန်းစင်တာ သုံးလွှာမှာ Note ကောင်တာတစ်ခုကို ဖွင့်ထားပါတယ်။ နောက်ပိုင်းမှာတော့ Beauty Diary နဲ့ အခြားသောေ၇ှာ့ပင်းစင်တာတွေမှာ Note ကောင်တာတွေ ဖွင့်လှစ်သွားမှာပါတဲ့။

ခိုင်ဇာသွင်

Read More Beauty Articles Here


Read times Last modified on Wednesday, 12 April 2017 04:29
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.