Monday, 10 April 2017 07:09

1454014350356

ကျွန်မတို့ ဘဝရှင်သန်မှုမှာ အရေးပါတဲ့  အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့ ဆိုတဲ့ အာရုံငါးဖြာအတွက် နေ့စဉ်ဂရုစိုက်မှုလိုအပ်ပါတယ်။ အဲဒီ အာရုံ ငါးဖြာထဲကမှ အကြားအာရုံအတွက် အဓိကဇာတ်ဆောင်ဖြစ်တဲ့ နားရွက်လေးတွေ ကျန်းမာစေဖို့နဲ့ လှပရှင်းသန့်စေဖို့ ထိန်းသိမ်းစောင့်ရှောက်မှုလေးတွေကို  ဒီတစ်ပတ် ဝေမျှပေးပါရစေ။

နားရွက်လေးတွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းပါ။ နားရွက်လေးတွေ မရှိရင် အသံတွေကို ကြားသိခံစားနိုင်မှာ မဟုတ်ပါဘူး။ အကြားအာရုံချို့တဲ့နေရင် စကားလည်း မပြောနိုင်ဘူးပေါ့။ ဒါဆိုရင် လူမှုဆက်ဆံရေးမှာ တစ်ခြားသူတွေနဲ့ ဆက်သွယ်ပေါင်းသင်းဖို့ ခက်ခဲလာပြီလေ။ ဒါကြောင့် ပုံမှန်ပြည့်စုံတဲ့ဘဝမှာ လူတိုင်းဟာ ကိုယ့်တာဝန်နဲ့လုပ်ဆောင်ချက်တွေအတွက် အာရုံငါးပါးဟာ ညီညွတ်နေဖို့ လိုကို လိုတာပါ။ ဒီအတွက် အကြားအာရုံကို ဖြည့်ဆည်းပေးမယ့် နားရွက်လေးတွေရဲ့ ကျန်းမာရေးက အမှန်တကယ်အရေးကြီးတယ်နော်။

အလှအပအတွက်ဆိုရင်လည်း နားရွက်ပေါ်မှာ မျက်စိပသာဒဖြစ်စေမယ့် နားကပ်လို အဆင်တန်ဆာလေးတွေကို တပ်ဆင်ပြီး အလှဆင်တတ်ကြတယ်လေ။ ဒီလိုအဆင်တန်ဆာလေးတွေ ဆင်ယင်တဲ့အခါ လှပရှင်းသန့်တဲ့ နားရွက်လေးတွေရှိရင် ပိုကြည့်ကောင်းတာပေါ့။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ နားရွက်လေးတွေ ရောဂါကင်းစင် ကျန်းမာဖို့နဲ့ နားရွက်လေးတွေ လှပနေဖို့ နေ့စဉ်ရော အပတ်စဉ်ပါ လုပ်ဆောင်နိုင်မယ့် ထိန်းသိမ်းစောင့်ရှောက်နည်းလေးတွေကို အဓိကထား ဖော်ပြပေးသွားမယ်နော်။

* နားရွက်လေးတွေ သန့်ရှင်းအောင် သန့်စင်တဲ့နေရာမှာ ချွန်ထက်တဲ့ အရာတွေဖြစ်တဲ့ နားဖာချေးကော်တံတို့၊ ပင်အပ်တို့ကို မသုံးဘဲ ရေစိုတစ်ရှူး (သို့) ရေစိုဝတ်နဲ့ သန့်စင်ပေးပါ။

* နားဖာချေး(ear wax) တွေက နားရွက်တွင်း ဝင်လာတဲ့ ဖုန်နဲ့ အညစ်အကြေးတွေကို ကာကွယ်ပေးရာကနေ ဖြစ်လာတာပါ။ ဒါပေမဲ့ နားဖားချေးတွေများလာရင် ပိတ်ဆို့ပြီး အကြားအာရုံကို ထိခိုက်စေနိုင်လို့ ကျွမ်းကျင်ဆရာဝန်နဲ့ ပြသတိုင်ပင်ဖယ်ရှားပေးနိုင်တယ်နော်။

* တကယ်လို့ နားပေါက်ရှိရင် နားပေါက်မှာ တပ်ဆင်ထားတဲ့ နားကပ်နဲ့ အဆင်တန်ဆာတွေကို အရက်ပြန်နဲ့ ပုံမှန်သန့်ရှင်းပေးဖို့ လိုတာမို့ မမေ့နဲ့နော်။

* နားရွက်အဖုံးအကာလေးတွေ သုံးပေးဖို့ လိုသလို ကြိမ်နှုန်းမြင့်တဲ့နားကြပ်နဲ့ သီချင်းနားထောင်တာမျိုးက နားစည်ကို ထိခိုက်စေလို့ ရှောင်ဖို့တိုက်တွန်းပါရစေ။
* စက်ဘီး၊ဆိုင်ကယ်စီးတဲ့အခါ ဖုန်၊အညစ်အကြေးတွေ နားထဲမဝင်အောင်နဲ့ လေတိုးတဲ့ဒဏ်ခံနိုင်အောင် ဦးထုပ် (helmet) ကို ဆောင်းပေးပါ။

* နားကျန်းမာရေးကို နားအထူးကုဆရာဝန်နဲ့ ပုံမှန်ပြသစစ်ဆေးပေးဖို့ လိုပါတယ်။ ဒါမှ နားမှာ ချွတ်ယွင်းချက် ပြဿနာတွေကို ပိုသိရှိနိုင်မှာပေါ့။

* နားရွက်လေးတွေအတွက် အန္တရာယ်ဖြစ်စေနိုင်မယ့် သတိပေးတားမြစ်ချက်တွေကို သိဖို့လည်း ကူညီပေးနိုင်မယ့် နည်းအချို့လည်း ရှိပါတယ်။

* တစ်ယောက်ယောက်နဲ့ စကားအပြန်အလှန်ပြောတဲ့အသံ ဒါမှမဟုတ် ကိုယ့်ဝန်းကျင်ကအသံတွေကို မကြားရရင်လည်း ပေါ့ဆမနေဘဲ နားအထူးကုနဲ့ ပြသဖို့ မမေ့နဲ့နော်။

*ရံဖန်ရံခါတွေမှာ ကျယ်လွန်းတဲ့အသံနဲ့ ရုတ်တရက်ထတီးတဲ့ ကားဟွန်းသံတွေကို ကြားခဲ့ရရင် သင့်နားကို ရေစိုတစ်ရှူး ဒါမှမဟုတ် ရေစိုအဝတ်လေးနဲ့ သန့်ရှင်းပေးလိုက်နော်။

* နားဖာချေးတွေကို အရမ်းကလော်တာမျိုး၊ နားအတွင်းပိုင်းအထိ သန့်ရှင်ရေးလုပ်တာမျိုး မလုပ်ပါနဲ့။ တကယ်တော့ နားဖာချေးဆိုတာ အပြင်က ဖုန်နဲ့ အညစ်အကြေးတွေ နားအတွင်းထိ မဝင်အောင်ကာကွယ်ပေးတာကြောင့်ပါ။
ကဲ . . .ဒီနည်းလေးတွေနဲ့ ရောဂါကင်းစင် ကျန်းမာပြီး လှပရှင်းသန့်နဲ နားရွက်လေးတွေကို ပိုင်ဆိုင်နိုင်ဖို့ နားရွက်လေးတွေကို စောင့်ရှောက်လိုက်ကြစို့နော်။

Azure

Read More Health Articles Here


Read 267 times Last modified on Tuesday, 11 April 2017 07:19
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.