Thursday, 06 April 2017 10:13

slide1


Gym ဆော့တဲ့အခါမှာ နည်းစနစ် မှန်ကန် ထိရောက်ဖို့အပြင်  ကစားတဲ့နေရာအခင်းအကျင်းအပြင် ရနိုင်တဲ့ Facility တွေကလည်း အရေးပါပါတယ်။ အတွေ့အကြုံနဲ့ အရည်အချင်းပြည့်ဝတဲ့ Trainerကောင်းကောင်းကို ရွေးချယ်တတ်ဖို့ကလည်း လိုပြန်ရော။ ဒါကြောင့် Gym ကစားမယ့်သူတွေအတွက် Trainer ကောင်းကောင်းနဲ့ သပ်ရပ် ကောင်းမွန်တဲ့ အားကစားခန်းမတွေကို စုစည်းဖော်ပြပေးထားပါတယ်။

Real Fitness
Real Fitness မှာတော့ Trainer ၁၅ ယောက်နဲ့ လေ့ကျင့်သင်ကြားပေးနေပြီး Fitness  goal အမျိုးမျိုးအတွက် လာကစားကြပါတယ်တဲ့။ Real Fitness မှာ Zumba အက၊ Less Mill program Body combat (ကိုယ်ခံပညာကို Music  နဲ့ကစားနည်း၊ Body Balance ယောဂ၊ Pilates စတဲ့ ထိုက်ချိ တရုတ်အမျိုးသမီးရိုးရာသိုင်းကို Music နဲ့ ကစားနည်း၊ ပေါ့ပ်သီချင်းလေးနဲ့ ပေါ့ပေါ့ပါးပါး ကစားနည်း၊ cycling စက်ဘီးကို Music ဘိခ်ျနဲ့ အပြင်မှာ စက်ဘီး စီးနေသလိုမျိုး ခံစားရအောင် ကစားနည်း စသဖြင့် ကစားနည်းအမျိုးပေါင်း ၂၅ မျိုးလောက် ကစားလို့ ရပါတယ်။ တစ်ယောက်တည်းသီးသန့်ကစားချင်သူတွေအတွက်လည်း ထရိန်နာရှိပါတယ်။ နံနက် ၆ နာရီကနေ ည ၁၀ နာရီ အထိ အဆင်ပြေတဲ့အချိန် လာကစားနိုင်ပါတယ်။ဈေးနှုန်းတွေကတော့ သင်္ကြန် Promotionရှိပြီး အောက်ပါ ဖုန်းနံပါတ်များကို မေးမြန်းစုံစမ်းနိုင်ပါတယ်။
Real Fitness (Golden Valley)၊Real fitness (Mindama)၊Real Fitness(Sedona)
ဖုန်း-၀၉ ၂၅၃၀၆၅၅၈၂၊၀၉၂၅၄၈၇၇၅၃၄၊၀၉၅၀၉၇၀၅၇၊၀၁၁ ၂၂၀၈၈၁၊၀၉ ၂၆၂၉၇၃၆၇၅၊၀၉ ၂၆၂၉၇၃၆၇၇


Yangon Fitness Club
Yangon Fitness club မှာတော့ Trainer ၃ ဦးနဲ့ သင်ကြားပေးနေပြီး ကလပ်ကို လာတဲ့သူ အများစုကတော့ အဆီချသင်တန်းနဲ့ ခန္ဒာကိုယ်အချိုးအစား ပြေပြစ်လှပဖို့ ရည်ရွယ်ချက်နဲ့ လာကစားကြတယ်လို့ သိရပါတယ်။ နံနက် ၆ နာရီကနေ ညနေ ၁၀နာရီအတွင်း အဆင်ပြေတဲ့အချိန်မှာ ကစားနိုင်ပါတယ်။ ဈေးနှုန်းတွေကတော့နေ့စဉ် ကျပ် ၃၀၀၀ ၊ ၁လ ကျပ် ၃၅၀၀၀ ၊ ၃လစာ ကျပ် ၉၉၀၀၀၊ ၆လစာ ကျပ် ၂၀၀၀၀၀၊ ၁နှစ်စာ ကျပ် ၄၀၀၀၀၀ နဲ့ အစားစား ရှိပါတယ်။
အမှတ်(၃၁) ပထမထပ်၊ရေကျော်လမ်းမကြီး၊ပုဇွန်တောင်
ဖုန်း-၀၉ ၉၆၂၀၁၁၄၅၆


TRAINING GROUND MYAMNAR

TRAINING GROUND MYAMNAR မှာတော့ Trainer ၈ ယောက်နဲ့ သင်ကြားလေ့ကျင့်ပေးနေပြီး ကစားနည်းတွေက Zunba အက၊ ယောဂ၊ မြန်မာလက်ဝှေ့ နဲ့ အခြားလေ့ကျင့်ခန်းတွေ ရှိပါတယ်။ ဆယ်ကျော်သက် လူငယ်လေးတွေ အားလပ်ချိန်မှာ အားကစားလုပ်ဖို့၊ ကျန်းမာကြံ့ခိုင်ပြီး ဥာဏ်ရည်တိုးတက်စေဖို့ အုပ်စုလိုက်အဖွဲ့လိုက်ပျော်ရွှင်စွာလေ့ကျင့်ခန်းလုပ်နိုင်တဲ့ summer kids အစီအစဉ်လေးလည်း ရှိပါတယ်။ နံနက် ၆ နာရီကနေ ည ၁၀ နာရီအတွင်း အဆင် ပြေမယ့်အချိန် လာကစားနိုင်ပါတယ်။ ဈေးနှုန်းတွေကတော့ Summer Kid program
အတွက်  ဒေါ်လာ ၁၉၅၊ ၁လ ဒေါ်လာ၁၂၀၊ ၆လစာ ဒေါ်လာ၅၈၀၊ ၁နှစ်စာ ဒေါ်လာ ၉၆၀ တို့ဖြစ်ပြီး ဒေါ်လာအတက်အကျအလိုက် ဈေးနှုန်းအပြောင်းအလဲရှိသလို မြန်မာငွေနဲ့လည်း သွားရောက်ကစားနိုင်ပါတယ်။
Asia Business Center
အမှတ်(၁၀-H)။ပထမထပ်၊မဟာဗန္ဒူလလမ်းနဲ့၄၈လမ်းထောင့်၊ဗိုလ်တထောင်မြို့နယ်
ဖုန်း-၀၉၄၅၈၈၈၇၂၇၂


Power House

Power House မှာတော့Trainer ၁၄ ယောက်နဲ့ လေ့ကျင့်သင်ကြားပေးနေပြီး ကစားနည်းတွေက ကျွမ်းဘား၊ ယောဂ၊ Zunbaအက၊ K pop နဲ့ Hip hop အက ၊ Boxing အမျိုးပေါင်း ၃၀ လောက် ရှိပါတယ်။ သင်ခန်းစာအလိုက် သင်ကြားပေးတဲ့သင်တန်းကိုတော့ သတ်မှတ်ထားတဲ့အချိန်လာရောက်ရမှာဖြစ်ပြီး Gym ကစားမယ့်သူတွေကတော့ နံနက် ၆ နာရီကနေ ည ၁၂ နာရီအတွင်း အဆင်ပြေမယ့် အချိန်လာရောက် ကစားနိုင်ပါတယ်။ ဈေးနှုန်းတွေကတော့ နေ့စဉ် ၁၅ ဒေါ်လာ၊ ၁ လ ၁၅၀ဒေါ်လာ၊ ၃ လစာ ၄၀၀ ဒေါ်လာ၊ ၆ လ စာ ၇၀၀ ဒေါ်လာ၊ ၁နှစ်စာ ၁၂၀၀ဒေါ်လာ တို့ဖြစ်ပါတယ်။
အမှတ်(၁၉၂)၊unit 404-405၊Myamnar Plaza ၄လွှာ
ကမ္ဘာအေးဘုရားလမ်း
ဖုန်း-၀၉ ၉၆၆၆၆၁၃၈၉


Unique

Unique မှာတော့ Trainer ၄ ယောက်နဲ့ သင်ကြားပေးနေပြီး GYM ကစားနည်းကို နည်းစနစ်မှန်ကန်စွာ အဓိကထား လေ့ကျင့်ပေးပါတယ်။ လက်ရှိမှာ Zunba အကကို ၃ ရက်သာ ထည့်ထားပြီး နောက်ပိုင်းမှာတော့ Zunba အကကို နေ့တိုင်းထည့်ပေးဖို့ အစီအစဉ်ရှိပါတယ်။ Unique မှာ အမြန်အဆီကျချင်သူတွေအတွက် လေဆာရောင်ခြည်နဲ့ ၁၀ရက်အတွင်း ပြုလုပ်ပေးပါတယ်။ မိမိအဆီချချင်တဲ့နေရာ အလိုက် ဈေးနှုန်းတွေက ကျပ် ၆၀၀၀၀ မှ ကျပ် ၈၀၀၀၀အထိ အမျိုးမျိုးရှိပါတယ်။ နံနက် ၆ နာရီကနေ ည ၉ နာရီအတွင်း ပိတ်ရက်မရှိ အဆင်ပြေတဲ့အချိန် ကစားနိုင်ပါတယ်။ GYM ကစားမယ့်သူတွေအတွက်ဈေးနှုန်းကတော့ နေ့စဉ် ကျပ် ၈၀၀၀၊
၁လ ကျပ် ၅၂၀၀၀ ၊ ၃လစာ ကျပ် ၁၄၄၀၀၀ ၊ ၆လ စာ ကျပ် ၂၆၄၀၀၀၊ ၁နှစ်စာ ကျပ် ၄၈၀၀၀၀ တို့ဖြစ်ပါတယ်။
မဟာဗန္ဒလလမ်းနဲ့ဗိုလ်မြတ်ထွန်းလမ်းထောင့်
ဖုန်း-၀၉ ၅၁၈၀၄၅၃၊၀၉ ၅၁၁ ၉၀၅၈

Perfect
Perfect မှာတော့ Trainer ၄ ယောက်နဲ့ လေ့ကျင့်သင်ကြားပေးနေပြီး ခန္ဒာကိုယ်ရဲ့လိုအပ်ချက်တွေကို ပြင်ဆင်လေ့ကျင့်ပေးနေတဲ့ Gym သီးသန့်ဖြစ်ပါတယ်။ နံနက် ၆ နာရီမှ ည ၈ နာရီအထိ အဆင်ပြေတဲ့အချိန် လာကစားနိုင်ပါတယ်။ ဈေးနှုန်းတွေကတော့ နေ့စဉ် ကျပ်၂၀၀၀၊ ၁လကျပ် ၁၈၀၀၀၊ ၃လစာ ကျပ် ၅၄၀၀၀၊ ၆လစာ ကျပ် ၉၀၀၀၀ ဖြစ်ပါတယ်။
အမှတ်(၁၀၇၊၁၀၉) ၅၁လမ်း(အလယ်)၊ပုဇွန်တောင်
ဖုန်း-၀၉ ၂၅၃၂၄၀၁၄၄၊၀၉ ၅၄၀၆၇၀၀

စုစုခိုင်မျိုး

Read More Articles Here

ရန်ကုန်မြို့မှာGym များ

Read times Last modified on Friday, 07 April 2017 10:42
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.