Thursday, 06 April 2017 03:48

15626436 555825447947745 2362921411414377280 o

 ခေတ်မီ နည်းပညာတွေ၊ ခေတ်မီ အလှကုန်ပစ္စည်းတွေနဲ့ ဈေးကွက်မှာ အပြိုင်အဆိုင် ဖြစ်လာတာနဲ့အမျှ အမျိုးသမီးရော အမျိုးသားပါ အလှအပရေစီးကြောင်းမှာ ထဲထဲဝင်ဝင် စီးမျောလိုက်ပါလာကြတာ တွေ့ရပါတယ်။ အရင်ကာလတွေနဲ့ မတူတော့ဘဲ  လူတိုင်း အလှအပကို ထိန်းသိမ်းဖို့နဲ့  ထိန်းသိမ်းနိုင်ဖို့ နည်းလမ်းရှာကြဖို့  ဆနရှိလာကြတာ အမှန်ပါပဲ။ အခုနောက်ပိုင်းကာလတွေမှာတော့ အလှကုန်ပစည်းတွေကို ရွေးချယ် သုံးစွဲရုံသာ မက ကိုယ့်မျက်နှာအရေပြားနဲ့ ဘော်ဒီပိုင်းဆိုင်ရာ စိတ်တိုင်းမကျတာတွေကိုလည်း ခွဲစိတ်ပြုပြင်လာကြပါပြီ။ ဈေးကွက်မှာ  DEMAND ရှိလာတာနဲ့အမျှ အရေပြားကုထုံးဆိုင်ရာ ဆေးခန်းတွေလည်း အပြိုင်အဆိုင်ဖြစ်လာကြပါတယ်။ အရင်က မျက်နှာ V- Shape ဖြစ်ဖို့၊ နှာခေါင်းပြင်ဖို့လောက်သာ ရေပန်းစားခဲ့ပြီး အခုအခါမှာတော့ ခန္ဒာကိုယ်တစ်ခုလုံးဆိုင်ရာ ကုထုံးပေါင်းစုံကိုလည်း စိတ်ဝင်တစားဖြစ်လာကြပါတယ်။ 

DN2

အရေပြားဆိုင်ရာ ကုထုံးနည်းနဲ့ပတ်သက်ပြီး Consultant ဒေါက်တာဆုဆုလင်းမြတ်က ‘အခုခေတ်က အလှအပက အရမ်းကို အရေးကြီးနေပြီ။ အမျိုးသမီးပဲ ဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် သူတို့ရဲ့ SOCIAL LIFE မှာပဲ၊ မိသားစုထဲမှာ၊  အလုပ်ခွင်မှာပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှ အဆင်ပြေမယ်။ အပေါ်ယံအလှကလည်း အရေးပါတယ်။ အခုနောက်ပိုင်းမှာ လူတွေလည်း လက်ခံတယ်။ မြန်မာနိုင်ငံမှာတောင် ခေတ်မီလာတော့ ဒါတွေကို ဂရုစိုက်၇မှာကို သိလာတယ်။ လူတန်းစားမရွေး အလှအပတွေကို ကိုယ်တက်နိုင်တဲ့ အတိုင်းအတာကို လုပ်လာကြတာကို တွေ့ရပါတယ်" လို့ ပြောပြခဲ့ပါတယ်။

De Novo မှာတော့ အရေပြားဆိုင်ရာ ကုထုံးတွေကို ၀န်ဆောင်မှုပေးနေပြီး အမျိုးသမီးတွေရဲ့ အတွင်းပိုင်းကျန်းမာရေးကိုပါ အထူးပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။

DN

"အလှအပနဲ့ဆိုင်တာကတော့  မျက်နှာပိုင်းဆိုင်ရာ၊ ဘော်ဒီပိုင်းဆိုင်ရာ treatment  နဲ့ ပြန်လည်နုပျိုအောင် ကုထုံးတွေ အမျိုးသမီးပိုင်းဆိုင်ရာအတွင်းပိုင်းပေါ့နော်။ စက်တွေရော ဆေးတွေရောက နိုင်ငံတကာအဆင့်မီတွေကို သုံးထားပါတယ်။ စက်တွေဆိုရင်လည်း ကိုရီးယား၊ US ၊နည်းပညာဆိုရင်လည်း နိုင်ငံတကာအဆင့်မီ ကိုရီးယား၊ စပိန်၊  သြစတြေးလျ နည်းပညာကို သုံးပါတယ်။ ၀က်ခြံ ၊နေလောင် ၊အမာရွက် သွေးကြောမျှင်ပေါ်တာလေးတွေ စကင်းမှာ မညီတာ အသားရောင်မညီတာဘောဒီပိုင်းမှာ အမွေးအမျှင်တွေ ဖယ်ရှားတာတွေပါတယ်။ အဆီချ ပေါင်၊ လက်မောင်း ၊ဗိုက် ၊အမျိုးသမီးပိုင်းပေါ့စတာတွေပါ။ " လို့ ဒေါက်တာ ဆုဆုလင်းမြတ် က ရှင်းပြပါတယ်။

De Novo ဆေးခန်ရဲ့  ရည်ရွယ်ချက်က နိုင်ငံတကာ treatment တွေကို မြန်မာနိုင်ံငံမှာ ပြည်သူပြည်သားတွေသက်သက်သာသာနဲ့ကုသမှုခံယူနိုင်အောင်ပါတဲ့။ ဈေးနှုန်းတွေကတော့ မိမိပြုလုပ်မယ့် ၀န်ဆောင်မှုပေါ် မူတည်လို့ အစားစား သတ်မှတ်ထားပါတယ်။

The Clinic De Novo
အမှတ်( ၀၀၁)၊ ဘလောက် (A)၊ နှင်းဆီလမ်း ယုဇနဟိုင်းဝေး ကွန်ပလက်
အရိုးဆေးရုံ ရှေ့ ၊ဟံသာဝတီလမ်းထောင့်နဲ့ နှင်းဆီလမ်းထောင့် ဧ၇ာဝတီဘဏ်ရှေ့
ဆင်မလိုက်

ခိုင်ဇာသွင်

Read More Articles Here


Read 262 times Last modified on Friday, 07 April 2017 04:12
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.