Wednesday, 05 April 2017 04:47

How to exfoliate your face

တူးပို့. . .တူးပို့တေးသံလေးတွေ လွင့်လာပြီဆိုတော့ နွေကို ချစ်တဲ့ ဥသြလေးတွေနဲ့အတူ မြန်မာတို့ရဲ့ ရိုးရာအတာသင်္ကြန် ရေသဘင်ပွဲတော်ကို ရင်ခုန်စရာအစီအစဉ်လေးတွေနဲ့ စောင့်မျှော်နေကြပြီ ထင်တယ်နော်။ My Yangon ကလည်း သင်္ကြန်ပျိုမေတို့ ရေသဘင်ပွဲမှာ မဏ္ဍပ်ပဲ ထိုင်ထိုင်၊ ရေပက်ခံပဲ ထွက်ထွက် ၊Beach Party မှာပဲ ကဲကဲ  နွေနေပူပူ ရေအေးအေးအောက်မှာ အလှမပျက် အလန်းစား ရေသူမလေးလို ဖြစ်နေစေမယ့် အသားအရေနဲ့ ဆံသား ထိန်းသိမ်းရေးကအစ အလှအပရေးရာ နည်းနာလေးတွေကို နှစ်ကူးလက်ဆောင်လေးအဖြစ် ပေးချင်ပါတယ်။

သင်္ကြန်ရေနဲ့ မထိခင် ကြိုတင်ပြင်ဆင်ထားရမယ့်အရာများ. . .

ကဲ အတာသင်္ကြန်က ရက်ပိုင်းလေးပဲ လိုတော့တာနော်။ သင်္ကြန်ရက်မှာ လှပမှုတွေ လျော့မသွားအောင်
ကြေးချွတ်ပါ- မျက်နှာရော တစ်ကိုယ်လုံးမှာ ရှိနေတဲ့ ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေ ကင်းစင်သွားအောင် ကြေးချွတ်ပေးဖို့လိုပါတယ်။ ဒါမှ သင်္ကြန်မိတ်ကပ်လိမ်းခြယ်တဲ့အခါ ရေစိုလေ အလှတက်လေ ဖြစ်မှာနော်။ ကြေးချွတ်တာ(Exfoliation)ကို Spa တွေမှာ လုပ်နိုင်သလို ကိုယ့်အိမ်တွင်းမှာတင် နှပ်ကော်ဖီအနှစ်၊ ဆားကြမ်း၊ မုန့်ဖုတ်ဆိုဒါတွေနဲ့လည်း တစ်ပတ်နှစ်ကြိမ်လောက် လုပ်ပေးလို့ရပါတယ်။

ကြေးချွတ်ပါ
မျက်နှာရော တစ်ကိုယ်လုံး မှာ ရှိနေတဲ့ ဆဲလ်သေတွေနဲ့ အညစ် အကြေးတွေ ကင်းစင်သွားအောင် ကြေးချွတ်ပေးဖို့လိုပါတယ်။ ဒါမှ သင်္ကြန်မိတ်ကပ်လိမ်းခြယ်တဲ့အခါ ရေစိုလေ အလှတက်လေ ဖြစ်မှာနော်။ ကြေးချွတ်တာ (Exfoliation) ကို Spa တွေမှာ လုပ်နိုင်သလို ကိုယ့် အိမ်တွင်းမှာတင် နှပ်ကော်ဖီအနှစ်၊ ဆားကြမ်း၊ မုန့်ဖုတ်ဆိုဒါတွေနဲ့လည်း တစ်ပတ်နှစ်ကြိမ်လောက် လုပ်ပေး လို့ရပါတယ်။

အသားအရေကို အစိုဓာတ်ဖြည့်ပေးပါ
အစိုဓာတ်ဆိုတာ အသားအရေမှာ ကြားခံ cushion သဘောပါပဲ။ အစိုဓာတ်ပြည့်ဝနေတဲ့အခါ အသားအရေထိခိုက်မှုလျော့နည်းပြီး ကြမ်းတမ်းခြောက်သွေ့ဖြင်း ကင်းပြီလေ။ အစိုဓာတ်ဖြည့်ပေးမယ့် Moisturizer တစ်မျိုးမျိုးကို မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းပေးပါ။

ဆံသားလေးတွေကို အဆီဓာတ်ဖြည့်မယ်
ရေစိုစို နေပူပူအောက်မှာ ဆံသားတွေ ထိခိုက်ပျက်စီးလွယ်ပါတယ်။ သင်္ကြန်ရက်မှာ လှပတဲ့ကေသာရဲကောင်းခြင်းတွေ ဆုံးရှုံးမသွားရလေအောင် ဆံသားကို သံလွင်ဆီ၊ သဘာဝအုန်းဆီ၊ ကြက်ဆူဆီ စတဲ့အဆီလေးတွေလိမ်းပေးပြီး ဦးရေပြားကို အသာအယာနှိပ်နယ်ပေးဖို့ မမေ့နဲ့နော်။

နွေအပူလည်းသက်သာ ဆံသားလည်း ပျက်စီးမှု လျော့စေမယ့် ဆံပင်စတိုင်လေး ကြိုစီစဉ်ပါ
သင်္ကြန်ဖက်ရှင်ဆိုတိုင်း ဆံပင်ကာလာရောင်စုံနဲ့ပဲလို့ မမြင်လိုက်နဲ့နော်။ သင်္ကြန်မှာ ဖက်ရှင်လည်းကျ အလှလည်း မထိခိုက်စေမယ့် ဆံပင်စတိုင်ကတော့ ကျစ်ဆံမြီးသေးသေးလေးတွေ ပုံဖော်ကျစ်တာနဲ့ ဆံပင်ကို စုစည်းထုံးဖွဲ့ပြီးမှ ပုဝါလေးစည်းနှောင်တဲ့စတိုင်တွေက ဆံပင်ကို ကာလာဆိုးပြီး ဖားလျားချတာထက် ပျက်စီးမှုနည်းစေသလို အထာကျစေတယ်လေ။ ဒီသင်္ကြန်မှာ စမ်းလုပ်ကြည့်နော်။

နေလောင်ကာ မှန်မှန်လိမ်းပါ
နွေလယ် ဧပရယ်ကာလမို့ အမြင့်ဆုံးအပူချိန်အောက်မှာ ရေကစားမယ်ဆိုရင်တော့ နေလောင်ကာ(Sunscreen) ကောင်းကောင်းလေး ရှိနေဖို့ လိုပါတယ်။ ရေစိုလည်း ပျက်မသွားမယ့် Waterproof ဖြစ်ဖို့ အရေးကြီးတယ်နော်။ သင်္ကြန်လည်မထွက်မီ မိနစ် ၂၀ ၊ နာရီဝက်လောက်ကြိုလိမ်းပြီး အိတ်ထဲဆောင်သွား နှစ်နာရီခြားတစ်ခါလောက် ပြန်ပြန်လိမ်းပေးဖို့လည်း မမေ့နဲ့နော်။

အတာရေမှာ မျက်နက်ဝန်းလေး ရွှန်းစိုနေစေဖို့
အတာရေဖြန်းလို့ မျက်နက်ဝန်းကို ပုံဖော်ထားတဲ့ Eye liner, Mascara နဲ့ Eye Shadow တွေကို တစ်နေ့တာလုံး မပျက်ပျယ်ဘဲ ရွှန်းစိုတဲ့ ညှို့မျက်ဝန်းလေးအဖြစ် တာရှည်ခံစေဖို့ Waterproof ဖြစ်တာလေး ရွေးဝယ်ထားပြီး နွေဖက်ရှင်နဲ့ လိုက်လျောညီထွေဖြစ်စေမယ့် အရောင်ဆန်းဆန်းလေးတွေ ရွေးစုထားနော်။

ရွှန်းစိုနုထွေး အရောင်မပျက်တဲ့ နှုတ်ခမ်းလှလှလေး ဖန်တီးဖို့
အရောင်ရွှန်းစို နူးညံ့စိုအိတဲ့ ဆွဲဆောင်အားပြင်းပြင်းနှုတ်ခမ်းလှလှလေးတစ်စုံကို ရေစိုစိုမှာ အရောင်မပျက်ပျယ် စွဲမြဲနေစေဖို့ နှုတ်ခမ်းနီကောင်းကောင်းလေးလိုပါတယ်။ Matte အမျိုးအစား အရောင်ရင့်ရင့်တောက်တောက်လေးတွေက သင်္ကြန်ဖက်ရှင်နဲ့လည်း လိုက်ဖက်သလို အထာကျနေစေမှာ အသေအချာပါ။

ကဲ . . . သင်္ကြန်ရေနဲ့ အထာကျကျလှလှပပလည်း လည်ပြီးပြီ။ အိမ်အပြန်မှာလည်း အသားအရေထိခိုက်ပျက်စီးလို့ သောကမရောက်ရလေအောင် ဘယ်လိုပြန်ကုစားမလဲဆိုတာလည်း အရေးကြီးသေးတယ်နော်။

နေလောင်ဒဏ်ကို ပြန်ကုစားပေးမယ့် ရှားစောင်စလက်ပပ်ရေခဲတုံးလေး
နေရောင်ခြည်ကြောင့် နေလောင်တာတွေကို အမြန်သက်သာစေဖို့ အစွမ်းထက်သဘာဝကုထုံးတစ်ခု ရှိတယ်နော်။ သဘာဝရှားစောင်းလက်ပပ်အနှစ်လေးတွေကို အသာခြစ်ယူပြီး ရေခဲသေတ္တာထဲမှာ ရေခဲတုံးလေးအဖြစ်အေးခဲထားပြီး နေလောင်တဲ့နေရာတွေကို ပွတ်တိုက်ပေးပါတဲ့။ ချက်ချင်းယူပစ်သလို ပျောက်သွားစေမှာပါ။

Waterproof မိတ်ကပ်တွေကို ဖျက်တဲ့အခါ
Waterproof ဆိုတဲ့အတိုင်း မျက်နှာသန့်စင်ဆေး၊ ရေတို့နဲ့တင် ဖျက်ပစ်လို့မရပါဘူး။ Oil based Make up Remover ကို သုံးပြီး ဖျက်ရင်ဖျက်၊ ဒါမှမဟုတ်ရင် သဘာဝအုန်းဆီ သို့ သံလွင်ဆီကို ဂွမ်းဖတ်လေးနဲ့ တို့ယူပြီး အသာသုတ်ဖယ်လိုက်ရင်လည်း ရပါတယ်။ စင်အောင် ဖျက်ဖို့တော့မမေ့နဲ့နော်။

Deeply Cleansing လုပ်ပေးပါ
တစ်နေ့လုံးလိမ်းထားတဲ့မိတ်ကပ်တွေ သေချာသန့်စင်သွားအောင် Deeply Cleansing လုပ်ပေးဖို့ လိုပါတယ်။ အပျင်းမကြီးနဲ့နော်။

မျက်နှာအသားအရေ ပြန်လည်အားဖြည့်ပေးမယ့် ရေဓာတ်ဖြည့်ပေးတဲ့ Mask သုံးပေးပါ
သင့်အသားအရေလေး နဂိုလို ကြည်လင်တောက်ပနေစေဖို့ အဓိက လိုအပ်တဲ့အချက်တစ်ချက်ပါနော်။

ဆံသားလေးတွေ အားဖြည့်ပေးမယ့် Hair Mask သုံးပေးပါ
 သင်္ကြန်ရေရယ် နေပူပူရယ်ကြောင့် ဆံသားတွေ ထိခိုက်မှုရှိခဲ့ရင် အမြန်ကုစားနိုင်ဖို့ ခေါင်းလျှော်ပြီးရင် ဗီတာမင် အီး ပါတဲ့ ရေဓာတ်ဖြည့် Hair Mask လေး ထည့်သုံးပေးဖို့ အကြံပြုပါရစေ။.

ဆံသားကို အဆီတစ်မျိုးမျိုးလိမ်းပေးပါ
 နေအပူနဲ့ ရေကြောင့်ဆံသားထဲက အဆီတွေ ဆုံးရှုံးသွားတဲ့အခါ ဆံသားရှုပ်ထွေးတတ်တာကြောင့် သဘာဝသံလွင်ဆီ၊ အုန်းဆီ တစ်မျိုးမျိုးကို လိမ်းပေးဖို့ လိုတယ်နော်။
ဒီနှစ် သင်္ကြန်မှာ MY ရဲ့ အထူးလက်ဆောင်အနေနဲ့ သင်္ကြန်အလှအပဆိုင်ရာ အကြံပြုချက်တွေ မျှဝေပြီးပြီဆိုတော့ အလှဆုံးသင်္ကြန်မယ်လေးတွေက အတာသင်္ကြန်ပွဲတော်မှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲဖို့ တာဝန်ယူလိုက်ကြနော်။

Azure

Read More Beauty Articles Here


Read times Last modified on Wednesday, 05 April 2017 05:22
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.