Wednesday, 22 March 2017 10:37

Do I Have a Cold or the Flu 1440x810
တချို့ တလေက ကြုံဖူးကြားဖူး လက္ခဏာ အပေါ် မူတည်ပြီး အအေးမိတာပါလို့  တန်းခနဲ ကောက်ချက်ချတတ်ကြပေမဲ့ တချို့ကျတော့လည်း နည်းနည်း ဗဟုသုတ ပိုရင် ဒါဓာတ်မတည့်တာလည်းဖြစ်နိုင် တယ်လို့  တွေးမိကြပါတယ်။ ဓာတ်မတည့် တာရော၊ အအေးမိတာရောမှာ တွေ့ ရတတ်တဲ့ လက္ခဏာတွေက ချောင်းဆိုး၊ နှာချေ၊ နှာရည်ယိုတာတွေကျတော့ တူညီ နေလို့ပါ။ တစ်ခု ယေဘုယျ ပြောနိုင် တာကတော့ နှပ်ချေးက အဝါရောင်တွေ ဖြစ်နေရင် အအေးမိတယ်လို့ဆိုနိုင်ပြီး နှာရည်ကြည်ကြည်တွေသာ ကျနေရင် တော့ အလားဂျစ် လို့ခေါ်တဲ့ ဓာတ်မတည့် တာမျိုးပေါ့။

မျက်စိယား မျက်ရည်ယို

 နှာချေ၊ ချောင်းဆိုးနဲ့ အတူ မျက်စိကယားပြီး မျက်ရည်တွေ ယိုနေရင်တော့  ဓာတ်မတည့်မှုဖြစ်ဖို့ သာများပါတယ်။အအေးမိတာက ပုံမှန်အားဖြင့်  မယားပါဘူး။

အသက်ရှုကျပ် တရွှီရွှီ

အသက်ရှုရင် တရွှီရွှီမြည်သံထွက်တာ၊ အသက်ရှုရခက်တာကျပ်တာ တွေကတော့  အအေးမိတာရော၊ ဓာတ်မတည့်တာရော မှာဖြစ်နိုင်ပါတယ်။ အသက်ရှုလမ်းကြောင်း နာတာရှည်ရောဂါဖြစ်တဲ့  ပန်းနာရင်ကျပ်သမား ဓာတ်မတည့် ချိန်မှာဖြစ်တတ်သလို အသက်ရှုလမ်းကြောင်း ပိုးဝင်တာမျိုးတွေ၊ လေပြွန်ရာင်၊ အဆုတ်ရောင်တာတွေမှာ ဖြစ်တတ်ပါတယ်။

အဖျားနဲ့  လည်ချောင်းနာ

ဓာတ်မတည့်မှု သက်သက်က ဖျားလေ့ မရှိပါဘူး။ အဖျားတက်တယ်၊ လည်ချောင်းနာ တယ် ဆိုတာတွေကျတော့  အအေးမိတာ ဒါမှမဟုတ် ရောဂါပိုးကြောင့်  ဖြစ်ရတာပါ။

အစာမျိုရခက်တာ

လည်ချောင်းနာပြီး အစာမျိုရလည်း ခက်ခဲနာကျင်တယ်ဆိုရင်တော့  ဒါက နည်းနည်း ပိုပြီး ပြင်းထန်တဲ့  ဘက်တီးရီးယားကြောင့်  ဖြစ်တဲ့ လည်ပင်းနာတာမျိုးပါ။ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှုတွေခံယူ ၊ ဆီလျော်မယ့် ပဋိဇီဝဆေးတွေ သောက်ရပါလိမ့် မယ်။

အအေးမိလက္ခဏာ နဲ့  အဖျားကြီးရင်

အအေးမိတဲ့  လက္ခဏာတွေပြပြီး ကိုယ်အပူချိန်ကလည်း ၁၀၂ံF ထက်ပိုအောင် ဖြစ်မယ်၊ ချမ်းမယ်၊ပျို့ အန်မယ် ဆိုတာတွေ ဖြစ်လာရင်တော့  တုပ်ကွေးကို တွေးရတော့ မှာပါ။ တုပ်ကွေးကုရတာကတော့  အရည်တွေများများသောက်ပြီး အနားယူတာပါဘဲ။ အဲသလိုနေလိုက်ရင် ရောဂါပိုးတွေကို ပြန်တိုက်ခိုက်ရာမှာ အထောက်အကူဖြစ်လို့ ပါ။

ပဋိဇီဝဆေးက တုပ်ကွေးကို မြန်မြန်သက်သာစေသလား

အအေးမိတာ၊ တုပ်ကွေးဖြစ်တာတွေက ဗိုင်းရပ်စ်ပိုးကြောင့်  ဖြစ်တာမို့  ဘက်တီးရီးယားတွေကို သုတ်သင်ပေးတဲ့  ပဋိဇီဝဆေးတွေက အလုပ်မဖြစ်ပါဘူး။ အနားယူပြီး အရည်များများသောက်ခိုင်းတာက အကောင်းဆုံးပါ။ ဒါပေမဲ့  တုပ်ကွေးကနေ နောက်ဆက်တွဲရောဂါတွေ ဝင်ရောက်ဖို့  အန္တရာယ်များတဲ့ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်လေးတွေ၊ သက်ကြီးရွယ်အိုနဲ့  နာတာရှည်ရောဂါ ရှိနေသူတွေအတွက်တော့  ဖြစ်နေတာကလည်း ၁၀ ရက်လောက် အနည်းဆုံးဖြစ်နေရင်တော့ ဆရာဝန်ပြရပါလိမ့် မယ်။

ဓာတ်မတည့် တာ ဘယ်လောက်ကြာတတ်သလဲ

ကိုယ်နဲ့  ဓာတ်မတည့်တာကို ထိတွေ့ နေသမျှတော့  တချိန်လုံး ဓာတ်မတည့်တာ ဖြစ်နေမှာပါ။ ဘယ်လိုပဲ ထိုးဆေးသောက်ဆေးတွေ သုံးပါစေ မပျောက်ပါဘူး။ရာသီအလိုက်ဖြစ်တတ်တာမျိုးကျတော့  ရာသီပြောင်းရင်သက်သာသွားတတ်ကြပါတယ်။ အိမ်မွေးတိရိစ္ဆာန်လိုမျိုးကြောင့် ဖြစ်ရတာဆိုရင်တော့  အိမ်မှာရှိနေသမျှ ဖြစ်နေမှာပါ။

နှာခေါင်းထဲဖျန်းတဲ့ ဆေးတွေ ဘယ်လောက်ကြာအောင်သုံးမလဲ

 နှာပိတ်နေသူတွေအတွက်တော့  နှာခေါင်းထဲထည့်တဲ့  ဖျန်းဆေးတွေက အအေးမိတာရော၊ ဓာတ်မတည့် တာကိုပါ သက်သာစေပါတယ်။ ဒါပေမဲ့  ၃ ရက်ထက်ပိုသုံးရင်တော့  ပိုဆိုးလာစေတာ သတိကောင်းကောင်းထားကြစေလိုပါတယ်။

ကလေးသူငယ်နဲ့  အအေးမိပျောက်ဆေး

အအေးမိတာ သက်သာစေဖို့  ဆေးဝါးတွေအမယ်စုံရှိကြပါတယ်။ ချောင်းဆိုးပျောက်ဆေး၊ နှာခေါင်းဖျန်းဆေး၊ အကိုက်အခဲပျောက်ဆေးတွေပေါ့ ။ ဒါပေမဲ့  ၄ နှစ်အောက်ကလေးတွေမှာ ချောင်းဆိုးပျောက်ဆေးတွေ မသုံးသင့် သလို ကလေးအရွယ် ၁၂ နှစ်အောက်တွေအားလုံးမှာတော့  အက်စ်ပရင်လို အကိုက်အခဲပျောက်ဆေးနဲ့  နှာခေါင်းထဲဖျန်းတဲ့ ဆေးတွေမသုံးသင့် ပါဘူး။

အအေးမိဖြစ်များတာ

တစ်နှစ်ပတ်လုံးမှာတော့  အအေးမိတာက ဖြစ်နေနိုင်တာပါဘဲ။ ဒါပေမဲ့  ဆောင်းတွင်းကတော့  ဖြစ်ဖို့ ပိုများပါတယ်။ ချမ်းလို့  အပြင်မထွက်ဖြစ်ဘဲ အခန်းတွင်းအနေများကြတာက ရောဂါပိုးတွေ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ ကူးစက်ဖို့  လွယ်ကူစေလို့ ပါ။

အမှုန်အမွှားတွေနဲ့  ဓာတ်မတည့် တာ

အမှုန်အမွှားတွေနဲ့  ဓာတ်မတည့် မှုကတော့  ရာသီတိုင်းမှာ ဖြစ်နိုင်ပါတယ်။ သစ်ပင်တွေ၊ မြက်တွေ၊ ရေညှိတွေ ဆိုတာက အမယ်သာပြောင်းတာ အမြဲရှိနေမှာကိုး။ ပန်းဝတ်မှုန်တွေနဲ့  မတည့် တာမျိုးကဆောင်းဦးမှာ ဖြစ်လေ့ ရှိတယ်၊ မြက်တွေ၊ ရေညှိတွေနဲ့ မတည့် တာက မိုးဦးမှာ ဖြစ်လေ့ ရှိပြီး မှိုတွေ မတည့် တာက မိုးတွင်းတွေမှာ ဖြစ်လေ့ ရှိတာပါ။ မှို ခေါ်မလား၊ ဖားဥခေါ်မလား အဲဒါတွေက မိုးအခါမှာ အိမ်တွင်း၊အိမ်ပြင် နေရာအနှံ့  ရှိနေကြတာမို့  ပူအိုက်စွတ်စိုတဲ့  မိုးကာလမှာ ပွားလည်းပွားတာမို့  ဓာတ်မတည့် မှုက ပိုဖြစ်ကြတာပါ။

ဒီလောက်ဆိုရင်ဖြင့်  အအေးမိတာ၊ ဓာတ်မတည့် တာတွေ နဲ့ ပတ်သက်လို့  အခြေခံလေးတွေ သိလောက်ပြီထင်ပါတယ်။ ပိုသိလာတာလေးတွေ ကနေ ပိုပြီး ဆင်ခြင် သတိပြုနိုင်ရင်ဖြင့်  ရောဂါ ဘယတွေကို သက်သာလျော့ ပါးအောင် လုပ်ဆောင်နိုင်လိမ့် မယ်လို့ ယုံကြည်ကြပါစို့ ။ ။

ဒေါက်တာသက်ဦး

Read More Health Articles Here


Read times Last modified on Thursday, 23 March 2017 10:53
Rate :
(0 votes)

3 comments

  • t shirt quilt ideas
    Comment Link

    Wow, wonderful blog layout! How lengthy have you ever been running a blog for?
    you made blogging look easy. The overall look of your site is fantastic, as smartly as the
    content!

    Wednesday, 04 December 2019 17:51 posted by t shirt quilt ideas
    Report
  • t shirt yarn amazon
    Comment Link

    Hello friends, how is all, and what you desire to say about this
    article, in my view its actually remarkable in support of
    me.

    Wednesday, 04 December 2019 14:25 posted by t shirt yarn amazon
    Report
  • mobile legends hack
    Comment Link

    Nice post. I was checking continuously this blog and I'm impressed!

    Extremely helpful information particularly the last part :) I
    care for such info a lot. I was seeking this particular information for a very long time.
    Thank you and good luck.

    Tuesday, 03 December 2019 17:31 posted by mobile legends hack
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.