Monday, 20 March 2017 03:33

16196030 1161733130613425 8478772060280307884 n

သင်ဟာ မတ်လ ၂၁ ရက်ကနေ ဧပြီ ၁၉ ရက်အတွင်း မွေးဖွားတဲ့သူဆိုရင် မိဿရာသီဖွားပါ။ မိဿ ရာသီဖွားတွေက စတိုင် အားဖြင့်ပြောရရင် ဖန်တီးမှုစွမ်းအားကောင်းသလို ဖက်ရှင်အမြင်လည်း တော်တော်လေးရှိတဲ့သူလို့ ဆိုနိုင်ပါတယ်။ သူတို့တွေဟာ များသောအားဖြင့် အရမ်းခေတ်စားနေတဲ့ ဒီဇိုင်းမျိုးတွေ လိုက်ဝတ်ပြီး စတိုင်ကျတာမျိုးထက်၊ သိပ်တိုတဲ့ အ၀တ်အစား တွေဝတ်ပြီး လူကြည့်ခံရတာမျိုးထက်၊ သူတို့ဘာသာသူတို့ ယုံကြည်မှုရှိတဲ့အရာမျိုးတွေကို တွဲစပ်ဝတ်ဆင်တတ်ကြတာကြောင့် ဖက်ရှင်အမြင်ရှိတဲ့သူလို့ အားလုံးက လက်ခံထားတတ်ကြပါတယ်။ ဒီရာသီဖွားတွေဟာ ဖက်ရှင်နဲ့ပတ်သက်ရင် trendsetter တွေလို့တောင် ပြောနိုင်ပါတယ်။ သူတို့မှာပုံမှန်ဝတ်ဆင်နေတဲ့ ဒီဇိုင်းတွေရှိနေတတ်ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေကိုတစ်ခါနဲ့တစ်ခါ မထပ်အောင် ဘယ်လိုဝတ်ဆင်ရမယ်၊ fresh ဖြစ်အောင်ဆင်မြန်းရမယ်ဆိုတာ သူတို့သိပါတယ်တဲ့။

16195499 1161733020613436 1541713601225847507 n

ဒီတော့ မိဿ ရာသီဖွားတွေရဲ့ အဓိက ဖက်ရှင်အားသာချက်ဟာ သူတို့ဘယ်လို တွဲစပ်ဝတ်ဆင်သွားတယ်ဆိုတာပါပဲ။ သူများတွေအပေါ်အောက် တွဲဝတ်နေကျပုံစံတွေထဲက ခွဲထွက်ပြီး ၀တ်တတ်ကြသူတွေမို့ သင့်မှာ မိဿ ရာသီဖွား သူငယ်ချင်းတစ်ယောက်လောက် ရှိမယ်ဆိုရင် သူဘာတွေရွေးချယ်ဆင်မြန်းတယ်ဆိုတာ တစ်ချက် ကြည့်ကြည့်လိုက်ပါ။ မိဿ ရာသီဖွားတွေဟာ ပွဲတက်၊ ဒင်နာပါတီတွေတင်မကပဲ ထသွားထလာတွေမှာတောင် ဂေါ်နေတတ်သူတွေပါတဲ့။

sunglasses woman model fall 1

မိဿ ရာသီဖွားတွေအနေနဲ့ တစ်ချက်သတိထားရမှာက ကိုယ့်ခန္ဓာကိုယ်အနေအထားနဲ့ အားနည်းချက်၊ အားသာချက်တွေကိုပါ။ ကိုယ်က လည်ပင်းအရိုးတွေကြီးတဲ့သူလား၊ လက်ပြင်ကိုင်းတယ်လို့ ခံစားရသလား၊ ဒါမှမဟုတ် ခါးနည်းနည်းတုတ်တယ်လို့ ခံစားရလား စတာတွေကို သတိထားပြီး ရွေးချယ်နိုင်ရင်ပိုအဆင်ပြေပါလိမ့်မယ်။ ဒါ့အပြင် မိဿရာသီဖွားတွေကို အရောင်ရင့်ရင့် တောက်တောက်တွေ စမ်းဝတ်ကြည့်ဖို့တိုက်တွန်းချင်သလို အဆင်တန်ဆာကိုလည်းအမြဲတမ်း သေးသေးလေးတွေ ၀တ်တာထက် တစ်ခါတစ်လေ statement earring တွေလို ခပ်ကြီးကြီး အဆင်တန်ဆာတွေရွေးချယ် ၀တ်စေချင်ပါတယ်။

မေသော်

(I am Fashion’s Blogger)

Facebook Page - I am Fashion

Read More Fashion Articles Here


Read 270 times Last modified on Monday, 24 April 2017 07:50
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.