Thursday, 09 March 2017 04:40

nwuif90o

စာဖတ်သူဟာ နည်းပညာအသစ်နဲ့ ဝန်ဆောင်မှုပေး တဲ့ Spa တွေ၊ အသားအရေထိန်းသိမ်းရတာတွေကို ကြိုက်နှစ်သက်သူတွေဆိုရင်တော့ YGN Spa ကို အကြိုက်တွေ့နိုင်မှာပါ။ YGN Spa ဟာ ပြီးခဲ့တဲ့  ဖေဖော်ဝါရီလဆန်းကမှ စတင်ဖွင့်လှစ်လိုက်တဲ့ ဆိုင် ဖြစ်ပြီး ဂျပန်၊ မြန်မာ၊ ထိုင်းနည်းပညာတွေ အသုံး ပြုပြီးတော့ ဝန်ဆောင်မှုပေးထားတာဖြစ်ပါတယ်။
သဘာဝကနေရရှိတဲ့ ပစ္စည်းတွေကိုသာ အများဆုံးအသုံးပြုထားလို့ ဆိုင်ကိုလာရောက်တဲ့ ဧည့်သည်တွေအတွက် စိတ်ကျေနပ်မှုကို ရရှိနိုင်မှာအမှန်ပါပဲ။ YGNရဲ့ ထူးခြားချက်ကတော့ Shiatsu ဆိုတဲ့လက်မဖိအားကို အသုံးပြုပြီး နှိပ်နယ်ပေးတဲ့ ဝန်ဆောင်မှုပါပဲ။ မြန်မာပြည်မှာဆိုရင် ဒီလို နည်း ပညာကို သုံးပြီး နှိပ်နယ်ပေးတဲ့ Spa က  YGN Spa တစ်ခုတည်းသာ ရှိတယ်လို့ ဆိုပါတယ်။

6f60kvkx

"ဂျပန်နည်းပညာအခေါ်ကတော့ ရှီယတ်စု (Shiatsu) လို့ ခေါ်တဲ့ လက်မဖိအားကို သုံးပြီးတော့ ကိုယ်ခန္ဓာမှာရှိတဲ့ပွိုင့်တွေကိုနှိပ်ရတဲ့နည်းပါ။ မြန်မာနဲ့ထိုင်းဆိုရင် နှိပ်နယ်ရင် လူနဲ့တအားနီးကပ်တယ်။ ရှီယတ်စုကကျတော့  အရမ်းသက်သာပြီးတော့ Relaxing ပိုဖြစ်တယ်။ လူနဲ့လည်း သိပ်မထိဘူး။ ဆီကိုလည်း ယိုးဒယားကမှာပြီး သုံးတယ်" လို့ YGN Spa က မန်နေဂျာ မမေမြတ်မွန်ကပြောပါတယ်။

YGN Spa မှာတော့ ဝန်ဆောင်မှုအတွက် အကောင်းဆုံးပြင်ဆင်ထားပြီး Foot Massage  အတွက်လည်း ဝန်ဆောင်မှုပေးနေပါတယ်။ ဂျပန် နည်းစနစ်နဲ့ Spa ကအထူးဝန်ဆောင်မှု ဖြစ်ပြီးတော့  မြန်မာနဲ့ ထိုင်းကတော့ ရိုးရာအနေနဲ့ ထည့်ထားတာ ပါ။ ဆီနဲ့ နှိပ်နယ်ခြင်းအားဖြင့် အသားအရေ ပိုချောမွေ့စေပြီး အညောင်းအညာလည်း ပြေပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်တယ်လို့ သိရ ပါတယ်။ Body Scrub လည်း ထည့်ထားပြီးတော့ အသားအရေ နေလောင်တာတွေ၊ မကျန်းမာတဲ့ အသား အရေတွေကို နဂိုအတိုင်းပြန်ဖြစ်အောင်ပြန်လည်ပြုပြင်နိုင်ပါတယ်။

87vjag3r

အလှအပကြိုက်သူ မိန်းကလေးတွေ အတွက် မျက်နှာ Treatment အတွက်လည်း ရှိပါသေး တယ်။ ခြေသည်း၊ လက်သည်းနဲ့ ဆံပင်ပြုပြင်မှုတွေ လည်း ရှိပါတယ်။ YGN Spa မှာဆိုင်ဖွင့်ပွဲ အနေနဲ့ ပရိုမိုးရှင်းအဖြစ် Member Card တွေကို ရောင်းချ ပေးနေပြီး VIP ကတ်က တစ်သိန်းကျပ်၊ VVIP ကတ်က သုံးသိန်းကျပ် ဆိုပြီး ဝယ်ယူရရှိနိုင်မှာပါ။    

VIP ကတ်တွေအတွက် လျှော့ဈေး ၁၅ ရာခိုင်နှုန်း ရရှိမှာဖြစ်ပြီး VVIP ကတ်တွေအတွက်ကတော့ ၂၅ ရာခိုင်နှုန်း လျှော့ဈေးရမှာပဲဖြစ်ပါတယ်။
အခြားဝန်ဆောင်မှုတွေအတွက် အနည်း ဆုံး ၁၀ဝ၀ဝ ကျပ်ကနေ အများဆုံး ၅၀ဝ၀ဝ ကျပ် အထိ ဖြစ်ပြီး Spa ဝန်ဆောင်မှုအတွက်ကတော့ တစ်နာရီကို ၁၈၀ဝ၀ ကျပ် ဖြစ်ပါတယ်။

ခိုင်ဇာသွင်

Read More Beauty Articles Here


Read times Last modified on Thursday, 09 March 2017 08:05
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.