Published in Best of Yangon...

1st Celebrity Product % Fair ကိုတော့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းမှာ ရှိတဲ့ Myanmar Convention Centre (MCC) မှာ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီပွဲမှာဆိုရင် မြန်မာနိုင်ငံရဲ့ နာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့ သက်မွန်မြင့်၊ အိမ့်ချစ်၊ မေခလာ၊ မေမြတ်နိုး၊ ကိုပေါက်၊ ခင်ရူပ၊ acid၊ ထိန်ဝင်း၊ နိုင်းဝမ်း အစရှိတဲ့ အနုပညာရှင်တွေရဲ့ ထုတ်ကုန်တွေနဲ့ အလှကုန်ပစ္စည်းတွေ၊ အ၀တ်အထည်တွေ၊ ကလေးအသုံးဆောင်ပစ္စည်းတွေ၊ အီလတ်ထရောနစ်ပစ္စည်းတွေ၊ ကားနဲ့ ကားအပိုပစ္စည်းတွေကိုလည်း လျှော့ဈေးတွေနဲ့ ခင်းကျင်းရောင်းချထားပါတယ်။ ဒါ့အပြင် အနုပညာရှင်တွေရဲ့ သီဆိုဖျော်ဖြေမှုတွေ၊ Dancer တွေရဲ့ ကပြဖျော်ဖြေမှုတွေ၊ မျက်လှည့်တွေကိုလည်း အချိန်အပိုင်းအခြားအလိုက် ဖျော်ဖြေမှုတွေကိုပါ…

Published in Best of Yangon...

Samsung Myanmar မှ Title Sponsor အဖြစ် ကူညီပံ့ပိုးထားသော Galaxy Star သီချင်းဆိုပြိုင်ပွဲမှ နောက်ဆုံး အဆင့်ပြိုင်ပွဲဝင် ၁၀ ဦးဟာ ကိုရီးယားနိုင်ငံမှာ တတ်ကျွမ်းတဲ့ နာမည်ကျော်ပညာရှင်တွေရဲ့ သုံးပတ်တာ လေ့ကျင့်သင်ကြားမှုတွေ ခံယူပြီး မြန်မာနိုင်ငံဆီ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် 6 ရက်နေ့ကလည်း Junction City ဈေးဝယ်စင်တာရဲ့ ပရိုမိုးရှင်းဧရိယာမှာ သူတို့ရဲ့ ပရိသတ်တွေနဲ့ တရင်းတနှီးတွေ့ဆုံ လက်မှတ်ရေးထိုးခဲ့ပြီး ပျော်စရာဂိမ်းအစီအစဉ်တွေကိုလည်း အတူတကွ ကစားခဲ့ကြပါတယ်။ “ဒီလို တမူထူးခြားတဲ့ World Star Searching တီဗီအစီအစဉ်ကို title စပွန်ဆာအဖြစ် ပံ့ပိုးပေးနေတဲ့ ကျွန်တော်တို့ Samsung…

Published in Best of Yangon...

ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ်မှာ အ၀င်း အ၀င်းနဲ့ အမျိုးသမီးကြီးငယ်တို့ရဲ့ ၀န်းရံခြင်းခံနေရတဲ့ မြန်မာနိုင်ငံဖွား ဂျပန်နိုင်ငံရဲ့ J-Pop အဆိုတော် မိုရီဆာကီဝင်းက မြန်မာပြည် ပရိသတ်တွေအတွက် One Men Show လုပ်ပေးမယ်လို့ ပြောလိုက်ပါတယ်။“မြန်မာပြည်အတွက် ကျွန်တော့်မှာ ရည်မှန်းချက် တစ်ခုရှိတယ်။ ကျွန်တော်တို့ Group နဲ့ One Men Show လုပ်ပေးချင်တယ်။ ဘယ်တော့လောက် လုပ်ဖို့ မှန်းထားလည်းဆိုရင် မနက်ဖြန်လုပ်လို့ ရရင် မနက်ဖြန် ချက်ချင်းလုပ်ချင်တာ။ မြန်လေကောင်းလေပါပဲ” လို့ မိုရီဆာကီဝင်း(ခေါ်) အ၀င်းက ပြောပါတယ်။ သူဟာ မြန်မာပြည်မှာ ၁၀ နှစ်သားအရွယ်ထိ အဖွားနဲ့ နေထိုင်ခဲ့ပြီးမှ ဂျပန်နိုင်ငံကို ပြောင်းရွှေ့သွားခဲ့တာပါ။ လက်ရှိမှာတော့ ဂျပန်နိုင်ငံမှာ Prizmax…

Published in Health & Beauty

သရုပ်ဆောင်ဆုပန်ထွာက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ခွဲစိတ်ပြုပြင်ခဲ့တဲ့ နှာတံကို ယခုအခါမှာ နောက်ထပ် တစ်ကြိမ် ခွဲစိတ်ပြုပြင်ဖို့အတွက် Korea နိုင်ငံ၊ Seoul မြို့မှာရှိတဲ့ JW Plastic Surgery Medical Center ကို မေ ၁၆ ရက်နေ့က သွားရောက်ခဲ့ပြီး နှာတံအပြင် လည်ပင်းအောက်က အဆီပိုတွေကိုပါ ခွဲထုတ်ခဲ့တယ်လို့ သိရပါတယ်။ "အဓိကက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ပန်ပန် ပြင်ထားပြီးတဲ့ နှာခေါင်းလေးကို follow up လုပ်ဖို့အတွက်ပါ။ ပန်ပန်တို့ အလှအပရေးရာအတွက် ပြင်ချင်တာမှန်သမျှ အဓိက ပံ့ပိုးပေးတဲ့ Grand Esta Myanmar Beauty Center ကို အထူးကျေးဇူးတင်ပါတယ်"…

Published in Health & Beauty

ကျွန်တော်တို့ဘဝကို ခန္ဓာကိုယ်လို့ သဘောထားကြပါစို့။ နေ့စဉ်ရက်ဆက် ဒီခန္ဓာကိုယ်ကို အနာခံ၊ အပင်ပန်းခံပြီး လိုချင်တဲ့ အနေအထားတစ်ခုရောက်အောင် တည်ဆောက်ရတယ်။ ဒီကြားထဲမှာ မကစားချင်လောက်အောင် နာကျင်ခံစားမှုတွေလည်း ရှိတယ်။ တော်ပါပြီကွာ ဆိုပြီး စိတ်လျှော့ခဲ့ရတဲ့ အချိန်တွေလည်း ရှိတယ်။ သို့ပေမယ့် ဖြစ်ချင်တဲ့စိတ်တစ်ခုတည်းနဲ့ နေ့စဉ်ရက်ဆက် ကစားလာတာ ၁ လ ပြည့်ပြီ။ အများကြီးမဟုတ်ရင်တောင် ကိုယ့်ကိုယ်တိုင်တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး စိတ်ချမ်းသာတယ်။ ဘဝဆိုတာလည်း ကိုယ်ဖြစ်ချင်တဲ့အရာကို နေ့စဉ်ရက်ဆက် လုပ်နေရင် တစ် နေ့ဆိုတဲ့ နေ့ကလည်းဖြစ်ကို ဖြစ်လာမှာပါ။ ဘဝဆိုတာ အားကစား လုပ်တာထက် ပိုနက်နဲပါတယ်။ အတိုက်အခိုက်တွေရှိမယ်၊ အမုန်းတရားနဲ့ လူတွေရှိမယ်၊ အဆင်မပြေမှုတွေရှိမယ်၊ သဘောထားချင်း မတိုက်ဆိုင်တဲ့ လူတွေရှိမယ်။…

Published in Features

ဆရာမမေသင်္ကြန်ဟိန်းရဲ့ အတ္ထုပ္ပတ္တိကို ရေးသာထားတဲ့ ‘ကျွန်မကို ချစ်တဲ့သူတွေ…’ စာအုပ်ကို ‘မုန်တိုင်းကို ရင်ဆိုင်ခဲ့သူတွေ..’ အမည်နဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲကို စတင်ရိုက်ကူးတော့မှာပါ။ ဒီဇာတ်လမ်းတွဲကိုတော့ ရွှေမြစ်မခ မီဒီယာဂရုနဲ့ အန်အမ်အက်ဂရု ကုမ္ပဏီတို့က ပူးပေါင်းပြီး ထုတ်လုပ် ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။ “ဇာတ်လမ်းလေးကတော့ တိုင်းပြည် မငြိမ်မသက် ဖြစ်နေတဲ့အချိန်မှာ နိုင်ငံရေး ပါတီအဖွဲ့စည်းတွေ ပေါ်ပေါက်လာတယ်။ အဖေဖြစ်သူက ပါတီဝင် အမေဖြစ်သူက ကျောင်းဆရာမ အဲဒီကနေမှ ဆရာမ မေသင်္ကြန်ဟိန်းကို မွေးဖွားလာတယ်။ ဆရာမက အဖေထောင်ကျသွားတော့ သူ့ဘ၀ကိုသူ ဖြတ်သန်းရတယ်။ အမေဖြစ်သူကလည်း အကူအညီ အပြည့် မပေးနိုင်ဘူး။  အဖေကလည်း ခဏခဏ ထောင်ကျတယ်။ အဲ့လိုနေလာရင်း နေလာရင်းနဲ့ သူ့ရဲ့အချစ်ကို စတွေ့တယ်။…

Published in Daily Life

ဒီပန်းချီပြပွဲကိုတော့ ဇူလိုင် ၁၇ ရက်ကနေ ၁၈ ရက်အထိ Chatrium Hotel Grand Ballroom မှာ နံနက် ၉ နာရီကနေ ည ၉ နာရီအထိ ကျင်းပပြုလုပ်မှာပဲ ဖြစ်ပါတယ်။ ဒီပန်းချီပြပွဲမှာ ပန်းချီဆရာကြီး ဦးမာလာရဲ့ လက်ရာမြောက် ဆီဆေး၊ ရေဆေး ပန်းချီကားတွေ၊ ရှုခင်းပုံတွေ၊ သမိုင်းဝင်အဆောက်အအုံတွေ၊ လူနေမှုဘဝကို ဖော်ကျူးထားတဲ့ပုံတွေ၊ ခေတ်အဆက်ဆက်က မြန်မာအမျိုးသမီးတွေရဲ့ အလှပုံတွေကို အရောင်အသွေးစုံလင်စွာ ရွေးချယ်ပြသထားတာ တွေ့ရပါတယ်။ ဒီပန်းချီပြပွဲနဲ့ ပတ်သက်ပြီး ပန်းချီဆရာကြီး ဦးမာလာက “virgin country လို့ ခေါ်ကြတဲ့ မြန်မာနိုင်ငံရဲ့ လျှို့ဝှက်နေတဲ့ အလှတရားတွေ၊ ယဉ်ကျေးမှုနဲ့ အနုပညာတွေကို တစ်ကမ္ဘာလုံးကို…

Published in Daily Life

SG9 Production က သရုပ်ဆောင်သင်တန်းကို ဇူလိုင် ၂၆ရက်က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသရုပ်ဆောင်သင်တန်းမှာ နယ်ပယ်အသီးသီးက အောင်မြင်ကျော်ကြားသူ ပညာရှင်တွေဖြစ်တဲ့ ငြိမ်းမင်း၊ ဇင်ဝိုင်း၊ ဆွေဇင်ထိုက်၊ မထက်(Pop Soul) ၊ Judson Fish နဲ့ ဇင်အောင်တို့က တာဝန်ယူ သင်ကြားပေးနေပါတယ်။ သင်တန်းမှာတော့ သိထိုက်သိသင့်တဲ့ သရုပ်ဆောင်ပညာရပ်တွေ၊ လူမှုဆက်ဆံရေး၊ အနေအထိုင် ၀တ်စားဆင်ယင်မှုတွေ၊ ကိုယ်ရည်ကိုယ်သွေး မြင့်တက်စေဖို့ Presonal grooming ပညာရပ်တွေ၊ မိတ်ကပ်ရွေးချယ်မှုတွေကို ၂လပြတ် သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။ သင်တန်းကြေးအနေနဲ့ကတော့ တစ်ယောက်ကို ၉သိန်းကျပ် ဖြစ်ပါတယ်။ SG9 Productionအမှတ် ၂၅၁/၂၅၃၊ ၁၂လွှာ၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။ဖုန်း…

တေးသံရှင် နီနီခင်ဇော်နဲ့ တွေ့ဆုံခိုက် လတ်တလော အနုပညာလှုပ်ရှားမှုတွေ၊ တေးသီချင်း အသစ်ဖန်တီးမှုတွေ အကြောင်းကို မေးမြန်းထားပါတယ်။ဂီတနဲ့ ပတ်သက်ပြီး ဖန်တီးမှုအသစ်တွေ ရှိရင် ပြောပြပါဦး။နီနီ ဇွန်လကုန်ရင် သီချင်းအသစ်တစ်ပုဒ် ထွက်ပါမယ်။ အဆွေးသီချင်းလေးပါ။ ဇူလိုင်လထဲမှာလည်း နောက်ထပ် တစ်ပုဒ်ထပ်ထွက်ပါမယ်။ နှစ်ပုဒ်ပေါ့နော်။ နှစ်ပုဒ်လုံးကတော့ နီနီပဲ ရေးထားတယ်။ ဇူလိုင်မှာထွက်မယ့် သီချင်းကတော့ မိုးနဲ့ပတ်သက်တဲ့ သီချင်းပါ။မိုး သီချင်းဆိုတာ ဘယ်လိုပုံစံမျိုးကို ရေးထားတာလဲ။မိုးသီချင်းရေးတုန်းက နီနီ စဉ်းစားနေတုန်း မိုးရွာလိုက်တယ်ပေါ့နော်။ အဲဒီမှာ နီနီ အတွေးတစ်ခု ရလာတယ်။ နီနီရေးချင်တဲ့ အကြောင်းအရာကို ချရေးလိုက်တယ်။ ချရေးလိုက်တော့လည်း စာသားက အရမ်းအဆင်ပြေတယ်။ ပရိသတ်လည်း ကြိုက်ပါလိမ့်မယ်။ အဆွေးဘက် သွားတယ်။ မိုးသီချင်းက ရက်ရက်စက်စက်…

ဧပြီလအတွင်းက “Fat House”ဆိုတဲ့ မီနီအယ်လ်ဘမ် ထွက်ရှိထားတဲ့ အဆိုတော် Ar-Tက အခု တစ်ကိုယ်တော် တေးစီးရီးအသစ်အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ အရင်က ထွက်ရှိထားတဲ့ “ချိုချဉ်” စီးရီးထဲက သီချင်းတွေကိုလည်း အခုအချိန်ထိ ပရိသတ်က အကြိုက်တွေ့နေတာပါ။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး Ar-T ကို MY YANGON က တွေ့ဆုံမေးမြန်းထားပါတယ်။Q - Ar-T ရဲ့လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း ပြောပြပေးပါ။A - အခုက ကျွန်တော် တစ်ကိုယ်တော် အခွေအသစ် လုပ်နေတယ်။ လာမယ့် ၁၄ရက်နေ့မှာ MTV တစ်ပုဒ် ရိုက်ဖို့ ရှိတယ်။ ဒီလကုန်၊ နောက်လဆန်းလောက်မှာ အသစ်တစ်ပုဒ် ထွက်ဖို့ ရှိမယ်။Q…

Page 1 of 5