Wednesday, 22 May 2019 04:00

yote_shin_1.jpg

၂၀၂၀ တွင် ပြည့်မြောက်မည့် ရုပ်ရှင် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ပွဲတော်ကျင်းပနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ရုပ်ရှင်အလွှာအသီးသီးမှ ကိုယ်စားလှယ်များနှင့် အကြံဉာဏ်များ ရယူဆွေးနွေးခြင်းကိုလည်း ရန်ကုန်မြို့ Sky Star Hotel ၌ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

“၁၉၂၀ မှာ စတင်ပေါ်ပေါက်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဟာ ၂၀၂၀ ပြည့်နှစ်မှာတော့ နှစ် ၁၀၀ တိုင်တော့မှာ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အနေနဲ့ နှစ် ၁၀၀ ပြည့်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပဖို့ စီစဉ်နေပါတယ်။ ဒီအတွက် အလွှာအသီးသီးက ရုပ်ရှင်လောကသားတွေရဲ့ အကြံဉာဏ်တွေကိုလည်း ရယူဆွေးနွေးပြီး အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။ မြန်မာ့ရုပ်ရှင် ရာပြည့်ပွဲတော် ကျင်းပဖို့အပြင် ရုပ်ရှင်ရာပြည့်ကနေစပြီး ပိုမိုတိုးတက်ကောင်းမွန်တဲ့ ရုပ်ရှင်ဖန်တီးမှုတွေဖြစ်လာစေဖို့၊ နိုင်ငံတကာအထိ ခြေလှမ်းနိုင်မယ့် မြန်မာရုပ်ရှင်ဇာတ်ကားမျိုးတွေ ရိုက်ကူးဖန်တီးနိုင်ဖို့အထိ ရည်ရွယ်ထားကြတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်လောကသားအားလုံးလည်း ပါဝင်ကြဖို့ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။

ရင်သားကင်ဆာ ကာကွယ်ရန် အသီးအရွက် ပိုမိုစားသုံးသင့်

ယင်းပွဲတော်တွင် ရုပ်ရှင်ဖြတ်သန်းမှု သမိုင်းကြောင်းများအား ပြန်လည်လေ့လာနိုင်မည့် အစီအစဉ်များ၊ မြန်မာ့ရုပ်ရှင်ဖြတ်သန်းမှုတစ်လျှောက် ထင်ရှားအောင်မြင်ခဲ့သူများ၊ မြန်မာ့ရုပ်ရှင်လောကအတွက် ကြိုးပမ်းခဲ့သူများအား ဂုဏ်ပြုသည့် အစီအစဉ်များလည်း ပါဝင်ရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ပွဲတော်၌ ရုပ်ရှင် ချစ်ပရိသတ်များအတွက် အမှတ်တရဖြစ်စေခဲ့သည့် ရုပ်ရှင်ဇာတ်ကားများ၊ ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင်များအား လွမ်းဆွတ်သတိရဂုဏ်ပြုမည့် အစီအစဉ်များလည်း ပါဝင်နိုင်ရန်ပြင်ဆင်နေခြင်းဖြစ်ပြီး လတ်တလောတွင် ဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

Source : Eleven


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.