Friday, 19 April 2019 10:54

PS2.jpg

 

ပြည်သူတွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အသည်းကျော် ထိပ်တန်းအနုပညာရှင်တွေထဲမှာ မင်းသားချော နေတိုး ကတော့ မြန်မာပြည်သူတွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေကို ရရှိထားသူပဲ ဖြစ်ပါတယ်။

အကယ်ဒမီထူးချွန်ဆုတွေနဲ့အတူအောင်မြင်ခိုင်မာတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို သရုပ်ဆောင်ပိုင်နိုင်ကျွမ်းကျင်မှုတွေနဲ့ တည်ငြိမ်ခန့်ညားပြီး ပရော်ဖက်ရှင်နယ်အနုပညာရှင်ပီသမှုတွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုနေရသူဆိုလည်း မမှားပါဘူး။

PS3.jpg

ပြီးခဲ့တဲ့ရက်ပိုင်း နှစ်သစ်အစမှာတော့ နေတိုး၊ ကျော်ကျော်ဗိုလ်၊ အေးမြတ်သူ တို့နဲ့ “ပြုံးရွှင်ရေပျော်ရဲ့လား” မှရုပ်ရှင်အဖွဲ့သားတွေစုပေါင်းပြီး သံဃာတော်တွေကို ဆန်၊ ဆီ၊ ဆားနဲ့ လှူဖွယ်ပစ္စည်းတွေအပြင် ဝတ္တုငွေတွေလည်း ကပ်လှူခဲ့ကြတာ တွေ့ရပါတယ်။

PS4.jpg

ကြည်နူးသာဓုခေါ်စရာ စုပေါင်းအလှူပုံရိပ်လေးတွေကိုလည်း နေတိုး က ချစ်ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက်လည်း ပရိသတ်တွေကို “ ပြုံးရွှင်ရေပျော်ရဲ့လား” ရုပ်ရှင်အဖွဲ့သားများမှနှစ်ဦးအလှူဖြစ်ပါတယ်ခင်ဗျာ၊ ပရိသတ်များအားလုံးအမျှရကြပါစေ နေတိုး ” ဆိုကာ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ မျှဝေထားတာမို့ ပရိသတ်တွေကလည်း ဝမ်းသာအားရသာဓုခေါ် ဆုတောင်းစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်။

PS.jpg

နေတိုးတို့ “ပြုံးရွှင်ရေပျော်ရဲ့လား” ရုပ်ရှင်အဖွဲ့သားတွေရဲ့ အလှူပုံရိပ်လေးတွေကိုလည်း ဝေမျှတင်ဆက်ပေးလိုက်ပါတယ်နော်။


Source: PhoeWa
Photos: နေတိုး


Read 73 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.