Thursday, 14 March 2019 03:27

tdluu-min.jpg

 

Rock သီချင်းကောင်းတွေကို သီဆိုရင်း ပရိသတ်တွေရဲ့ စိတ်နှလုံးကို ညှို့ငင်နိုင်သူ အဆိုတော် သာဒီးလူဟာ လူကြိုက်များအောင်မြင်တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

သာဒီးလူရဲ့ သီချင်းတွေက ပရိသတ်တွေခံစားချက်နဲ့ ထပ်တူကျလွန်းတာကြောင့် အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းတွေသီဆိုတတ်တဲ့ သာဒီးလူဟာ သူသီဆိုတဲ့သီချင်းတိုင်းလိုလို အောင်မြင်တာကိုတွေ့ရပြီး အားပေးသူပရိသတ် အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။

 

thardeeluu-min.jpg

 

ဒိတစ်ခါမှာတော့ သာဒီးလူက သူ့ရဲ့တေးစီးရီးများမှ သီချင်းများကို သူ့တို့ဆီမှာ သီဆိုခွင့် ခွင့်ပြုချက် တစ်စုံတစ်ရာမတောင်းပဲ အခကြေးငွေယူပြီး စင်မြင့်ထက်မှာ ဖျော်ဖြေနေကြတဲ့သူတွေ ရှိနေတာကြောင့် သူ့ဆီမှာ ခွင့်ပြုချက်မတောင်းပဲ အခကြေးငွေယူပြီး စင်မြင့်ထက်မှာ ဖျော်ဖြေနေကြတဲ့သူတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း KSMT Music Production၊ သာဒီးလူ နှင့် The Key Music Band တို့မှ အသိပေးကြေညာထားပါတယ်။

ပရိသတ်များလည်း အဆိုတော် သာဒီးလူရဲ့ သူ့သီချင်းများနဲ့ ပတ်သက်ပြီး အသိပေးလိုက်တဲ့အေကြာင်း သိရလောက်ပြီ ထင်ပါတယ်။

Source: Momolay


Read 82 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.