Thursday, 30 March 2017 08:07

    Escape

    တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်း၊ အင်ဒို ၊ ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်၊ သြစတေးလျ အစရှိတဲ့ နိုင်ငံပေါင်း ၈ နိုင်ငံမှ လာရောက်ကြတဲ့ Travel Blogger အဖွဲ့ခေါင်းဆောင် ၂၂ ဦးကို သတင်းမီဒီယာများနှင့် မိတ်ဆက်ပွဲအစီအစဉ်လေးတစ်ခုကို မတ်၂၃ ရက်၊ နံနက် ၁၁ နာရီမှ နေ့လည် ၁၂ နာရီခွဲအထိ ပြုလုပ်ခဲ့ပါတယ်။

    နေရာကတော့ အမှတ် ၃၃/၃၅၊ ၃၈ လမ်းမှာ ရှိတဲ့ River Gallery ပန်းချီပြခန်းမှာ ကျင်းပခဲ့တာပါ။ ဖေ့စ်ဘုတ်၊ Snapchat ၊ Twitter ၊ Weibo ၊ အင်စတာဂရမ်တွေမှာ ခရီးသွားအတွေ့အကြုံအကြောင်းရေးသားသူတွေဖြစ်တဲ့ ဒီခရီးသွားဘလော့ကာအဖွဲ့ဟာ #escapers ပြိုင်ပွဲလေးတစ်ခုကို သူတို့ရဲ့ အားပေးသူပရိသတ်တစ်ဦးဦးအကူအညီယူပြီး ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။

    ယှဉ်ပြိုင်ကြမယ့် အဖွဲ့ ၁၁ ဖွဲ့ရှိမှာဖြစ်ပြီး ပျော်ရွှင်ဖွယ်ရာကစားနည်းတွေကို ၅ ရက်တာ ယှဉ်ပြိုင်သွားကြမှာပါ။ AccorHotels နဲ့ Scoot – Tigerair တို့ ပူးပေါင်းတင်ဆက်လိုက်တဲ့ ဒီပြိုင်ပွဲလေးကို ၂၀၁၃ ခုနှစ် ဟောင်ကောင်ကနေ စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ စင်္ကာပူ နှင့် ကွင်းစ်လန်း၊ အခု ၂၀၁၇ ပြိုင်ပွဲကို Lion City စားသောက်ဆိုင်နဲ့ Golden Land စတဲ့ နေရာနှစ်ခုမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်သူတွေအနေနဲ့ အစီအစဉ်တစ်ခုလုံးမှာ ခရီးသွားစိန်ခေါ်မှုတွေကို ဖြေရှင်းတာ၊ ဖေ့စ်ဘုတ် အင်စတာဂရမ်တွေကနေ ပရိသတ်တစ်ဦးဦးအကူအညီနဲ့ ပဟေဋိတွေ ဖြေရှင်းတာ၊ လုပ်နေကျအရာကနေ ခွဲထွက်ပြီး ရွှေဒေါင်းဆက်ကပ်မှာ လေ့လာသင်ယူတာတွေကို လုပ်ဆောင် ယှဉ်ပြိုင်သွားကြမှာဖြစ်တယ်လို့ သိရပါတယ်။

    Read More Art Articles Here


    Read 275 times Last modified on Friday, 31 March 2017 08:13
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.