Thursday, 23 February 2017 08:38

15400508 776416162497731 4836139912539790165 n

အနုပညာပျိုးခင်းကနေ အောင်မြင်လာတဲ့ ရွှေမှုံရတီကို သူမရဲ့ ရှေ့ဆက်သွားမယ့် အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး MY Yangon က တွေ့ဆုံမေးမြန်းထားပါတယ်။


ကြီးကြီးကျယ်ကျယ်ဇာတ်ကားမှာ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်အကြောင်းလေးအရင်ဆုံးပြောပြပါဦး။
သဲက အဲဒီကားမှာတော့ယောကျာ်းလျာ ပုံစံသရုပ်ဆောင်ရတယ်။ ကာရိုက်တာတော့ နည်းနည်းကွဲတယ်။ အရင်တုန်းကလည်း အဲလိုမျိုးလုပ်ဖူးပါတယ်။ ဒါပေမယ့် တောယောကျာ်းလျာတော့မလုပ်ဖူးသေးဘူး။ သဲက ဇာတ်ကို ရက် ၂၀ လောက်ကြို ပြီး ရထားတာဆိုတော့ အဲဒီကတည်းက ပြင်ဆင် ထားလိုက်တယ်။

ဆံပင်ပုံစံလေးကလည်း ကွဲထွက်သွားတယ်နော်။
ဟုတ်တယ်။ ဇာတ်ညွှန်း စဖတ်ကတည်းက ယောကျာ်းလေး ဆံပင်ကေကို ညှပ်ဖြစ်ချင်တာ။ သဲအမေကတော့ရော ဒါရိုက်တာကပါ မညှပ်ပါနဲ့ ဆိုတော့လေ။ လိုတော့မလိုဘူးပေါ့လေ။ မိန်းကလေး ပြောင်းရင် ဒုက္ခရောက်မယ်ဆိုလို့ ဆံပင်လေးတွေ ကိုပြန်ပြောင်းဖြစ်တယ်။ ပုဆိုးလေးဝတ်ချင်တယ်လို့ ပြောလိုက်တယ်။ အဲဒါနဲ့ အဆင်ပြေသွားတာပါ။

လက်ရှိကတော့ ဘာဇာတ်ကားတွေရိုက်နေလဲ။ ဘယ်လိုဇာတ်ကားတွေရော လက်ခံထားတာရှိလဲ။
လတ်တလောကတော့ ကားရိုက်တွေရှိပါ တယ်။ အဲဒါတွေ ပြီးသွားရင်တော့ ရုပ်ရှင်ကားကြီးတွေရိုက်ဖို့ရှိပါတယ်။

ကျန်းမာရေးကြောင့် အလုပ်တွေနားမယ်ကြားတယ်။ ဘယ်လိုကြောင့်နားမလဲဆိုတာပြောပြပြပါဦး။
 နားဖို့အတွက်ကတော့ ရက် ၂၀လောက် တော့ အချိန်ယူထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သဲ အဲဒီလောက်ကို နားဖို့ လိုအပ်နေလို့ပါ။ အဓိက သဲကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ဆရာဝန်က ပြောတာက ရက်ရှည်နားဖို့လိုတယ်တဲ့။ ဒါပေမယ့်လည်း သုံးလေးလ တစ်ခါကျရင် ရက်ရှည်တစ်ခါ နားလုပ်ပေးရတယ်။ သဲကအရင်တုန်းက ဆရာဝန်ကို သုံးလနေမှ တစ်ခါပြတယ်။ အခုက အလုပ်များ လာတော့ တစ်လတစ်ခါ တစ်လတွင်း နှစ်ခါတို့ အကြိမ်ရေစိပ်လာတယ်။ ဆေးတွေကလည်း မတိုး လာတော့ဘူး။ ဒီတော့သဲက ဆရာဝန်က မကောင်းဘူးပေါ့နော်။ အသက်ငယ်ငယ်နဲ့ ဆေးတွေ အများကြီးသောက်ရတာဆိုပြီးတော့ ပြောပါတယ်။

ကျန်းမာရေး မကောင်းတဲ့ကြားက အနုပညာအလုပ်ကို လုပ်ရတာဆိုတော့ ဘယ်လိုထိန်းလုပ်ရလဲ။ အနုပညာဆိုတာစိတ်ခံစားချက်ပေါ်လိုက်ပြီးလုပ်ရ တာဆိုတော့လေ။
ဘယ်လိုထိန်းရလဲဆိုတော့ သဲတို့က အလုပ်လုပ်ပြီဆိုတာနဲ့ ဘာမှသိကြတော့တာမဟုတ် ဘူး။ ကျန်းမာရေးတောင်မဟုတ်ဘူး။ အစားစားချိန်၊ အိပ်ချိန်တွေတောင်မသိတော့ဘူးလေ။ ကျန်းမာရေး နဲ့ ပတ်သက်လို့ဆိုပြီး အနုပညာကိုမလျော့ဘူး။ ကိုယ့်ကိုယ်ကိုလည်း မညှာဘူး။

Facebook ပေါ်မှာဟော့သွားတဲ့ ဖက်ရှင်အကြောင်း လေးလည်း ပြောပါဦး။
အဲဒါကတော့ ကောင်းသောအားပေးခြင်းပါ။ မကောင်းသော အားပေးခြင်းဆိုလည်း လက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညီမတို့က အနုပညာရှင်တွေလေ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးအများကြီးတင်ပါ တယ်။ ကောင်းသော ဝေဖန်ခြင်း၊ မကောင်းသော ဝေဖန်ခြင်း အားလုံးကိုလည်း လက်ခံပါတယ်။ သဲက တော့ ခေတ်ရေစီးကြောင်းပေါ် လိုက်ပြီးတော့ အ ဝတ်အစားကို ရွေးတယ်ပဲပြောရမလား။ သဲက အသက်ငယ်တော့ ပိုဆိုးတယ်လေ၊ အဝတ်အစားနဲ့ ပတ်သက်လို့  ခြေအစ ခေါင်းအဆုံးပြင်ရတာကို ကြိုက်တယ်။ ဖက်ရှင်ရှိုးတွေမှာ တွေ့တာကိုခြေဆုံး ခေါင်းဆုံးကို ကြည့်ပြီးတော့ လိုက်ရှာဖြစ်တယ်။အပြောင်းအလဲ လုပ်ဖြစ်တယ်။ ဒါပါပဲ။ ၂၀၁၇ အတွက်ရယ်တော့  ဖက်ရှင်ချိန်းတာ မဟုတ်ဘူး။ အဲဒီလိုပြောရင်လည်းရပါတယ်။ ဖက်ရှင်ပြပွဲတွေ မှာလည်း ရှိတယ်လေ။ ဥပမာ ၂၀၁၆ ဖက်ရှင်နဲ့ ၂၀၁၇ ဖက်ရှင်မတူသလိုပါပဲ။ သဲအဲဒီသဘောကို လေ့လာဖြစ်တဲ့အခါကျတော့ ချိန်းဖြစ်သွားတယ်။ အရပ်အမောင်းနဲ့ လိုက်ဖက်မယ့်ဖက်ရှင်ကိုတော့ပိုကြည့် ဖြစ်တယ်။

ကိုယ်ခန္ဓာအလှနဲ့ ပတ်သက်ပြီးတော့ရော ဘာတွေ ပြုပြင်တာကိုကြိုက်လဲ။
သဲက ကိုယ့်ကိုယ်ကိုယ်သဘောကျတယ်။ အဓိကက ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေဖို့ပဲလိုတယ်လို့ထင်တယ်။ ဒါကတော့ မိန်းကလေးတိုင်းအတွက်ပါ။  ကိုယ့်ကိုယ်လှတယ်လို့ ထင်တဲ့အတွက် ဝေဖန်တာကိုလက်ခံပါတယ်။ ထောက်ပြပေးတဲ့အတွက် ကိုယ်လည်းလိုအပ်တာကိုလည်း လေ့ကျင့်ခန်းတွေ လုပ်သွားဖို့ရှိပါတယ်။ ကျေးဇူးတင်ပါတယ်။ ကိုယ့်ကိုယ်ကို ကျေနပ်တယ်။ ယုံကြည်မှုရှိတယ်ပေါ့။

ရွှေမှုံကို လူမှုကွန်ယက်မှာပြောတာတွေကို ပြန်ပြီး တုန့်ပြန်လေ့မရှိဘူးနော်။
ကိုယ်က ဝါသနာမပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သဲတို့ အနုပညာသမားဆိုတာက ဝေဖန်ခံရမှာပဲဆိုတော့ အချစ်ခံရမယ်၊ အမုန်းခံရမယ်။ အဲဒါ တွေအားလုံးအတွက် ခံနိုင်ရည်ရှိမှ အနုပညာလောကထဲကိုဝင်ခဲ့ပါ။ Facebook စကားလိုပေါ့နော်။ သဲအနုပညာလောကထဲ ရောက်နေတာ အဲဒါတွေကို ခံနိုင်ရည်ရှိလို့ပါ။ ကောမန့်တွေကိုဖတ်တယ်။ ဘယ်လိုမှ တော့ မခံစားရဘူး။ စိတ်လည်းမဆိုးဘူး။ စိတ် လည်းမတိုဘူး။ ဒီအတိုင်းလေးပဲ။

အချစ်ရေးကိုပွင့်ပွင့်လင်းလင်းပြောပြထားတာက ရော..။
သဲအဓိက,က စိတ်ခံစားချက်နဲ့သွားတာ ဆိုတော့။ စိတ်ပါလို့ ပြောပြဖြစ်လိုက်တာပါ။ ကျန်တာ တော့ ထွေထွေထူးထူးမရှိပါဘူး။ အချစ်ကစိတ်အနှောင့်အယှက်မပေးတာတော့ သေချာတယ်။ ညီမအလုပ်ကောင်းကောင်းလုပ်လို့ရတယ်။

ခိုင်ဇာသွင်

Read More Celebrity Interviews Here


Read times Last modified on Friday, 24 February 2017 10:05
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.