2019 ဆီးဂိမ်းအတွက် ယှဉ်ပြိုင်ရမည့် e-Sports စာရင်းများ ထွက်ပြီ(Yangon Trends)

2019 ဆီးဂိမ်းအတွက် ယှဉ်ပြိုင်ရမည့် e-Sports စာရင်းများ ထွက်ပြီ

၂၀၁၉ ခုနှစ် ဆီးဂိမ်းမှာတော့ Dota 2, NBA 2K, Tekken 7 နဲ့ Hearthstone တို့ကို eSports အနေနဲ့ ထည့်သွင်းပြီးတော့ ရွှေတံဆိပ်ဆုချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

Mobile Legends Southeast Asia Cup 2018 Myanmar Open Qualifiers အတွက် Register စတင်ပြုလုပ်နိုင်(Best of Yangon...)

Mobile Legends Southeast Asia Cup 2018 Myanmar Open Qualifiers အတွက် Register စတင်ပြုလုပ်နိုင်

        အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Mobile Legends Southeast Asia Cup 2018 Myanmar Open Qualifiers အတွက် Register စတင်ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲမှာ အနိုင်ရရှိတဲ့ အသင်းကို ဆုကြေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၀၀၀ ချီးမြှင့်မှာဖြစ်ပြီး မြန်မာနိုင်ငံမှ ကိုယ်စားပြုအသင်းတစ်သင်းက ၀င်ရောက်ယှဉ် ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။       ဒီလို ၀င်ရောက်ယှဉ်ပြိုင် နိုင်ဖို့အတွက် အရင်ဆုံး မြန်မာနိုင်ငံအတွင်းမှာ Online Qualifiers ပွဲစဉ်တွေကို June 25 ရက်နေ့ကနေ July 1 ရက်နေ့ အထိ ကစားရမှာ ဖြစ်ပါတယ်။ နောက်ဆုံး Final Qualifiers…

ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး လုပ်ရှားမှုတွင်  မြန်မာ့အနုပညာရှင်တွေ ပူးပေါင်းပါဝင်(Best of Yangon...)

ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး လုပ်ရှားမှုတွင် မြန်မာ့အနုပညာရှင်တွေ ပူးပေါင်းပါဝင်

          ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ရေး အမျိုးသားအဆင့် အများပြည်သူ အသိပညာပေး လှုပ်ရှားမှုအစီအစဉ်မှာ နိုင်ငံကျော် အနုပညာရှင်တွေ ဖြစ်တဲ့ အကယ်ဒမီများဆုရှင် ဆွေဇင်ထိုက် (အန်တီဂရေ့စ်)၊ တေးသံရှင် ဇွဲပြည့်၊ ဖက်ရှင်ဒီဇိုင်နာ မပုံ့၊ အလှအပရေးရာ ဖန်တီးရှင် ခင်စန်းဝင်းနဲ့ မော်ဒယ်လ် နှင်းရည်လွင်တို့ကပူးပေါင်းပါဝင် သွားမှာ ဖြစ်ပါတယ်။      အဆိုပါ အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်သံဗီဒီယို ၅ ကားဟာ ပလတ်စတစ် ညစ်ညမ်းမှုနဲ့ ဆိုးကျိုးတွေ အကြောင်းကို အများပြည်သူတွေ အကျယ်တဝင့် သိရှိစေဖို့ မီးမောင်းထိုး တင်ဆက်ပြသထားခြင်းဖြစ်ပြီး ထိုဗီဒီယို ဇာတ်လမ်းတိုတွေဟာ ဥရောပသမဂ္ဂအဖွဲ့ရဲ့ ပံ့ပိုးကူညီမှုနဲ့ သန့်မြန်မာမှ ဖန်တီးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။   …

ပလတ်စတစ် ညစ်ညမ်းမှု လျော့ကျရေးအတွက် ဝိုင်းဝန်းကူညီကြဖို့ သန့်မြန်မာ လှုံ့ဆော်(Best of Yangon...)

ပလတ်စတစ် ညစ်ညမ်းမှု လျော့ကျရေးအတွက် ဝိုင်းဝန်းကူညီကြဖို့ သန့်မြန်မာ လှုံ့ဆော်

          လူထုအခြေပြု လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ သန့်မြန်မာဟာ ပိုမိုသန့်ရှင်းတဲ့ မြန်မာနိုင်ငံကို ဦးတည်လျှောက်လမ်းဖို့နဲ့ ပလတ်စတစ် ညစ်ညမ်းမှု လျော့ချဖို့အတွက် အများပြည်သူတို့ ပူးပေါင်းပါဝင်ကာ အလေးအနက် ဆောင်ရွက်သွားဖို့ကို တိုက်တွန်း ထားပါတယ်။           သန့်မြန်မာရဲ့ လေ့လာတွေ့ရှိချက် တွေအရ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတဲ့ ပလတ်စတစ် ညစ်ညမ်းမှုဟာ တစ်ကမ္ဘာလုံး အတိုင်းအတာအရ တစ်ဦးချင်းစီသော်လည်းကောင်း အစုလိုက်သော်လည်းကောင်း နေ့စဉ်သုံးစွဲနေတဲ့ ပလတ်စတစ် အိတ်တွေ၊ ဖျော်ရည်ပိုက်တွေနဲ့ ပလတ်စတစ် ရေဗူးတွေ စတဲ့ ထုတ်လုပ်မှုတွေမှာ တစ်နှစ်လျှင် ပလတ်စတစ် သန်းပေါင်း တန် ၃၀၀ ခန့် ထုတ်လုပ်လျှက် ရှိတယ်လို့ သိရပါတယ်။           “ကျွန်မတို့အနေနဲ့ ပလတ်စတစ်တွေကို တစ်ခါသုံးပြီးတာနဲ့ လွှင့်ပစ်လိုက်တဲ့…

Spotlights

(February 22, 2020 19:00)

87042664_121553979406835_8209290680145543168_o.jpg

(Zawgyi)

အခုလာမယ့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ တစ်ခေတ်တစ်ခါက အောင်မြင်ကောျ်ကြားခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ ဗဒင်အတွက် လွမ်းဆွက်ဖွယ် ဂီတပွဲလေးတစ်ခု ရှိနေပါတယ်။


ဗဒင်ကွယ်လွန်ခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ မပြုလုပ်ဖြစ်တာကြောင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

ကျင်းပမယ့် နေရာကတော့ ရန်ကုန်မြို့၊ ရွှေဂုံတိုင်က Galleria 9 Cafe and Restaurant မှာဖြစ်ပြီး ည ၇ နာရီကနေ ၁၁ နာရီအထိ ဂီတသံစဉ်တွေနဲ့ ပြည့်နက်နေမှာပါ။

"ပျိုပျိုမေရဲ့ သိုးမည်းကြီး" ပွဲမှာ ပါဝင်သီဆိုကြမယ့်သူတွေကတော့ သော်ဖိလုဒင်၊ Chit Min၊ EDSM ၊ Fun Band ၊ Ko Pa Loung ၊ Sunrise 18 ၊ The Apple-Jack ၊ The Beautiful Sperms၊ The Peacists၊ Zoey တို့ပဲ ဖြစ်ပါတယ်။

လမ်းမပေါ်က ဂစ်တာဝိုင်းတွေမှာ မပါမဖြစ်သီချင်းတွေရဲ့ ပိုင်ရှင် တေးရေး၊ တေးဆို ဗဒင်ဟာ တစ်ချိန်က ပေါခ့်သီချင်းပေါင်းများစွာကို သီဆိုခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ကိုယ်ပိုင်သံစဉ်တွေ ဖန်တီးခဲ့တဲ့ အဆိုတော်ဗဒင်ရဲ့ နေရာ-၂ စီးရီးဟာ မြန်မာ့ဂီတသမိုင်းမှာ ရောင်းအားအကောင်းဆုံး စာရင်းဝင်ခဲ့ပါတယ်။

အဆိုတော်ဗဒင်ဟာ တေးသီချင်းစီးရီး (၄) ခွေ ထုတ်ဝေပြီး အောင်မြင်နေချိန်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။

ပွဲအကြောင်းအသေးစိတ်သိရှိလိုပါက- http://bit.ly/2HDgPgw မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

=============================================

(Unicode)

"ပျိုပျိုမေရဲ့ သိုးမည်းကြီး" အမည်ရ ဗဒင်ကိုလွမ်းကြမယ့် ညတစ်ည

အခုလာမယ့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ ဗဒင်အတွက် လွမ်းဆွက်ဖွယ် ဂီတပွဲလေးတစ်ခု ရှိနေပါတယ်။







(February 22, 2020 15:00)

83885369_1207276796128923_3199568322748219392_o.jpg










Psyche (My Yangon)

====================================================

(Unicode)

JOOX နဲ့ We Events တို့ ပူးပေါင်းပြီး ပထမဆုံးအကြိမ် ကျင်းပမယ့် "Myanmar Top 100" ဂီတပွဲတော်

JOOX နဲ့ We Events က စီစဉ်ကျင်းပတဲ့ "Myanmar Top 100" ဂီတပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park မှာ ညနေ ၃ နာရီကနေ ည ၁၂ နာရီအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

"Myanmar Top 100" ဂီတပွဲတော်ကြီးမှာ ပါဝင်ဖျော်ဖြေသွားမယ့် ပရိတ်သတ်အချစ်တော်အဆိုတော်တွေကတော့ Big Bag ၊ လွှမ်းပိုင်၊ Ar-T ၊ ရွှေထူး ၊ X-Boxin ၊ Oasix ၊ Eternal Gosh ၊ Team 143 ၊ Shine ၊ ဝိုင်းစုခိုင်သိန်း ၊ နီနီခင်ဇော် ၊ အိုင်ရင်းဇင်မာမြင့် ၊ ချမ်းမြေ့မောင်ချို ၊ Grace တို့က ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။

"Myanmar Top 100" ဂီတပွဲတော်ကြီးမှာ အရသာရှိတဲ့ အစားအသောက်တွေရောင်းချမယ့် မုန့်ဈေးတန်းအပြင် ပျော်စရာဂိမ်းအစီအစဉ်တွေလည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။

လက်မှတ်ဈေးနူန်းတွေကတော့ Special Early Bird Ticket တွေအနေနဲ့

Special GA Early bird Ticket – 5,000 Kyats

Special VVIP Early Bird Ticket – 25,000 Kyats (Free Snacks & Two Beer Cans) တို့ သတ်မှတ်ထားပါတယ်။

ကြိုတင်လက်မှတ်တွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ JCGV Junction City နဲ့ JCGV City Mall တို့မှာ ဝယ်ယူနိုင်ပါတယ်။

အသေးစိတ်သိရှိလိုပါက>>> http://bit.ly/3bi5Ma1

(February 22, 2020 13:00)

83889181_2762408983781742_6459993029250908160_o.jpg

(Zawgyi)

ဖက်ရှင်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားနေသူတွေအတွက် Miba University (10th Mile Campus) မှာ ကျင်းပမယ့် “How Fashion influences my daily life” ဆိုတဲ့ ပွဲလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။


ဖက်ရှင်က လူတစ်ယောက်အတွက် နေ့စဉ်ဘဝမှာ ဘယ်လောက်အထိ အရေးပါလည်းဆိုတာကို ပုံဖော်ပြောကြားပေးမယ့် စကားဝိုင်းလေး တစ်ခုလည်း ဖြစ်ပါတယ်။

“How Fashion influences my daily life” စကားဝိုင်းမှာ ပြောပြသွားမယ့် အကြောင်းအရာတွေကတော့ ဖက်ရှင်ကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေသလို တစ်ခါတစ်လေမှာလည်း ယုံကြည်မှုပျောက်စေတဲ့ လွဲမှားတက်တဲ့ ဖက်ရှင်တွေအကြောင်း၊

လူတစ်ယောက်ကို ဖက်ရှင်က ဘယ်လောက်ပံ့ပိုးပေးနိုင်လဲဆိုတာတွေ၊ နေ့စဉ်ဘဝအတွက် ဖက်ရှင်ဟာ သင့်ကို ဘယ်လောက်လွှမ်းမိုးထားလည်း၊ ခေတ်နဲ့အညီ တိုးတက်နေတဲ့ ဖက်ရှင်ရေစီးကြောင်းအပေါ်လိုက်ပြီး ကိုယ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်ကို ရွေးချယ်နည်းတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီပွဲလေးမှာ ပါဝင်ဆွေးနွေးသွားမယ့် လူတွေကတော့ Miss Asia Pacific World သရဖူရရှိခဲ့ပြီး Asia Next Top Model Season-4 မှာ Top (7)အထိ ပါဝင်ခဲ့တဲ့ နာမည်ကျော်အလှမယ် မေမြတ်နိုး၊

မြန်မာပြည်ရဲ့ နာမည်ကြီး ဖက်ရှင် Stylist တွေထဲက တစ်ယောက်ဖြစ်သူ Judson Fish ၊ ဖက်ရှင်နဲ့ ပတ်သတ်တဲ့ ဆောင်ရန်ရှောင်ရန်တွေ၊ Update တွေ၊ ဖက်ရှင်ကျကျနေထိုင်နည်း Tips တွေကို လူမှုကွန်ရက်မှာ မျှဝေပေးနေသူ "I am Fashion" ရဲ့ ပဲ့ကိုင်ရှင် မေသော်တို့ပဲ ဖြစ်ပါတယ်။

ကျင်းပမယ့်နေ့ရက်ကတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ (စနေနေ့)၊ နေ့လည် ၁ နာရီကနေ ၃ နာရီပဲ ဖြစ်ပါတယ်။

လိပ်စာအပြည့်အစုံ- အမှတ် (၆၈၁)၊ ပြည်လမ်း၊ ၁၀ မိုင်၊ စော်ဘွားကြီးကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

အခမဲ့ တက်ရောက်ခွင့်ဖြစ်တာကြောင့် လူဦးရေ ကန့်သတ်ထားပါတယ်။

စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ (09 2666 33670, 09 266 633 674) စတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်နိုင်ပြီး အသေးစိတ်ထပ်မံသိရှိလိုပါက- http://bit.ly/2uR3UET မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

==================================================

(Unicode)

ဖက်ရှင်ကို စိတ်ဝင်စားသူတိုင်း အခမဲ့တက်ရောက်ခွင့်ရမယ့် “How Fashion influences my daily life”











The Latest

ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၁၉၈၅ ခုနှစ် (မူကွဲ - ၁၉၄၀ ခုနှစ်) တွင်စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးအတွင်းတွင် တည်ရှိသည်။

Saturday, 22 February 2020 08:01


ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)မှ ဖွင့်လှစ်သင်ကြားပေးနေသော အထူးယာဉ်မောင်းသင်တန်းမှ သင်တန်းဆင်း ယာဉ်မောင်း ၂,၀၀၀ ကျော်သည် YBS ယာဉ်လိုင်းများအတွင်း ဝင်ရောက်မောင်းနှင်နေပြီဖြစ်ကြောင်း သိရသည်။

Friday, 21 February 2020 11:00


ရန်ကုန်မြို့၊ လသာမြို့နယ်၊ အမှတ်(၂) ရပ်ကွက် လမ်းမတော်လမ်းရှိ သံဈေးတွင် ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၆ နာရီ ၁၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားရာ ဈေးဆိုင်ခန်း ၄၂ ခန်း မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

Friday, 21 February 2020 04:43


My Yangon Download