Friday, 06 September 2019 07:42

myanauto_2.jpg

မြန်မာ့နံပါတ်(၁) မော်တော်ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ ဘတ်စ်ကားကြီးများနှင့် ကုန်တင်ယာဉ်ကြီးတို့အတွက် အပိုပစ္စည်းဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲကြီးကို သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းနှင့် သုမနလမ်းထောင့်ရှိ Myanmar Expo Hall တွင်ကျင်းပပြုလုပ်လျက်ရှိပါတယ်။

စက်တင်ဘာလ ၆ ရက် ယနေ့မနက်ပိုင်းက ပြပွဲကို စတင်ဖွင့်လှစ်ခဲ့ပြီး စက်တင်ဘာလ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

myanauto4.jpg

ယင်းပြပွဲ၌ 3M ၊ MADP ၊ IGM အပါအဝင် နိုင်ငံတကာကုမ္ပဏီများမှ လာရောက်ပြသလျက်ရှိပြီး ယာဉ်အပိုပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာလုပ်ငန်းများအတွက် လိုအပ်သော ပစ္စည်းများကို တစ်နေရာတည်းတွင် လေ့လာရယူနိုင်မှာပဲဖြစ်ပါတယ်။ နောက်ထပ်ထူးခြားတာကတော့ မက္ကနစ်များအတွက် ကျွမ်းကျင်မှုများကို စမ်းသပ်စစ်ဆေး ယှဉ်ပြိုင်နိုင်ရန် စိတ်လှုပ်ရှားဖွယ်ကောင်းပြီး စိန်ခေါ်မှုများနဲ့ ပြည့်နက်နေတဲ့ MYANAUTO TOP MECHANIC CHALLENGE လဲပါဝင်နေတာ ဖြစ်တဲ့အတွက် ပါဝင်ယှဉ်ပြိုင်လိုသူများပါ သွားရောက်လေ့လာနိုင်ပါတယ်။

myanauto3.jpg

မိမိ ကိုယ်တိုင် ကားရေဆေးတဲ့အခါ သတိပြုသင့်တဲ့အချက် (၈) ချက်

source automobile directory

 


Read times Last modified on Friday, 06 September 2019 10:35
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.