Tuesday, 07 May 2019 11:30

 

 

Screenshot from 2019 05 07 18 11 20

 

ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေသည် မေ ၅ ရက်ညပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မေ ၆ ရက်တွင် အကယ်ဒမီဒါရိုက်တာ စင်ရော်မောင်မောင်နှင့် Tea Art ကြော်ငြာရိုက်ကူးခဲ့ကြောင်း သိရသည်။ မေ ၇ ရက်ညနေပိုင်းတွင် မြန်မာပလာဇာပရိုမိုးရှင်းဧရိယာ၌ ပရိသတ်များနှင့် ရင်းနှီးစွာတွေ့ဆုံရန်လည်း စီစဉ်ထားကြောင်း သိရသည်။

အခုလိုလာခွင့်ရတာ အရမ်းဂုဏ်ယူရသလို Tea Art ကလည်းအခုလိုကြိုဆိုပေးတဲ့အတွက် အရမ်းပျော်ပါတယ်။ မြန်မာနိုင်ငံကိုလည်း အရမ်းချစ်ပါတယ်။ ဒီကိုလာတိုင်းလည်း မြန်မာပရိသတ်တွေက ရင်းနှီးနွေးထွေးစွာကြိုဆိုပေးကြလို့ အရမ်းပျော်ပါတယ်။ မြန်မာပရိသတ်တွေကအရမ်းလည်း ချစ်စရာကောင်းသလို ဒီကိုလာတိုင်းလည်းလှိုက်လှဲစွာကြိုဆိုပေးကြလို့ပါ။ အခုရိုက်ခွင့်ရမယ့် TVC မှာလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။ ပရိသတ်တွေနဲ့တွေ့ဆုံရမယ့် အစီအစဉ်လည်းရှိတော့ အရမ်းရင်ခုန်နေပါတယ်။ လာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ် ဟုငုရင်ထရန်ဟုရန်မေက ဆိုသည်။

မြို့ ပြရဲ့ မွန်းကျပ်မှုတွေကနေ ခဏတာရုန်းထွက်နိုင်မယ့် ရန်ကုန်မြစ်ထဲက Yangon Water Bus

Tea Art Co.,Ltd ၏ တာမိုးညဲ(ဝူးလုံ)လက်ဖက်ခြောက်၏ ပရိုမိုးရှင်းအစီအစဉ်သို့ ငုရင်ထရန်ဟုရန်မေက တက်ရောက်မည်ဖြစ်ကာ ပရိသတ်များနှင့် ရင်းနှီးစွာတွေ့ဆုံရန်စီစဉ်ထားခြင်းဖြစ်သည်။ ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေသည် မြန်မာပရိသတ်များကြားတွင် ရင်းနှီးအားပေးမှုရရှိထားသူဖြစ်ကာ ဒါရိုက်တာသြရသ ရိုက်ကူးထားသည့် ‘တိမ်တိုက်တံတား’ ဇာတ်ကားတွင်လည်း ပါဝင်သရုပ်ဆောင်ထားသည်။ ယခု တစ်ကြိမ်တွင် TVC ရိုက်ကူးရန် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

Source : Eleven


Read times Last modified on Wednesday, 08 May 2019 03:13
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.