Tuesday, 07 May 2019 03:55

 

Akyite_Pyaw_Photo.jpg

MPT အသုံးပြုသူများအနေဖြင့် MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်းကို အချိန်ကြာကြာ အသုံးပြုနိုင်မည့် Voice Pack ဝန်ဆောင်မှုအသစ်ကို ဈေးနှုန်းချိုသာစွာဖြင့် အသုံးပြုနိုင်တော့မည်ဖြစ်သည်။

MPT က နိုင်ငံတစ်ဝှမ်းရှိ သုံးစွဲသူများအတွက် ၁ မိနစ်လျှင် ၆ကျပ်နှုန်းသာကျသင့်မည့် အကြိုက်ပြော Voice Pack ဝန်ဆောင်မှုကို ၂၀၁၉ ခုနှစ်၊ မေလ (၆)ရက်နေ့မှ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

MPT ၏ GSM/ WCDMA သုံးစွဲသူများအနေဖြင့် အဆိုပါ Voice Packကို မိမိတို့ နှစ်သက်ရာ ၇ ရက်၊ ရက် ၃၀၊ ရက် ၉၀ ဟူ၍ နှစ်သက်ရာရွေးချယ်ပြီး *600# သို့ခေါ်ဆိုခြင်းဖြင့် ဈေးနှုန်းသက်သာ၍ ပိုမိုကောင်းမွန်သော Voice ပက်ကေ့ခ်ျများကို သုံးစွဲသူများက စိတ်တိုင်းကျ ရွေးချယ်သုံးစွဲနိုင်မည်ဖြစ်ပြီး MPT အချင်းချင်း (ကြိုးဖုန်းအပါအဝင်) ဖုန်းခေါ်ဆိုမှုများကို ပြုလုပ်နိုင်ပြီဖြစ်သည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “ ဖုန်းပြောဆိုခြင်းဟာဆိုရင် ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေမှာ မရှိမဖြစ်အရေးပါတဲ့ ကိစ္စဖြစ်နေပါတယ်။ ဒီ Voice Pack အသစ်ဟာဆိုရင် ကျွန်တော်တို့တန်ဖိုးထားရတဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် သုံးစွဲသူတွေရဲ့ တုံ့ပြန်ချက်တွေပေါ်မှာလုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ မြန်မာနှစ်သစ်ရဲ့ပထမဦးဆုံး လက်ဆောင်အနေနဲ့ “အကြိုက်ပြော” Voice Pack ဝန်ဆောင်မှုကနေ တစ်ဆင့် ပြည်သူတွေရဲ့ ဆက်သွယ်ရေးဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်“ ဟုပြောကြားခဲ့သည်။

အကြိုက်ပြော Voice Pack ဝန်ဆောင်မှု အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Screenshot_from_2019-05-07_10-12-43.png

ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက MPT ၏ Call Centre နံပါတ် ၁၀၆ သို့ ခေါ်ဆိုခြင်း သို့မဟုတ် MPT၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သည့် www.mpt.com.mm၊ သို့မဟုတ် တရားဝင် facebook စာမျက်နှာ https://www.facebook.com/mptofficialpage ကိုဆက်သွယ်၍မေးမြန်းနိုင်ပါသည်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.