Friday, 03 May 2019 09:55

Facebook ရဲ့ လူမှုမီဒီယာဆော့ဖ်ဝဲများအတွက် အပြောင်းအလဲများကို Mark Zukerberg က ကြေညာခဲ့သည်။

အသုံးပြုသူများရဲ့အချက်အလက်များကို Facebook ကကာကွယ်ပေးတာနဲ့ပတ်သက်ပြီးဝေဖန်ခံရမှုကို တိုက်ရိုက်တုန့်ပြန်သောအားဖြင့် Facebook ဟာ Instagram နဲ့ Whatsapp တို့အပါအဝင် လှုမှုကွန်ယက်အာလုံးအတွက် ဒီဇိုင်းအသစ်များ၊ နည်းပညာအသစ်များကို ထုတ်ပြန်ခဲ့သည်။

Instagram တွင် ကြည့်ရှုသူများက Post တစ်ခုမှာ Like ဘယ်လောက်ရလဲဆိုတာကို ဖုံးကွယ်ရန်အတွက် Private Like acount နည်းပညာကို အသုံးပြုမှာဖြစ်ပြီး Whatsapp မှာတော့ လုံခြုံစိတ်ချရသည့် ငွေပေးချေဝန်ဆောင်မှုကို စတင်မိတ်ဆက်သွားမှာဖြစ်သည်။

Messenger မှ ပေးပို့သော အကြောင်းအရာများကိုလည်း Facebook က လုံးဝကြည့်ရှုတော့မှာ မဟုတ်ကြောင်းကြေညာခဲ့သည်။ Facebook တွင်လည်း Group များကို အဓိကထားဆောင်ရွက်တဲ့ ဒီဇိုင်းတွေကို အသုံးပြုသွားမှာဖြစ်ပြီး Group အချင်းချင်းသီးသန့်ဆက်သွယ်မှုကို ပိုမိုအလေးပေးဆောင်ရွက်သွားမှာဖြစ်သည်။secret crush min

သက်ဆိုင်ရာ စိတ်ဝင်စားမှုတူကြသူချင်း ဆက်နွယ်မှုအတွက် Meet New Friends နည်းပညာကို Facebook က တဖြည်းဖြည်းချင်း မိတ်ဆက်သွားမှာဖြစ်သည်။ ထို့အပြင် Facebook တွင် အောင်သွယ်နည်းပညာအသစ်ဖြစ်သော Secret Crush ကိုလည်း ဖိလစ်ပိုင်၊ စင်ကာပူ၊ ဘရာဇီး နဲ့ ချီလီ အပါအဝင် ၁၄ နိုင်ငံကို ချဲ့ထွင်သွားမယ်လို့ သိရသည်။

Source : Myanmar Advertising Directory


Read times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.